Header Ads

ဒီရာသီချန်ပီယံလိပ်မှာဗိုလ်စွဲမယ့်အသင်းကိုခန့် မှန်းလိုက်တဲ့ပိုချက်တီနို

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ မန်နေဂျာ မော်ရီစီယို ပိုချက်တီနို က ဘာစီလိုနာ အသင်းဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို ပိုင်ဆိုင် ထားတာကြောင့် ဒီရာသီ ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲနိုင်ဖို့ အတွက် ရေပန်း အစားဆုံး ဖြစ်တယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ်။
မက်ဆီ ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေ မှာတော့ အတောက်ပြောင်ဆုံး စွမ်းဆောင်ရည်ကို ပြသနေ ခဲ့ပြီး ပြီးခဲ့တဲ့ ကြားရက်က နူးကမ့်မှာ ဘာစီလိုနာ က လီယွန်ကို နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းကာ ဂိုးဖန်တီး ပေးနိုင် ခဲ့သလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကလည်း ဘက်တစ်ကို အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူ ပေးခဲ့ပြီး အထူး ခြေစွမ်းပြ ကစား ခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ ဥရောပ ရဲ့ နာမည်ကြီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ခရစ်စတီယာနို ရော်နယ်ဒို ဦးဆောင်နေတဲ့ ဂျူဗင်တပ် အသင်း နဲ့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဒုတိယ ဆုရှင် လီဗာပူး တို့ပါဝင် နေပေမယ့်လည်း ပိုချက်တီနို ကတော့ သူ့ရဲ့ တစ်နိုင်ငံတည်းသာ ဖြစ်သူ မက်ဆီ ပါဝင်နေတာဟာ ကတ်တလန် ကလပ်ကို အခြား အသင်းတွေထက် နှာတစ်ဖျား အသာ ရစေ တယ်လို့ ယုံကြည် နေပါတယ်။

ပိုချက်တီနို ကဒိရာသီ ချန်ပီယံလိဂ် ဖလား ကို ဗိုလ်စွဲ နိုင်ဖို့ အတွက် ရေပန်း အစားဆုံး အသင်း တစ်သင်း ရှိနေတယ် ဆိုရင် ဒါဟာ ဘာစီလိုနာ အသင်းပဲ ဖြစ်ပါတယ်။ သူတို့မှာ အရည်အသွေး အရမ်း မြင့်မားတဲ့ ကစားသမားတွေ ပိုင်ဆိုင် ထားတဲ့ အပြင် မက်ဆီလို ပါရမီရှင် တစ်ဦး နဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦးလည်း ပါဝင် နေပါတယ်။
ဘာစီလိုနာ အသင်းဟာ အရမ်းကို ကောင်းတဲ့ အသင်းဖြစ်ပြီး သာမန်ထက် ထူးကဲတဲ့ ဘောလုံး သမားတွေ ရှိနေပါတ်ယ။ ဒါပေမယ့် သူတို့ဟာ မက်ဆီ လိုမျိုး ပါရမီရှင် ကစားသမား တစ်ဦး အခြားသူတွေနဲ့ ကွဲပြား ခြားနားကာ သာမန်ထက် ထူးကဲပြီး အနှိုင်းမဲ့ ကစားသမားလည်း ရှိနေ ပါတယ်။
မက်ဆီ ဟာ အခြားသူတွေ မျှော်လင့် မထားတဲ့ အရာတွေကို လုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အမြဲတမ်း အံ့အား သင့်နေစေတာ ကတော့ မက်ဆီရဲ့ ကာလရှည် တည်ငြိမ်တဲ့ ခြေစွမ်း ပါပဲ။ သူဟာ အမြဲလိုလို အကောင်းဆုံး လုပ်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ နှစ် ၁၂ နှစ်အတွင်း မှာ ရက် ဒါမှမဟုတ် ရက် ကန်ရတဲ့ ပွဲတွေမှာ ဒီလို တောက်လျှောက် လုပ်ပြ ခဲ့တာပါ။လို့ ဆိုသွား ပါတယ်

ဘာစီလိုနာ အသင်းဟာ ကွာတားဖိုင်နယ် အဆင့် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံ နေပြီး တော့တင်ဟမ် ကတော့ နောက်ဆုံး ရှစ်သင်း အဆင့်မှာ ပြည်တွင်းပြိုင်ဘက် အသင်း ဖြစ်တဲ့ ပက်ဂွာဒီယိုလာ ရဲ့ စီးတီး နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။
အာဂျင်တီးနား နည်းပြက ပရီးမီးယားလိဂ် ချန်ပီယံ နဲ့ ကစား သွား၇မယ့် ပွဲစဉ်မှာ တော့တင်ဟမ် ရဲ့ ကွင်းသစ်ကြီး မှာ ကစား ရမှာ ဖြစ်တာကြောင့် ဒါဟာ အသင်းကို ပိုမို အားတက်စေမယ်လို့ ခံစား မိနေပါတယ်။

ပိုချက်တီနို ကပရီးမီးယားလိဂ် ကလပ် လေးသင်း စလုံးဟာ ကွာတားဖိုင်နယ်မှာ အချင်းချင်း ပြန်လည် မတွေ့ဆုံဖို့ အတွက် ဆန္ဒ ရှိကြပါတယ်။ ဒါပေမယ့် မဲကျတဲ့ အတိုင်း ပဲပေါ့။ စီးတီးဟာ အောင်မြင်မှုတွေ ရဖို့ အတွက် တည်ဆောက် ထားတဲ့ အသင်း ဖြစ်ပါတယ်။ ပက်ရောက်လာပြီးမှာ မဟုတ်ပါဘူး။ ရော်ဘတ်တို မန်စီနီ နဲ့ မန်နူရယ် ပယ်လီဂရီနီ တို့ရဲ့ လက်ထက် မှာ ကတည်းက ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ကို ကျွန်တော်တို့ရဲ့ ကွင်းသစ်ကြီးမှာ လက်ခံ ကစား သွားရမှာ ဖြစ်တာကြောင့် သူတို့ဟာ ပရိတ်သတ် သောင်း ထောင် လောက်ရဲ့ စွမ်းအင်တွေ ရရှိ ထားတဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။လို့ ဆိုသွား ပါတယ်

တော့တင်ဟမ်ဟာ ဧပြီလ ရက်နေ့မှာ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး နောက်ထပ် ရက် အကြာမှာတော့ အီတီဟတ် မှာ ဒုတိယ အကျော့ ကစား ရမှာ ဖြစ်ပါတယ်။

(Unicode)

No comments

Powered by Blogger.