Header Ads


အက်ီၤ မွား၀တ္ခဲ့တဲ့ေဂၚရက္ဇ္တို ့ဘိုင္ယန္ျမဴးနစ္တို ့UEFA ရဲ့ဒဏ္ခတ္ျခင္းကိုခံရေတာ့မည္။


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ျပည္တြင္းလိဂ္ ကစားတဲ့ ဂ်ာစီနဲ႔ ခ်န္ပီယံလိဂ္ ကစားတဲ့ ဂ်ာစီ မွား၀တ္ခဲ့တာ ျဖစ္ၿပီး ဒီလို မွားယြင္းမႈကေတာ့ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္း အပိုဒ္ခြဲ ၂၈ နဲ႔ ညိႈခဲ့တာေၾကာင့္ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ျပစ္ဒဏ္ခံရေတာ့မွာပါ။

လီဗာပူးကို အိမ္ကြင္းမွာ - ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ဒု-ေက်ာ့မွာ ဘိုင္ယန္ျမဴးနစ္ ကစားသမား ေဂၚရက္ဇ္ကာအေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ စပြန္ဆာ စည္းကမ္းကို ခ်ိဳးဖ်က္ခဲဲ့သလို ျဖစ္ခဲ့တဲ့အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ျပစ္ဒဏ္က်ခံရေတာ့မယ္လို႔ Sky Sports သတင္းဌာ နက ေဖာ္ျပပါတယ္။

ေဂၚရက္ဇ္ကာအေနနဲ႔ ပြဲစစခ်င္း ၀တ္ဆင္လာတဲဲ့ ၀တ္စုံက ျပည္တြင္း အမွတ္ေပးဖလားၿပိဳင္ပြဲကစားတဲ့ ၀တ္စုံ ျဖစ္ေနခဲ့တာ ျဖစ္ၿပီး အဆုိပါ ဂ်ာစီမွာ ဆိုရင္ေတာ့ ညာဖက္ လက္ေမာင္းေနရာမွာ ကာတာေလေၾကာင္း လိုင္း ေၾကာ္ညာလိုဂိုတစ္ခု အပိုပါလာခဲ့တာ ျဖစ္ပါတယ္။



ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္း အပိုဒ္ခြဲ ၂၈ အရ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲ၀င္အသင္းေတြအေနနဲ႔ ဂ်ာစီမွာ စပြန္ဆာ ကုမၸဏီတစ္ခုတည္းကိုသာ ေဖာ္ျပခြင့္ ရွိတာပါ။

အဆိုပါ ေဖာ္ျပခြင့္ရွိတဲ့ ေနရာကလည္း ရင္ဘတ္အေရွ႕တည့္တည့္မွာ ျဖစ္ၿပီး ၂၀၀ စင္တီမီတာ ပတ္လည္ သာ ခြင့္ျပဳထားတာလည္း ျဖစ္တယ္လို႔ Sky Sports သတင္းဌာနက ေဖာ္ျပပါတယ္။

ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ၀င္ ဂ်ာစီမွာေတာ့ ညာဖက္မွာ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ပုံစံ သေကၤတငယ္ကို ထည့္သြင္းရမွာ ျဖစ္ၿပီး ဘယ္ဖက္မွာေတာ့ ေလးစားမႈဆိုတဲဲ့ အဂၤလိပ္စာလုံးကို ရိုက္ႏွိပ္ထားရမွာ ျဖစ္ပါတယ္။
တဆက္တည္းမွာပဲ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ အပူေပၚ အပူဆင့္ ဆိုသလို ပရိသတ္ေတြေၾကာင့္လည္း ထပ္မံ ျပစ္ဒဏ္ က်ခံရဦးမွာ ျဖစ္ပါတယ္။

အဆိုပါ လီဗာပူးကို - ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာပဲ ဘိုင္ယန္ျမဴးနစ္ ပရိသတ္အခ်ိဳ႕က VAR စနစ္ကို ဆန္႔က်င္တိုက္ ခိုက္တဲ့ စာလုံးေတြကို ေဖာ္ျပခဲ့သလို ယေန႔ေခတ္ေဘာလုံးဟာ စိတ္ခံစားမႈကို သတ္ေနတယ္လို႔ စာလုံး ေတြနဲ႔ ေဖာ္ျပခဲ့သလို အဆိုးဆုံးကေတာ့ VAR စနစ္နဲ႔ ယူအီးအက္ဖ္ေအကို ညစ္ညမ္းတဲ့စာလုံးေတြနဲ႔ တိုက္ခိုက္ခဲဲ့တာပဲ ျဖစ္ပါတယ္။


ဒီျဖစ္စဥ္ကိုေတာ့ ယူအီးအက္ဖ္ေအ အုပ္ခ်ဳပ္ေရး၊ႏွင့္ စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီက လာမယ့္ ေမလ ၁၆ ရက္ေန႔မွာ ၾကားနာ စစ္ေဆးမႈ ျပဳလုပ္မယ္လို႔ Sky Sports သတင္းဌာနက ေဖာ္ျပပါတယ္။

(Unicode)

အကျီၤ မှားဝတ်ခဲ့တဲ့ဂေါ်ရက်ဇ်တို့ဘိုင်ယန်မြူးနစ်တို့UEFA ရဲ့ဒဏ်ခတ်ခြင်းကိုခံရတော့မည်။

ပြည်တွင်းလိဂ် ကစားတဲ့ ဂျာစီနဲ့ ချန်ပီယံလိဂ် ကစားတဲ့ ဂျာစီ မှားဝတ်ခဲ့တာ ဖြစ်ပြီး ဒီလို မှားယွင်းမှုကတော့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်း အပိုဒ်ခွဲ ၂၈ နဲ့ ညှိုခဲ့တာကြောင့်ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပြစ်ဒဏ်ခံရတော့မှာပါ။

လီဗာပူးကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ဒု-ကျော့မှာ ဘိုင်ယန်မြူးနစ် ကစားသမား ဂေါ်ရက်ဇ်ကာအနေနဲ့ ယူအီးအက်ဖ်အေရဲ့ စပွန်ဆာ စည်းကမ်းကို ချိုးဖျက်ခဲ့သလို ဖြစ်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပြစ်ဒဏ်ကျခံရတော့မယ်လို့ Sky Sports သတင်းဌာ နက ဖော်ပြပါတယ်။

ဂေါ်ရက်ဇ်ကာအနေနဲ့ ပွဲစစချင်း ဝတ်ဆင်လာတဲ့ ဝတ်စုံက ပြည်တွင်း အမှတ်ပေးဖလားပြိုင်ပွဲကစားတဲ့ ဝတ်စုံ ဖြစ်နေခဲ့တာ ဖြစ်ပြီး အဆိုပါ ဂျာစီမှာ ဆိုရင်တော့ ညာဖက် လက်မောင်းနေရာမှာ ကာတာလေကြောင်း လိုင်း ကြော်ညာလိုဂိုတစ်ခု အပိုပါလာခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့စည်းမျဉ်း အပိုဒ်ခွဲ ၂၈ အရ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ဂျာစီမှာ စပွန်ဆာ ကုမ္ပဏီတစ်ခုတည်းကိုသာ ဖော်ပြခွင့် ရှိတာပါ။

အဆိုပါ ဖော်ပြခွင့်ရှိတဲ့ နေရာကလည်း ရင်ဘတ်အရှေ့တည့်တည့်မှာ ဖြစ်ပြီး ၂၀၀ စင်တီမီတာ ပတ်လည် သာ ခွင့်ပြုထားတာလည်း ဖြစ်တယ်လို့ Sky Sports သတင်းဌာနက ဖော်ပြပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ဂျာစီမှာတော့ ညာဖက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံ သင်္ကေတငယ်ကို ထည့်သွင်းရမှာ ဖြစ်ပြီး ဘယ်ဖက်မှာတော့ လေးစားမှုဆိုတဲ့ အင်္ဂလိပ်စာလုံးကို ရိုက်နှိပ်ထားရမှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အပူပေါ် အပူဆင့် ဆိုသလို ပရိသတ်တွေကြောင့်လည်း ထပ်မံ ပြစ်ဒဏ် ကျခံရဦးမှာ ဖြစ်ပါတယ်။

အဆိုပါ လီဗာပူးကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာပဲ ဘိုင်ယန်မြူးနစ် ပရိသတ်အချို့က VAR စနစ်ကို ဆန့်ကျင်တိုက် ခိုက်တဲ့ စာလုံးတွေကို ဖော်ပြခဲ့သလို ယနေ့ခေတ်ဘောလုံးဟာ စိတ်ခံစားမှုကို သတ်နေတယ်လို့ စာလုံး တွေနဲ့ ဖော်ပြခဲ့သလို အဆိုးဆုံးကတော့ VAR စနစ်နဲ့ ယူအီးအက်ဖ်အေကို ညစ်ညမ်းတဲ့စာလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကိုတော့ ယူအီးအက်ဖ်အေ အုပ်ချုပ်ရေး၊နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက လာမယ့် မေလ ၁၆ ရက်နေ့မှာ ကြားနာ စစ်ဆေးမှု ပြုလုပ်မယ်လို့ Sky Sports သတင်းဌာနက ဖော်ပြပါတယ်။

No comments

Powered by Blogger.