Facebook မက္ဆင္ဂ်ာကေနအာရွယူ၂၃ ေျခစစ္ပြဲလက္မွတ္မ်ား၀ယ္ယူနိုင္ၿပီ။
Facebook Chat Box ကေနတဆင့္ လက္မွတ္ေရာင္းခ်တာ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ပထမဆုံး ျဖစ္ၿပီး ယခင္ကေတာ့ အြန္လိုင္းစနစ္ကေန လက္မွတ္ေရာင္းခ်တဲ့ အစီအစဥ္ေတြ ရွိခဲဲ့ဖူးပါေသးတယ္။
ျမန္မာ ယူ-၂၃ အသင္း ယွဥ္ၿပိဳင္ကစားမယ့္ အာရွ ယူ-၂၃ ေျခစစ္ပြဲစဥ္ေတြရဲ႕ ပြဲၾကည့္ လက္မွတ္ေတြကို အြန္လိုင္း စနစ္တစ္ခုျဖစ္တဲ့ Facebook Chat Box ကေန တဆင့္ အလြယ္တကူ ၀ယ္ယူႏိုင္ၿပီလို႔ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္ထားပါတယ္။
Facebook Chat Box မွာ လက္မွတ္ဝယ္မယ္ဆိုတဲ့ စာသားကို ရိုက္ႏွိပ္လိုက္တာနဲ႔ အလိုအေလ်ာက္ ျပန္လည္ ေျဖၾကားေပးမယ့္စနစ္ကို အသုံးျပဳထားတာျဖစ္ၿပီး ညႊန္ၾကားခ်က္မ်ားအတုိင္း လက္မွတ္ကို အလြယ္တကူ တစ္ဆင့္ခ်င္း ဝယ္ယူႏိုင္မွာလို႔လည္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ မီဒီယာတာဝန္ခံ ဦးေဇာ္မင္းထိုက္က ေျပာပါတယ္။
“ကၽြန္ေတာ္တို႔က ဒီစနစ္ လုပ္ရတာ ပိုလြယ္ေအာင္ပါ၊ အရင္ကလည္း အြန္လိုင္းကေန လက္မွတ္ေရာင္းတဲ့စနစ္ကို ေဆာင္ရြက္ခဲ့ေပမယ့္ အခုတစ္ႀကိမ္ကေတာ့ ပိုမို လြယ္ကူမယ္လို႔ ထင္ပါတယ္။ Message Box ကေနတဆင့္ လက္မွတ္ဝယ္ထားသူေတြမွာ ကိုယ္ပိုင္ ကုဒ္နံပါတ္ေတြရရွိထားမွာ ျဖစ္ၿပီး နီးစပ္ရာ g&g ဆိုင္တိုင္းမွာ အလြယ္တကူ ေငြရွင္းႏိုင္ပါတယ္။ သူေငြရွင္းလိုက္တာနဲ႔ ကၽြန္ေတာ္တို႔ဆီမွာ စာရင္းဝင္လာမွာျဖစ္ၿပီး ပြဲေန႔ေရာက္တာနဲ႔ ကြင္းအနားမွာထားရွိေပးထားမယ့္ လက္မွတ္လဲလွယ္ေပးတဲ့ ေကာင္တာမွာ လက္မွတ္ကို လဲလိုက္ရမွာပါ။” လို႔ ဦးေဇာ္မင္းထိုက္က ရွင္းျပပါတယ္။လက္ရွိ ၿပိဳင္ပြဲဲအေျခအေနအရ အြန္လိုင္းမွတစ္ဆင့္ လက္မွတ္ဝယ္ယူႏႈန္းကို ကန္႔သတ္ထားျခင္းမရွိပဲ စိတ္ႀကိဳက္ ဝယ္ယူထားႏိုင္ၿပီလို႔လည္း သိရပါတယ္။ လက္မွတ္လဲလွယ္ေပးမယ့္ ေကာင္တာကိုလည္း သု၀ဏၰကြင္းဝင္ေပါက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ အကယ္ဒမီေက်ာင္း ဝင္ေပါက္ေနရာမွာ ထားရွိေပးထားမွာျဖစ္ကာ လက္မွတ္လဲလွယ္ၿပီးတာနဲ႔ ကြင္းအတြင္း ၀င္ေရာက္ၾကည့္ရႈႏိုင္မွာလည္း ျဖစ္ပါတယ္။
ဒီစနစ္က ပရိသတ္ေတြအတြက္ အဆင္ေျပ လြယ္ကူေစတယ္ဆိုရင္ ေနာက္ပိုင္း အိမ္ရွင္လုပ္မယ့္ ပြဲေတြမွာလည္း ဆက္လက္ အသုံးျပဳသြားဖို႔ ရည္ရြယ္ထားၿပီး အဓိက လုပ္ေဆာင္ရတဲ့အေၾကာင္းရင္းကေတာ့ လက္မွတ္တန္းစီရတဲဲ့ အခက္အခဲကို ေျဖရွင္းေပးခ်င္တာေၾကာင့္ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အခုလို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ Facebook Chat Box အသုံးျပဳၿပီး လက္မွတ္ေရာင္းခ်ေပးတဲ့ စနစ္ကေတာ့ ပထမဆုံးျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ လူအမ်ားစု အသုံးျပဳရလြယ္တဲ့စနစ္ျဖစ္တာေၾကာင့္လည္း အြန္လိုင္းလက္မွတ္စနစ္ ပိုမို ပီျပင္လာမယ္လို႔ ယူဆရပါတယ္။
(Unicode)
Facebook မက်ဆင်ဂျာကနေအာရှယူ၂၃ ခြေစစ်ပွဲလက်မှတ်များဝယ်ယူနိုင်ပြီ။
Facebook Chat Box ကနေတဆင့် လက်မှတ်ရောင်းချတာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပထမဆုံး ဖြစ်ပြီး ယခင်ကတော့ အွန်လိုင်းစနစ်ကနေ လက်မှတ်ရောင်းချတဲ့ အစီအစဉ်တွေ ရှိခဲ့ဖူးပါသေးတယ်။
မြန်မာ ယူ-၂၃ အသင်း ယှဉ်ပြိုင်ကစားမယ့် အာရှ ယူ-၂၃ ခြေစစ်ပွဲစဉ်တွေရဲ့ ပွဲကြည့် လက်မှတ်တွေကို အွန်လိုင်း စနစ်တစ်ခုဖြစ်တဲ့ Facebook Chat Box ကနေ တဆင့် အလွယ်တကူ ဝယ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
Facebook Chat Box မှာ လက်မှတ်ဝယ်မယ်ဆိုတဲ့ စာသားကို ရိုက်နှိပ်လိုက်တာနဲ့ အလိုအလျောက် ပြန်လည် ဖြေကြားပေးမယ့်စနစ်ကို အသုံးပြုထားတာဖြစ်ပြီး ညွှန်ကြားချက်များအတိုင်း လက်မှတ်ကို အလွယ်တကူ တစ်ဆင့်ချင်း ဝယ်ယူနိုင်မှာလို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။
“ကျွန်တော်တို့က ဒီစနစ် လုပ်ရတာ ပိုလွယ်အောင်ပါ၊ အရင်ကလည်း အွန်လိုင်းကနေ လက်မှတ်ရောင်းတဲ့စနစ်ကို ဆောင်ရွက်ခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ ပိုမို လွယ်ကူမယ်လို့ ထင်ပါတယ်။ Message Box ကနေတဆင့် လက်မှတ်ဝယ်ထားသူတွေမှာ ကိုယ်ပိုင် ကုဒ်နံပါတ်တွေရရှိထားမှာ ဖြစ်ပြီး နီးစပ်ရာ g&g ဆိုင်တိုင်းမှာ အလွယ်တကူ ငွေရှင်းနိုင်ပါတယ်။ သူငွေရှင်းလိုက်တာနဲ့ ကျွန်တော်တို့ဆီမှာ စာရင်းဝင်လာမှာဖြစ်ပြီး ပွဲနေ့ရောက်တာနဲ့ ကွင်းအနားမှာထားရှိပေးထားမယ့် လက်မှတ်လဲလှယ်ပေးတဲ့ ကောင်တာမှာ လက်မှတ်ကို လဲလိုက်ရမှာပါ။” လို့ ဦးဇော်မင်းထိုက်က ရှင်းပြပါတယ်။လက်ရှိ ပြိုင်ပွဲအခြေအနေအရ အွန်လိုင်းမှတစ်ဆင့် လက်မှတ်ဝယ်ယူနှုန်းကို ကန့်သတ်ထားခြင်းမရှိပဲ စိတ်ကြိုက် ဝယ်ယူထားနိုင်ပြီလို့လည်း သိရပါတယ်။ လက်မှတ်လဲလှယ်ပေးမယ့် ကောင်တာကိုလည်း သုဝဏ္ဏကွင်းဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင် အကယ်ဒမီကျောင်း ဝင်ပေါက်နေရာမှာ ထားရှိပေးထားမှာဖြစ်ကာ လက်မှတ်လဲလှယ်ပြီးတာနဲ့ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။
ဒီစနစ်က ပရိသတ်တွေအတွက် အဆင်ပြေ လွယ်ကူစေတယ်ဆိုရင် နောက်ပိုင်း အိမ်ရှင်လုပ်မယ့် ပွဲတွေမှာလည်း ဆက်လက် အသုံးပြုသွားဖို့ ရည်ရွယ်ထားပြီး အဓိက လုပ်ဆောင်ရတဲ့အကြောင်းရင်းကတော့ လက်မှတ်တန်းစီရတဲ့ အခက်အခဲကို ဖြေရှင်းပေးချင်တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ Facebook Chat Box အသုံးပြုပြီး လက်မှတ်ရောင်းချပေးတဲ့ စနစ်ကတော့ ပထမဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာ လူအများစု အသုံးပြုရလွယ်တဲ့စနစ်ဖြစ်တာကြောင့်လည်း အွန်လိုင်းလက်မှတ်စနစ် ပိုမို ပီပြင်လာမယ်လို့ ယူဆရပါတယ်။
Source- Duwun Sports
Post a Comment