Header Ads


ကမာၻေက်ာ္ကစားသမားေတြကိုျမန္မာပရိတ္သတ္ေတြျမင္ေတြ ့ခြင့္ရေတာ့မယ့္ ICCစကၤာပူဖလားၿပိဳင္ပြဲ



ဒီေန႔မွာ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္တယ္လို႔ Channelnewasia က ေဖာ္ျပခဲ့ပါတယ္။ ျမန္မာပရိသတ္မ်ားအေနနဲ႔လည္း ကမၻာေက်ာ္ကစားသမားေတြကိ ုျမင္ေတြ႔ရေတာ့မယ့္ အခြင့္အေရးေကင္းကို ထပ္မံပိုင္ဆိုင္ခဲ့တာလည္း ျဖစ္ပါတယ္။


ဂ်ဴဗင္တပ္စ္၊ ေတာ့တင္ဟမ္ေဟာ့စပါး၊ အင္တာမီလန္ နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ဟာ လာမယ့္ေဘာလံုးရာသီသစ္မွာ က်င္းပျပဳလုပ္မယ့္ International Champions Cup (ICC) ပြဲအတြက္ စင္ကာပူမွာ လာေရာက္ကစားမွာျဖစ္တယ္လို႔ အတည္ျပဳေၾကညာလိုက္ျပီ ျဖစ္ပါတယ္။ ဒီေန႔မွာ ထုတ္ျပန္ေၾကညာျဖစ္တယ္လို႔ Channelnewasia က ေဖာ္ျပခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ နဲ႔ အင္တာမီလန္တို႔ရဲ႕ ပြဲကို ဇူလိုင္လ (၂၀)ရက္ေန႔မွာ ကစားသြားမွာျဖစ္ျပီး စင္ကာပူအမ်ိဳးသားအားကစားကြင္းမွာ က်င္းပသြားမွာျဖစ္ျပီး ဂ်ဴဗင္တပ္စ္ နဲ႔ ေတာ့တင္ဟမ္တို႔ရဲ႕ပြဲကိုေတာ့ ဇူလိုင္လ (၂၁)ရက္မွာပဲ အဆိုပါကြင္းမွာ ထပ္မံက်င္းပသြားမွာျဖစ္ျပီး ေဒသစံေတာ္ခ်ိန္ (၇း၃၀)မွာ ကစားသြားမွာျဖစ္ပါတယ္။


စင္ကာပူကို အဓိကကစားသမားအစံုအလင္ ေခၚယူလာမွာလား၊ မေခၚယူဘူးလားဆိုတာကိုေတာ့ ျပိဳင္ပြဲက်င္းပေရးအဖြဲ႕အစည္းကဘက္က အတည္မျပဳႏိုင္ေသးဘူးလို႔လည္း ဆိုပါတယ္။ နာမည္ေက်ာ္ၾကယ္ပြင့္ကစားသမားေတြ အမ်ားအျပားရွိေနတဲ့ အဆိုပါအသင္းေတြမွာ ဂ်ဴဗီတိုက္စစ္မွဴး ေရာ္နယ္ဒို၊ စပါးတိုက္စစ္မွဴး ကိန္း နဲ႔ ဆြန္ေဟာင္မင္၊ အင္တာမီလန္က ႏိုင္ဂိုလန္ န႔ဲ ယူႏိုက္တက္က ေပါ့ဂ္ဘာနဲ႔ လူကာကူတို႔က ထင္ရွားသူေတြျဖစ္ပါတယ္။


စင္ကာပူမွာ ျပဳလုပ္ခဲ့တဲ့ ICC ျပိဳင္ပြဲအတြက္ အခမ္းအနားကို ယူႏိုက္တက္ကစားသမားေဟာင္း ဒြိဳက္ေယာ့ခ္၊ အင္တာမီလန္ကစားသမားေဟာင္း ေတာ္လ္ဒို၊ ဂ်ဴဗင္တပ္စ္ကစားသမားေဟာင္း ရာဗန္နယ္လီ နဲ႔ စပါးတိုက္စစ္မွဴးေဟာင္း တက္ဒီရွရင္ဂမ္တို႔ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ စပါးအသင္းဟာ လက္ရွိခ်န္ပီယံအသင္းလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ ႏွစ္ကေတာ့ စင္ကာပူမွာ အာဆင္နယ္၊ အက္သလက္တီကိုမက္ဒရစ္၊ ပီအက္စ္ဂ်ီတို႔ လာေရာက္ကစားသြားခဲ့ၾကျပီး ဘတ္ဖြန္၊ အိုေဇးလ္တို႔လို ကစားသမားေတြ ပါ၀င္လာခဲ့ၾကပါတယ္။ ဧျပီလ ()ရက္ေန႔မွာ အဆုိပါပြဲစဥ္ေတြအတြက လက္မွတ္ေတြကို စတင္ေရာင္းခ်သြားမယ္လို႔လည္း သိရပါတယ္။


Source: Duwun Sports

(Unicode)

ဒီနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့ Channelnewasia က ဖော်ပြခဲ့ပါတယ်။ မြန်မာပရိသတ်များအနေနဲ့လည်း ကမ္ဘာကျော်ကစားသမားတွေကိ ုမြင်တွေ့ရတော့မယ့် အခွင့်အရေးကေင်းကို ထပ်မံပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်၊ တော့တင်ဟမ်ဟော့စပါး၊ အင်တာမီလန် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လာမယ့်ဘောလုံးရာသီသစ်မှာ ကျင်းပပြုလုပ်မယ့် International Champions Cup (ICC) ပွဲအတွက် စင်ကာပူမှာ လာရောက်ကစားမှာဖြစ်တယ်လို့ အတည်ပြုကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာ ထုတ်ပြန်ကြေညာဖြစ်တယ်လို့ Channelnewasia က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် နဲ့ အင်တာမီလန်တို့ရဲ့ ပွဲကို ဇူလိုင်လ (၂၀)ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး စင်ကာပူအမျိုးသားအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဂျူဗင်တပ်စ် နဲ့ တော့တင်ဟမ်တို့ရဲ့ပွဲကိုတော့ ဇူလိုင်လ (၂၁)ရက်မှာပဲ အဆိုပါကွင်းမှာ ထပ်မံကျင်းပသွားမှာဖြစ်ပြီး ဒေသစံတော်ချိန် ည (ရး၃၀)မှာ ကစားသွားမှာဖြစ်ပါတယ်။
စင်ကာပူကို အဓိကကစားသမားအစုံအလင် ခေါ်ယူလာမှာလား၊ မခေါ်ယူဘူးလားဆိုတာကိုတော့ ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းကဘက်က အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ နာမည်ကျော်ကြယ်ပွင့်ကစားသမားတွေ အများအပြားရှိနေတဲ့ အဆိုပါအသင်းတွေမှာ ဂျူဗီတိုက်စစ်မှူး ရော်နယ်ဒို၊ စပါးတိုက်စစ်မှူး ကိန်း နဲ့ ဆွန်ဟောင်မင်၊ အင်တာမီလန်က နိုင်ဂိုလန် နဲ့ ယူနိုက်တက်က ပေါ့ဂ်ဘာနဲ့ လူကာကူတို့က ထင်ရှားသူတွေဖြစ်ပါတယ်။
စင်ကာပူမှာ ပြုလုပ်ခဲ့တဲ့ ICC ပြိုင်ပွဲအတွက် အခမ်းအနားကို ယူနိုက်တက်ကစားသမားဟောင်း ဒွိုက်ယော့ခ်၊ အင်တာမီလန်ကစားသမားဟောင်း တော်လ်ဒို၊ ဂျူဗင်တပ်စ်ကစားသမားဟောင်း ရာဗန်နယ်လီ နဲ့ စပါးတိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ စပါးအသင်းဟာ လက်ရှိချန်ပီယံအသင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ စင်ကာပူမှာ အာဆင်နယ်၊ အက်သလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဂျီတို့ လာရောက်ကစားသွားခဲ့ကြပြီး ဘတ်ဖွန်၊ အိုဇေးလ်တို့လို ကစားသမားတွေ ပါဝင်လာခဲ့ကြပါတယ်။ ဧပြီလ (၄)ရက်နေ့မှာ အဆိုပါပွဲစဉ်တွေအတွက လက်မှတ်တွေကို စတင်ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

Source: Duwun Sports

No comments

Powered by Blogger.