လီဗာပူးလ္အသင္းရဲ ့ဖလားအိပ္မက္ကိုဘုရားသခင္ကသာဆံုးျဖတ္မွာျဖစ္ၿပီး ဖလားရဘူးတာနဲ ့မဆိုင္ေၾကာင္ဂ်ာဂန္ကေလာ့ဆို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ာဂန္ကေလာ့က လီဗာပူးလ္အသင္းရဲ ့ဆုဖလားရရိွမႈ ရွားပါေနတဲ့အေပၚေမးခြန္းေပါင္းမ်ားစြာေမးခဲ့တဲ့ေ၀ဖန္ခ်က္ေတြအားတံု ့ျပန္ေျပာၾကားခဲ့ပါတယ္။အသက္၅၁နွစ္အရြယ္ဂ်ာမန္နည္းျပၾကီးဟာ ပရီးမီးယားလိပ္မွာ မန္စီးတီးနဲ ့ဆုဖလားလုဖို ့ၾကိဳးပမ္းေနရၿပီး ခ်န္ပီယံလိပ္ဖလားအတြက္လည္း စိန္ေခၚမႈေတြကို ၾကံဳေတြ ့ေနရပါတယ္။
ဖူလ္ဟမ္အသင္းနဲ ့ပြဲမတိုင္ခင္ ပြဲၾကိဳသတင္းစာရွင္းလင္းပြဲမွာေတာ့ ေဒါ့မြန္နည္းျပေဟာင္းၾကီးကေတာ့ အသင္းရဲ ့ဖလားလက္မဲ့ျဖစ္ေနတဲ့အေပၚေ၀ဖန္ေနၾကတာကို လံုး၀မၿဖံဳတဲ့စကားေျပာၾကားခဲ့ပါတယ္။
” ကၽြန္ေတာ့္ရဲ့အလုပ္က အသင္းကိုေအာင္ျမင္မႈေတြရဖို ့တက္နိုင္သေလာက္ကူညီေပးရမွာပါ။ကၽြန္ေတာ္ဘယ္လိုစိတ္၀င္စားသလိုဆိုတာမေတြးဖူးေသးပါဘူး။ဖလားမရဖူးလို ့ကိုယ့္ကိုယ္မေတြးဖူးပါဘူး။ၿပီးခဲ့တဲ့နွစ္၅၀အတြင္းကလူေတြကၽြန္ေတာ့္အေၾကာင္းေျပာေနတဲ့ဟာေတြကို မွတ္မိဖို ့လုပ္မေနေတာ့ပါဘူး။ကၽြန္ေတာ့္ကို ဆံုးျဖတ္ေနၾကတဲ့လူေတြကိုစိတ္မ၀င္စားပါဘူး။ကၽြန္ေတာ့္ကို တစ္ရက္မွေတာ့ ဘုရားသခင္ကသာဆံုးျဖတ္ေပးသြားမွာပါ။အဲ့အေၾကာင္းပဲကၽြန္ေတာ္စိတ္၀င္စားေနတာပါ။ကၽြန္ေတာ့္အေၾကာင္းဘာေတြပဲေျပာေနပါေစသိပ္မစိတ္၀င္စားပါဘူး။”
လီဗာပူးလ္ဟာ ပရီးမီးယားလိပ္မွာ ေတာ့ လက္က်န္၈ပြဲကစားဖို ့က်န္္ေနတဲ့အခ်ိန္ ဦးေဆာင္သူစီးတီးတို ့နဲ ့၁မွတ္သာကြာဟၿပီး ခ်န္ပီယံလိပ္မွာလည္း ကြာတားဖိုင္နယ္မွာေပၚတိုအသင္းနဲ ့ေတြ ့ဆံုရဖို ့ရိွေနပါတယ္။
(Unicode)
လီဗာပူးလ်အသင်းရဲ့ဖလားအိပ်မက်ကိုဘုရားသခင်ကသာဆုံးဖြတ်မှာဖြစ်ပြီး ဖလားရဘူးတာနဲ့မဆိုင်ကြောင့်ဂျာဂန်ကလော့ဆို
ဂျာဂန်ကလော့က လီဗာပူးလ်အသင်းရဲ့ဆုဖလားရရှိမှု ရှားပါနေတဲ့အပေါ်မေးခွန်းပေါင်းများစွာမေးခဲ့တဲ့ဝေဖန်ချက်တွေအားတုံ့ပြန်ပြောကြားခဲ့ပါတယ်။အသက်၅၁နှစ်အရွယ်ဂျာမန်နည်းပြကြီးဟာ ပရီးမီးယားလိပ်မှာ မန်စီးတီးနဲ့ဆုဖလားလုဖို့ကြိုးပမ်းနေရပြီး ချန်ပီယံလိပ်ဖလားအတွက်လည်း စိန်ခေါ်မှုတွေကို ကြုံတွေ့နေရပါတယ်။
ဖူလ်ဟမ်အသင်းနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ့မွန်နည်းပြဟောင်းကြီးကတော့ အသင်းရဲ့ဖလားလက်မဲ့ဖြစ်နေတဲ့အပေါ်ဝေဖန်နေကြတာကို လုံးဝမဖြုံတဲ့စကားပြောကြားခဲ့ပါတယ်။
” ကျွန်တော့်ရဲ့အလုပ်က အသင်းကိုအောင်မြင်မှုတွေရဖို့တက်နိုင်သလောက်ကူညီပေးရမှာပါ။ကျွန်တော်ဘယ်လိုစိတ်ဝင်စားသလိုဆိုတာမတွေးဖူးသေးပါဘူး။ဖလားမရဖူးလို့ကိုယ့်ကိုယ်မတွေးဖူးပါဘူး။ပြီးခဲ့တဲ့နှစ်၅၀အတွင်းကလူတွေကျွန်တော့်အကြောင်းပြောနေတဲ့ဟာတွေကို မှတ်မိဖို့လုပ်မနေတော့ပါဘူး။ကျွန်တော့်ကို ဆုံးဖြတ်နေကြတဲ့လူတွေကိုစိတ်မဝင်စားပါဘူး။ကျွန်တော့်ကို တစ်ရက်မှတော့ ဘုရားသခင်ကသာဆုံးဖြတ်ပေးသွားမှာပါ။အဲ့အကြောင်းပဲကျွန်တော်စိတ်ဝင်စားနေတာပါ။ကျွန်တော့်အကြောင်းဘာတွေပဲပြောနေပါစေသိပ်မစိတ်ဝင်စားပါဘူး။”
လီဗာပူးလ်ဟာ ပရီးမီးယားလိပ်မှာ တော့ လက်ကျန်၈ပွဲကစားဖို့ကျန်နေတဲ့အချိန် ဦးဆောင်သူစီးတီးတို့နဲ့၁မှတ်သာကွာဟပြီး ချန်ပီယံလိပ်မှာလည်း ကွာတားဖိုင်နယ်မှာပေါ်တိုအသင်းနဲ့တွေ့ဆုံရဖို့ရှိနေပါတယ်။
Post a Comment