Header Ads


အသင္းရဲ ့စတားေတြကိုဆက္ထိန္းဖို ့အသဲအသန္ၾကိဳးပမ္းေနရတဲ့ခ်ဲလ္ဆီး



အဂၤလန္လက္ေရြးစင္အသင္းမွာပါ ၀င္ေရာက္ကစားခြင့္ ရရွိလာခဲ့တဲ့ အိုဒြိဳင္ကို ယူႏိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က စိတ္၀င္စားေနတာ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ သူတို႔အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမား အိုဒြိဳင္ကို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းအထိ လစာတိုးျမွင့္ေပးျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ ကမ္းလွမ္းသြားေတာ့မယ္လို႔ သိရပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းမွာပါ ၀င္ေရာက္ကစားခြင့္ ရရွိလာခဲ့တဲ့ အိုဒြိဳင္ကို ယူႏိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က စိတ္၀င္စားေနတာ ျဖစ္ပါတယ္။


ခ်ယ္လ္ဆီးနဲ႔ ၂၀၂၀ ခုႏွစ္အထိ စာခ်ဳပ္ရွိေနေပမယ့္ ကစားသမားကို အသင္းၾကီးေတြရဲ႕ ရန္ကေနကာကြယ္ဖို႔အတြက္ ခ်ယ္လ္ဆီးက ၾကိဳတင္ျပင္ဆင္လာတာလည္း ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က အိုဒြိဳင္ကို ျပီးခဲ့တဲ့ ဇန္န၀ါရီကာလအတြင္းမွာ ေပါင္ (၃၅)သန္းအထိ ေပးေခ်ကာ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္လ္ဆီးက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ လာမယ့္ေႏြရာသီမွာ ထပ္မံေခၚယူသြားဖို႔ ဘိုင္ယန္က ၾကိဳးစားေနပါတယ္။

ယူႏိုက္တက္၊ လီဗာပူးလ္တို႔ကလည္း ပရီးမီးယားလိဂ္ျပိဳင္ဘက္အသင္းရဲ႕ ကစားသမားကိ ုေခၚယူဖို႔ ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရလို႔ ခ်ယ္လ္ဆီးဟာ အသင္းရဲ႕ ကစားသမားေတြကို ထိန္းသိမ္းဖို႔အတြက္ ၾကိဳးစားေနရျပီးေတာ့ အိုဒြိဳင္အပါအ၀င္ ဟာဇက္လို ကစားသမားကိုပါ ထိန္းသိမ္းႏိုင္ဖို႔ အားထုတ္ေနခဲ့ရတာ ျဖစ္ပါတယ္။


Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ အိုဒြိဳင္ကို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းအထိ ေပးေခ်ျပီး လက္ရွိေဘာလံုးရာသီမကုန္ဆံုးခင္မွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ ခ်ယ္လ္ဆီးက ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဒါဟာ အိုဒြိဳင္အတြက္ေတာ့ မ်ားျပားတဲ့လုပ္ခလစာကို ခံစားရမွာ ျဖစ္ျပီး ခ်ယ္လ္ဆီးက တစ္ပတ္ေပါင္ရွစ္ေသာင္းခြဲနဲ႔ ေနာက္ဆံုးအၾကိမ္ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက ျငင္းဆန္ခဲ့ပါတယ္။


ဒီအတြက္ ေနာက္ထပ္လုပ္ခလစာတိုးျမွင့္ေပးျပီး ခ်ယ္လ္ဆီးက ကစားသမားကို အသင္းမွာ ဆက္လက္ရွိေနေအာင္ ၾကိဳးစားသြားမွာျဖစ္ပါတယ္။ အသက္ (၁၈)ႏွစ္အရြယ္သာ ရွိေသးတဲ့ အိုဒြိဳင္အတြက္ေတာ့ မ်ားျပားလွတဲ့ ေငြေၾကးပမာဏကို ခံစားရမွာျဖစ္ျပီး အသင္းမွာပဲ ဆက္ေနမလားး၊ ရာသီကုန္မွာ အျခားအသင္းတစ္သင္းကို ေျပာင္းေရႊ႕သြားမလား ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

(Unicode)

အသင်းရဲ့စတားတွေကိုဆက်ထိန်းဖို့အသဲအသန်ကြိုးပမ်းနေရတဲ့ချဲလ်ဆီး

အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဝင်ရောက်ကစားခွင့် ရရှိလာခဲ့တဲ့ အိုဒွိုင်ကို ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အိုဒွိုင်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းအထိ လစာတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းသွားတော့မယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ဝင်ရောက်ကစားခွင့် ရရှိလာခဲ့တဲ့ အိုဒွိုင်ကို ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ကစားသမားကို အသင်းကြီးတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် ချယ်လ်ဆီးက ကြိုတင်ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က အိုဒွိုင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီကာလအတွင်းမှာ ပေါင် (၃၅)သန်းအထိ ပေးချေကာ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီမှာ ထပ်မံခေါ်ယူသွားဖို့ ဘိုင်ယန်က ကြိုးစားနေပါတယ်။

ယူနိုက်တက်၊ လီဗာပူးလ်တို့ကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းရဲ့ ကစားသမားကိ ုခေါ်ယူဖို့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အပြောင်းအရွှေ့ပိတ်ပင်ခံထားရလို့ ချယ်လ်ဆီးဟာ အသင်းရဲ့ ကစားသမားတွေကို ထိန်းသိမ်းဖို့အတွက် ကြိုးစားနေရပြီးတော့ အိုဒွိုင်အပါအဝင် ဟာဇက်လို ကစားသမားကိုပါ ထိန်းသိမ်းနိုင်ဖို့ အားထုတ်နေခဲ့ရတာ ဖြစ်ပါတယ်။
Evening Standard ရဲ့ ဖော်ပြချက်အရ အိုဒွိုင်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းအထိ ပေးချေပြီး လက်ရှိဘောလုံးရာသီမကုန်ဆုံးခင်မှာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ချယ်လ်ဆီးက ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါဟာ အိုဒွိုင်အတွက်တော့ များပြားတဲ့လုပ်ခလစာကို ခံစားရမှာ ဖြစ်ပြီး ချယ်လ်ဆီးက တစ်ပတ်ပေါင်ရှစ်သောင်းခွဲနဲ့ နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ခဲ့ပါတယ်။

ဒီအတွက် နောက်ထပ်လုပ်ခလစာတိုးမြှင့်ပေးပြီး ချယ်လ်ဆီးက ကစားသမားကို အသင်းမှာ ဆက်လက်ရှိနေအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ အသက် (၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ အိုဒွိုင်အတွက်တော့ များပြားလှတဲ့ ငွေကြေးပမာဏကို ခံစားရမှာဖြစ်ပြီး အသင်းမှာပဲ ဆက်နေမလားး၊ ရာသီကုန်မှာ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့သွားမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

No comments

Powered by Blogger.