Header Ads


MLSမွာပထမဆံုးhat-trickသြင္းယူခဲ့တဲ့ဝိန္းရြန္းနီ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီစီယူနိုက္တက္ဟာ လက္ရွိဇယားထိပ္ပိုင္းမွာရပ္တည္နိုင္ျခင္းအတြက္ရြန္းနီကိုေက်းဇူးတင္ေနသင့္ပါတယ္။အခုလည္း အေမရိကန္ျပည္တြင္းလိဂ္မွာ အသင္းအတြက္သံုးဂိုးသြင္းယူေပးခဲ့ပါတယ္။


ဒီစီယူနိုက္တက္ အသင္းေခါင္းေဆာင္အျဖစ္ပြဲထြက္လာတဲ့ ရြန္းနီဟာ ျပိဳင္ဘက္ရီးရဲေဆာ့လိတ္ကို ၅ဂိုးျပတ္အနိုင္ရတဲ့ပြဲမွာ ၃ဂိုးသြင္း,တစ္ဂိုးဖန္တီးခဲ့ပါတယ္။ဝိန္းမေရာက္ခင္ကဆို ဒီစီအသင္းအေနနဲ႔ ဇယားေအာက္ေျခမွာပဲ ရုန္းကန္ေနခဲ့ရတာပါ။အဲ့ဒီေနာက္ရြန္းနီက သူရဲေကာင္းတစ္ေယာက္လို ေရာက္လာျပီး DCအသင္းရဲ႕ကံျကမၼာကို ေျပာင္းလဲေပးခဲ့ပါတယ္။သူ႕လိုကစားသမားမ်ိဳးေရာက္လာတာဟာ အသင္းနဲ႔ပတ္သတ္သူအားလံုးကို စိတ္ဓာတ္ခြန္အားျဖစ္ေစပါတယ္။


ရြန္းနီအေနနဲ႕ ဂိုးမသြင္းနိုင္ခ်ိန္မွာေတာင္ အသင္းကို ေမာင္းနွင္ေပးျပီး အခြင့္အေရးေတြဖန္တီးေပးခဲ့ပါတယ္။ဒီစီကို ဇယားအထက္အပိုင္းေရာက္ေအာင္ အဓိကတြန္းတင္ေပးခဲ့သူက ဝိန္းဆိုတာအေသအခ်ာပါပဲ။အခုhat-trickကိုျပန္ျကည့္ရင္ ဒုတိယဂိုးမွာ သူရဲ႕trademarkအတိုင္း ကိုသမားကို အသာမေက်ာ္ျပီး လွလွပပသြင္းယူခဲ့တာပါ။သူရဲ႕ေနာက္ဆံုးပရီးမီးယားလိဂ္ရာသီမွာ ဝက္ဖို႔ဒ္နဲ႕ရင္ဆိုင္ရစဥ္က အခြင့္အေရးဖန္တီးမႈေလးတစ္ျကိမ္ေတာင္မလုပ္နိုင္ပဲ သက္လံုက်ဆင္းေနခဲ့တာေျကာင့္ ဝိန္းအဆံုးသတ္သြားျပီလို႕ထင္ခဲ့သူေတြအမ်ားျကီးပါပဲ။

အခုေတာ့  ဝိန္းျပန္လာနိုင္ခဲ့ပါျပီ။တကယ္ဆို သူရဲ႕ငယ္စဥ္က ေျခစြမ္းေတြကို ျကည့္ခဲ့ဖူးသူတိုင္း  ရြန္းနီတစ္ေယာက္  ဥေရာပထိပ္ထိန္းအဆင့္မွာ အခ်ိန္အျကာျကီး ရပ္တည္နိုင္လိမ့္မယ္လို႔  ပရိတ္သတ္ေတြယံုျကည္ခဲ့ျကပါတယ္။ေနာက္ပိုင္း ဝိတ္တက္လာတာေတြ,ကာယအားျပဳလြန္းတဲ့ ကစားဟန္ေတြေျကာင့္ ျကယ္တပြင့္ ျမန္ျမန္ဆန္ဆန္ေမွးမွိန္ခဲ့ရပါတယ္။MLSမွာေျခစြမ္းေတြျပေနတာေတာင္ သူ႕ရဲ႕ပရိတ္သတ္ေတြကေတာ့  မခ်င့္မရဲျဖစ္ေနနိုင္ပါေသးတယ္။သူ႕ကို အနားမယူခင္USAမွာလည္း ဖလားကိုင္သြားေစခ်င္မိပါတယ္။


ဘာပဲျဖစ္ျဖစ္ဝိန္းတစ္ေယာက္ရာသီသစ္မွာ အရင္ပံုစံေကာင္းေတြျပသေနပါျပီ။ကစားသမား ဘဝေနဝင္ခါနီး လူတစ္ေယာက္ လက္က်န္အလင္းေရာင္ေလးနဲ႔ အစြမ္းကုန္လင္းထင္းေနတာကို က်ေနာ္တို႔ လက္ခုပ္တီးေပးသင့္ပါတယ္။ဒီတစ္ျကိမ္ေတာ့ က်ေနာ္တို႕ဟာ ရြန္းနီမ်ားျဖစ္သည္လို႕ ရပ္တည္ေပးလိုက္ျကရေအာင္။


(Unicode)

MLSမှာပထမဆုံးhat-trickသွင်းယူခဲ့တဲ့ဝိန်းရွန်းနီ

ဒီစီယူနိုက်တက်ဟာ လက်ရှိဇယားထိပ်ပိုင်းမှာရပ်တည်နိုင်ခြင်းအတွက်ရွန်းနီကိုကျေးဇူးတင်နေသင့်ပါတယ်။အခုလည်း အမေရိကန်ပြည်တွင်းလိဂ်မှာ အသင်းအတွက်သုံးဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီစီယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ်ပွဲထွက်လာတဲ့ ရွန်းနီဟာ ပြိုင်ဘက်ရီးရဲဆော့လိတ်ကို ၅ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ၃ဂိုးသွင်း,တစ်ဂိုးဖန်တီးခဲ့ပါတယ်။ဝိန်းမရောက်ခင်ကဆို ဒီစီအသင်းအနေနဲ့ ဇယားအောက်ခြေမှာပဲ ရုန်းကန်နေခဲ့ရတာပါ။အဲ့ဒီနောက်ရွန်းနီက သူရဲကောင်းတစ်ယောက်လို ရောက်လာပြီး DCအသင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပါတယ်။သူ့လိုကစားသမားမျိုးရောက်လာတာဟာ အသင်းနဲ့ပတ်သတ်သူအားလုံးကို စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။

ရွန်းနီအနေနဲ့ ဂိုးမသွင်းနိုင်ချိန်မှာတောင် အသင်းကို မောင်းနှင်ပေးပြီး အခွင့်အရေးတွေဖန်တီးပေးခဲ့ပါတယ်။ဒီစီကို ဇယားအထက်အပိုင်းရောက်အောင် အဓိကတွန်းတင်ပေးခဲ့သူက ဝိန်းဆိုတာအသေအချာပါပဲ။အခုhat-trickကိုပြန်ကြည့်ရင် ဒုတိယဂိုးမှာ သူရဲ့trademarkအတိုင်း ကိုသမားကို အသာမကျော်ပြီး လှလှပပသွင်းယူခဲ့တာပါ။သူရဲ့နောက်ဆုံးပရီးမီးယားလိဂ်ရာသီမှာ ဝက်ဖို့ဒ်နဲ့ရင်ဆိုင်ရစဉ်က အခွင့်အရေးဖန်တီးမှုလေးတစ်ကြိမ်တောင်မလုပ်နိုင်ပဲ သက်လုံကျဆင်းနေခဲ့တာကြောင့် ဝိန်းအဆုံးသတ်သွားပြီလို့ထင်ခဲ့သူတွေအများကြီးပါပဲ။

အခုတော့  ဝိန်းပြန်လာနိုင်ခဲ့ပါပြီ။တကယ်ဆို သူရဲ့ငယ်စဉ်က ခြေစွမ်းတွေကို ကြည့်ခဲ့ဖူးသူတိုင်း  ရွန်းနီတစ်ယောက်  ဥရောပထိပ်ထိန်းအဆင့်မှာ အချိန်အကြာကြီး ရပ်တည်နိုင်လိမ့်မယ်လို့  ပရိတ်သတ်တွေယုံကြည်ခဲ့ကြပါတယ်။နောက်ပိုင်း ဝိတ်တက်လာတာတွေ,ကာယအားပြုလွန်းတဲ့ ကစားဟန်တွေကြောင့် ကြယ်တပွင့် မြန်မြန်ဆန်ဆန်မှေးမှိန်ခဲ့ရပါတယ်။MLSမှာခြေစွမ်းတွေပြနေတာတောင် သူ့ရဲ့ပရိတ်သတ်တွေကတော့  မချင့်မရဲဖြစ်နေနိုင်ပါသေးတယ်။သူ့ကို အနားမယူခင်USAမှာလည်း ဖလားကိုင်သွားစေချင်မိပါတယ်။

ဘာပဲဖြစ်ဖြစ်ဝိန်းတစ်ယောက်ရာသီသစ်မှာ အရင်ပုံစံကောင်းတွေပြသနေပါပြီ။ကစားသမား ဘဝနေဝင်ခါနီး လူတစ်ယောက် လက်ကျန်အလင်းရောင်လေးနဲ့ အစွမ်းကုန်လင်းထင်းနေတာကို ကျနော်တို့ လက်ခုပ်တီးပေးသင့်ပါတယ်။ဒီတစ်ကြိမ်တော့ ကျနော်တို့ဟာ ရွန်းနီများဖြစ်သည်လို့ ရပ်တည်ပေးလိုက်ကြရအောင်။

No comments

Powered by Blogger.