အသင္းေဖာ္ကူလီဘလီတစ္ေယာက္ယူနိုက္တက္ကိုေရာက္လာမွာမလိုလားတဲ့မာေနး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဆီနီေဂါလက္ေရြးစင္တုိက္စစ္မွဴး မာေနးဟာ ၎ရဲ႕လက္ေရြးစင္အသင္းေဖာ္ ကူလီဘလီကို မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ ေတာင္းဆုိခဲ့တဲ့ စာတမ္းကို ကိုင္ေဆာင္ထားတဲ့ ပရိသတ္ေတြဆီ သြားေရာက္ၿပီး လက္မေအာက္စိုက္ျပခဲ့ပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ နာပိုလီေနာက္ခံကစားသမား ကူလီဘလီဟာ ၿပီီးခဲ့တဲ့ေႏြရာသီကတည္းက ဗဟိုခံစစ္ကစားသမားတစ္ဦး ေခၚယူဖို႔အတြက္ ႀကိဳးပမ္းခဲ့တဲ့ နည္းျပေမာ္ရင္ဟိုရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့သူျဖစ္ပါတယ္။
နည္းျပေမာ္ရင္ဟို ထုတ္ပယ္ခံခဲ့ရၿပီး ယာယီနည္းျပအုိလီဂန္းနားဆုိးလ္ရွား ေရာက္ရွိလာၿပီးေနာက္ပိုင္းမွာလည္း မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚေနေသးသူျဖစ္ၿပီး နာပိုလီအသင္းက ကူလီဘလီအတြက္ လီဗာပူးအသင္း ဗန္ဒိုက္အတြက္ေပးေခ်တဲ့ပမာဏေလာက္ မန္ယူအသင္းဆီက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
မာေနးဟာ ကူလီဘလီနဲ႔ လက္ေရြးစင္အသင္းမွာ အတူတြဲကစားေနသူျဖစ္ၿပီး ႏုိင္ငံတကာပြဲစဥ္အားလပ္ခ်ိန္အတြင္း ဆီနီေဂါအသင္းနဲ႔အတူ ေလ့က်င့္ေရး ျပဳလုပ္ေနသူျဖစ္ပါတယ္။
လီဗာပူးၾကယ္ပြင့္ မာေနးဟာ လက္ခုပ္တီးအားေပးေနတဲ့ ပရိသတ္ေတြရွိရာကို လာေရာက္ခဲ့ၿပီး ပရိသတ္ေတြကိုင္ေဆာင္ထားတဲ့ စာတမ္းကို ျမင္ေတြ႕လုိက္ရခ်ိန္မွာေတာ့ လက္မေအာက္စိုက္ၿပီး ကူလီဘလီကို ပရီးမီးယားလိဂ္မွာ မၾကာမီအခ်ိန္အတြင္း မျမင္လုိေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။
(Unicode)
အသင်းဖော်ကူလီဘလီတစ်ယောက်ယူနိုက်တက်ကိုရောက်လာမှာမလိုလားတဲ့မာနေး
ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူး မာနေးဟာ ၎င်းရဲ့လက်ရွေးစင်အသင်းဖော် ကူလီဘလီကို မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တဲ့ စာတမ်းကို ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေဆီ သွားရောက်ပြီး လက်မအောက်စိုက်ပြခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာပိုလီနောက်ခံကစားသမား ကူလီဘလီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဗဟိုခံစစ်ကစားသမားတစ်ဦး ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့တဲ့ နည်းပြမော်ရင်ဟိုရဲ့ ဦးစားပေးပစ်မှတ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
နည်းပြမော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီး ယာယီနည်းပြအိုလီဂန်းနားဆိုးလ်ရှား ရောက်ရှိလာပြီးနောက်ပိုင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသေးသူဖြစ်ပြီး နာပိုလီအသင်းက ကူလီဘလီအတွက် လီဗာပူးအသင်း ဗန်ဒိုက်အတွက်ပေးချေတဲ့ပမာဏလောက် မန်ယူအသင်းဆီက မျှော်လင့်နေတာဖြစ်ပါတယ်။
မာနေးဟာ ကူလီဘလီနဲ့ လက်ရွေးစင်အသင်းမှာ အတူတွဲကစားနေသူဖြစ်ပြီး နိုင်ငံတကာပွဲစဉ်အားလပ်ချိန်အတွင်း ဆီနီဂေါအသင်းနဲ့အတူ လေ့ကျင့်ရေး ပြုလုပ်နေသူဖြစ်ပါတယ်။
လီဗာပူးကြယ်ပွင့် မာနေးဟာ လက်ခုပ်တီးအားပေးနေတဲ့ ပရိသတ်တွေရှိရာကို လာရောက်ခဲ့ပြီး ပရိသတ်တွေကိုင်ဆောင်ထားတဲ့ စာတမ်းကို မြင်တွေ့လိုက်ရချိန်မှာတော့ လက်မအောက်စိုက်ပြီး ကူလီဘလီကို ပရီးမီးယားလိဂ်မှာ မကြာမီအချိန်အတွင်း မမြင်လိုကြောင်း ပြသခဲ့တာဖြစ်ပါတယ်။
Post a Comment