ဆိုးလ္ရွားရဲ႕ ကစားဟန္ဟာစြန႔္စားမႈေတြမ်ားေၾကာင္းဖြင့္ဟ၀န္ခံလိုက္တဲ့ရပ္ရွ္ဖို႔
မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ဟာ ကြင္းထဲ မွာ ေဘာလုံး ပိုင္ဆိုင္ ထားျခင္း မရွိ တဲ့ အခ်ိန္ ေတြမွာ ေတာင္ နည္းျပ ျဖစ္သူ ဆိုးလ္ရွား က အသင္းသား ေတြကုုိ တိုက္စစ္ ကစား ဟန္ ကစား ေစဖို႔ မွာၾကား ေလ့ ရွိသူ ျဖစ္ေၾကာင္း တိုက္စစ္ မႉး ျဖစ္သူ မားကပ္စ္ ရပ္ရွ္ဖို႔ က ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။
ဒါဟာ ယူႏိုက္တက္ အတြက္ ေတာ့ နည္း စနစ္ ပိုင္း အရ ႀကီးမား တဲ့ ေျပာင္းလဲ မႈ တစ္ရပ္ ျဖစ္ခဲ့ ၿပီး အဆိုပါ ကစား ဟန္ နဲ႔ အတူ သရဲနီ တို႔ ဟာ ကစား ခဲ့ ၾကတဲ့ ပြဲစဥ္ 19 ပြဲ မွာ 14 ပြဲ ႏိုင္ ၊ 2 ပြဲ သေရ ၊ 3 ပြဲ ရႈံး ရလဒ္ ကို ရယူ ပိုင္ဆိုင္ ႏိုင္ခဲ့ ၾကတာ ပဲ ျဖစ္ ပါတယ္ ။
အခု ေတာ့ ယူႏိုက္တက္ အသင္း ရဲ႕ တိုက္စစ္ မႉးေလး ျဖစ္တဲ့ မားကပ္စ္ ရပ္ရွ္ဖို႔ က အဲ့တာ ဟာ အလုပ္ ျဖစ္ေၾကာင္း ၊ အသင္း သား တိုင္းဟာ နည္းျပ ျဖစ္သူ ရဲ႕ နည္း စနစ္ နဲ႔ ဒႆန ေတြ ကို လိုက္နာ က်င့္သုံး ၾကေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။
” သူဟာ အသင္း ကို ပထမ ဆုံး အႀကိမ္ ေရာက္ရွိ လာခဲ့ တုန္းက ကြၽန္ေတာ္ တို႔ အားလုံး ကို တိုက္စစ္ အသား ေပး ကစား ၾကဖို႔ ဦးစြာ မွာၾကား သြားခဲ့ ပါတယ္ ။ ကြၽန္ေတာ္ တို႔ ေဘာလုံး ေပးပို႔ မုႈ ေတြ ျမင္ေတြ႕ ရၿပီ ဆိုတာ နဲ႔ တိုက္စစ္ ဖြင့္ ကစား ၾကဖို႔ အတြက္ သူ အထူး မွာၾကား ခဲ့ ပါတယ္ ”
” တိုက္စစ္ ကစား တဲ့ သူက ဒဲ့ အေရွ႕ ေျပးေန ရင္ ေဘာလုံး ေပးပို႔ ရမဲ့ သူ ကလည္း ဒဲ့ပဲ ေဘာလုံး ထိုးေပး ရင္း ကစား ေစရ ပါ့မယ္ ။ အဲ့တာ ကို ၫႊန္ၾကား ရင္း သူဟာ အသင္း သား ေတြရဲ႕ စိတ္ထဲ မွာ အပင္ တစ္ပင္ စတင္ ပ်ိဳးထား ႏိုင္ခဲ့ ပါတယ္ ။ အခုေတာ့ အသင္း သား တိုင္းဟာ တိုက္စစ္ ဦးစား ေပး ကစား ရမယ္ ဆိုတာ ေကာင္းေကာင္း သိရွိ နားလည္ ေနၾက ပါၿပီ ”
” ၿပိဳင္ဖက္ အသင္း ေဘာလုံး ပိုင္ဆိုင္ ထားတဲ့ အခ်ိန္ မွာ ကြၽန္ေတာ္ တို႔ ေတြရဲ႕ မ်က္လုံး တစ္လုံး ဟာ ခံစစ္ ေၾကာင္း ကို ေစာင့္ၾကည့္ ေနရ ၿပီး ေနာက္ထပ္ မ်က္လုံး တစ္လုံး ကေတာ့ ေဘာလုံး ရတာ နဲ႔ တိုက္စစ္ ဆင္ ကစား ဖို႔ ဘယ္မွာ ေနရာ ယူရ မလဲ ၊ ဘယ္မွာ ေနရာ လြတ္ ရွိေန သလဲ ဆိုတာ အခြင့္ အေရး ရွာေဖြ ေနတက္ ရ ပါတယ္ ”
” ဒါဟာ ကြၽန္ေတာ္ တို႔ အသင္း မွာ တစ္ကယ့္ ကို ထူးျခား ခဲ့တဲ့ ေျပာင္းလဲ မႈ တစ္ခု ပဲလို႔ ကြၽန္ေတာ္ ေသခ်ာ ေပါက္ ေျပာရဲ ပါတယ္ ။ ဒါဟာ စြန႔္စား မႈေတြ ပါဝင္ တာေပါ့ ။ ဒါေပမဲ့ ေဘာလုံး ရလိုက္ တဲ့ အခ်ိန္ မွာ စြန႔္စား မုွ နဲ႔ ထိုက္တန္ တဲ့ အရာ ေတြကို လည္း ပိုင္ဆိုင္ ခြင့္ ရတယ္ ေလ ”
” အကယ္လို႔ အသင္း က အလို ရွိေန တဲ့ အတိုင္း ႏွစ္ခု လုံးကို ကြၽန္ေတာ္ တို႔ ေကာင္းမြန္ စြာ လုပ္ေဆာင္ ႏိုင္တယ္ ဆိုရင္ တိုက္စစ္ မႉး တစ္ေယာက္ ဟာ ခံစစ္ ကို အၿမဲလို မ်က္ေျခ မပ်က္ ေစာင့္ၾကည့္ ရမွာ ျဖစ္ၿပီး အနာဂတ္ ပြဲစဥ္ ေတြ တိုင္း မွာ တိုက္စစ္ ပိုမို ဆင္ရင္း ပန္းတိုင္ ေရာက္ရွိ ေအာင္ ကစား သြား ႏိုင္ၾက မွာပဲ ျဖစ္ ပါတယ္ ” လို႔ ရပ္ရွ္ဖို႔ က အဆုံးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။
ၾကားပြဲ ေတြမွာ ႏိုင္ငံတကာ ပြဲစဥ္ ေတြ ဝင္ေရာက္ လာၾက တဲ့ အတြက္ ယူႏိုက္တက္ ဟာ ေနာက္ တစ္ပြဲ ကို မတ္လ 30 ရက္ ေန႔မွာ ဝက္ဖို႔ဒ္ အသင္း နဲ႔ ကစား သြား ရမွာ ပဲ ျဖစ္ ပါတယ္ ။
(Unicode)
ဆိုးလ်ရှားရဲ့ ကစားဟန်ဟာစွန့်စားမှုတွေများကြောင်းဖွင့်ဟဝန်ခံလိုက်တဲ့ရပ်ရှ်ဖို့
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကွင်းထဲ မှာ ဘောလုံး ပိုင်ဆိုင် ထားခြင်း မရှိ တဲ့ အချိန် တွေမှာ တောင် နည်းပြ ဖြစ်သူ ဆိုးလ်ရှား က အသင်းသား တွေကို တိုက်စစ် ကစား ဟန် ကစား စေဖို့ မှာကြား လေ့ ရှိသူ ဖြစ်ကြောင်း တိုက်စစ် မှူး ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါဟာ ယူနိုက်တက် အတွက် တော့ နည်း စနစ် ပိုင်း အရ ကြီးမား တဲ့ ပြောင်းလဲ မှု တစ်ရပ် ဖြစ်ခဲ့ ပြီး အဆိုပါ ကစား ဟန် နဲ့ အတူ သရဲနီ တို့ ဟာ ကစား ခဲ့ ကြတဲ့ ပွဲစဉ် 19 ပွဲ မှာ 14 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 3 ပွဲ ရှုံး ရလဒ် ကို ရယူ ပိုင်ဆိုင် နိုင်ခဲ့ ကြတာ ပဲ ဖြစ် ပါတယ် ။
အခု တော့ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူးလေး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ က အဲ့တာ ဟာ အလုပ် ဖြစ်ကြောင်း ၊ အသင်း သား တိုင်းဟာ နည်းပြ ဖြစ်သူ ရဲ့ နည်း စနစ် နဲ့ ဒဿန တွေ ကို လိုက်နာ ကျင့်သုံး ကြကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” သူဟာ အသင်း ကို ပထမ ဆုံး အကြိမ် ရောက်ရှိ လာခဲ့ တုန်းက ကျွန်တော် တို့ အားလုံး ကို တိုက်စစ် အသား ပေး ကစား ကြဖို့ ဦးစွာ မှာကြား သွားခဲ့ ပါတယ် ။ ကျွန်တော် တို့ ဘောလုံး ပေးပို့ မုှု တွေ မြင်တွေ့ ရပြီ ဆိုတာ နဲ့ တိုက်စစ် ဖွင့် ကစား ကြဖို့ အတွက် သူ အထူး မှာကြား ခဲ့ ပါတယ် ”
” တိုက်စစ် ကစား တဲ့ သူက ဒဲ့ အရှေ့ ပြေးနေ ရင် ဘောလုံး ပေးပို့ ရမဲ့ သူ ကလည်း ဒဲ့ပဲ ဘောလုံး ထိုးပေး ရင်း ကစား စေရ ပါ့မယ် ။ အဲ့တာ ကို ညွှန်ကြား ရင်း သူဟာ အသင်း သား တွေရဲ့ စိတ်ထဲ မှာ အပင် တစ်ပင် စတင် ပျိုးထား နိုင်ခဲ့ ပါတယ် ။ အခုတော့ အသင်း သား တိုင်းဟာ တိုက်စစ် ဦးစား ပေး ကစား ရမယ် ဆိုတာ ကောင်းကောင်း သိရှိ နားလည် နေကြ ပါပြီ ”
” ပြိုင်ဖက် အသင်း ဘောလုံး ပိုင်ဆိုင် ထားတဲ့ အချိန် မှာ ကျွန်တော် တို့ တွေရဲ့ မျက်လုံး တစ်လုံး ဟာ ခံစစ် ကြောင်း ကို စောင့်ကြည့် နေရ ပြီး နောက်ထပ် မျက်လုံး တစ်လုံး ကတော့ ဘောလုံး ရတာ နဲ့ တိုက်စစ် ဆင် ကစား ဖို့ ဘယ်မှာ နေရာ ယူရ မလဲ ၊ ဘယ်မှာ နေရာ လွတ် ရှိနေ သလဲ ဆိုတာ အခွင့် အရေး ရှာဖွေ နေတက် ရ ပါတယ် ”
” ဒါဟာ ကျွန်တော် တို့ အသင်း မှာ တစ်ကယ့် ကို ထူးခြား ခဲ့တဲ့ ပြောင်းလဲ မှု တစ်ခု ပဲလို့ ကျွန်တော် သေချာ ပေါက် ပြောရဲ ပါတယ် ။ ဒါဟာ စွန့်စား မှုတွေ ပါဝင် တာပေါ့ ။ ဒါပေမဲ့ ဘောလုံး ရလိုက် တဲ့ အချိန် မှာ စွန့်စား မုှ နဲ့ ထိုက်တန် တဲ့ အရာ တွေကို လည်း ပိုင်ဆိုင် ခွင့် ရတယ် လေ ”
” အကယ်လို့ အသင်း က အလို ရှိနေ တဲ့ အတိုင်း နှစ်ခု လုံးကို ကျွန်တော် တို့ ကောင်းမွန် စွာ လုပ်ဆောင် နိုင်တယ် ဆိုရင် တိုက်စစ် မှူး တစ်ယောက် ဟာ ခံစစ် ကို အမြဲလို မျက်ခြေ မပျက် စောင့်ကြည့် ရမှာ ဖြစ်ပြီး အနာဂတ် ပွဲစဉ် တွေ တိုင်း မှာ တိုက်စစ် ပိုမို ဆင်ရင်း ပန်းတိုင် ရောက်ရှိ အောင် ကစား သွား နိုင်ကြ မှာပဲ ဖြစ် ပါတယ် ” လို့ ရပ်ရှ်ဖို့ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ကြားပွဲ တွေမှာ နိုင်ငံတကာ ပွဲစဉ် တွေ ဝင်ရောက် လာကြ တဲ့ အတွက် ယူနိုက်တက် ဟာ နောက် တစ်ပွဲ ကို မတ်လ 30 ရက် နေ့မှာ ဝက်ဖို့ဒ် အသင်း နဲ့ ကစား သွား ရမှာ ပဲ ဖြစ် ပါတယ် ။
Credit
Post a Comment