Kylian Mbappé 🤦♂️ pic.twitter.com/NaxpEBen0E— Alexander Larsen (@AL4RSEN) March 22, 2019
"အမ်ဘက်ပေးက ဂျိုကာပဲဟ ဒီဒိုင်ဗင်ထိုးတာက အားလုံးထဲမှာအဆိုးဆုံးပဲ"
(Unicode)
အံသြသင့်စရာဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တဲ့အမ်ဘက်ပေး
PSGအသင်းရဲ့လူငယ်တိုက်စစ်မှုးအမ်ဘက်ပေးဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၁မြောက်ဂိုးကိုပြီးခဲ့တဲညကသွင်းယူပေးခဲ့ပြီး အသက်၂၀နှစ်အရွယ်လူငယ်ကစားသမားတစ်ဦးအနေနှင့်အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သောလည်း သူရဲ့ဒိုင်ဗင်ပစ်တက်တဲ့အကျင့်ဆိုးက သူရဲ့ခြေစွမ်းကောင်းမွန်မှုကိုအရိပ်မဲသဖွယ်ဖုံးအုပ်လျက်ရှိပါတယ်။
PSGအသင်းရဲ့ နံပါတ်၇အင်္ကျီ ပိုင်ရှင် အမ်ဘက်ပေးဟာ နိုင်ငံလက်ရွေးစင်ပြင်သစ်အသင်းယူရို၂၀၂၀ခြေစစ်ပွဲကစားပေးနေပြီး မော်ဒိုဗာအသင်းနှင့်ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက၄ဂိုး၁ဂိုးနှင့်အနိုင်ယူဖို့အတွက်သူပစ်မှတ်ထားခဲ့ပြီး ပွဲကစားချိန် ၈၇မိနစ်အရောက်မှာတစ်ယောက်ကိုတစ်ယောက်ကျော်ဖြတ်ရင်း ဒဏ်ရာအနည်းငယ်ရရှိကာ ဆေးကုသမှုခံယူခဲ့ပါတယ်။
ဒါပေမယ့်များမကြာမီအချိန်အတွင်းမှာရုပ်ပျက်လွန်းတဲ့ပုံစံသရုပ်ဆောင်ခဲ့ပါတယ်။နာဘေးလ်ဖီကေးရ် က အမ်ဘက်ပေးရဲ့ခါးကိုကျွမ်းကျင်ပိုင်နိုင်စွာထိတွေ့ပြီးဘောလုံးယှဉ် လုနေခဲ့ပါတယ်။အဲဒါနောက်ဘောလုံးကိုအဝေးဆုံးကိုကန်ထုတ်ခဲ့ပါတယ်။သို့သော်လည်း အမ်ဘက်ပေးက ရှက်ကိုးရှက်ကန်းဖြစ်ကာ ဒိုင်ဗင်ထိုးလဲချပါတယ်။အဲဒီအချိန်မှာသူကိုဘယ်သူမှအာရုံစိုက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
"အမ်ဘက်ပေးရဲ့ရယ်စရာကောင်းတဲ့ဒိုင်ဗင်နဲ့သရုပ်ဆောင်ချက်ကတွေက သူလုပ်လိုကိတော့မှမိသွားတယ်ဗျ”a
"သူအကောင်းဆုံးသူလုပ်ပြီး ဒိုင်ကိုရှင်းပြဖို့လုပိခဲ့တယ်။သူပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ် ကွင်းလယ်ဒိုင်က သူကို ဒိုင်ဗင်ပစ်လို့အဝါကဒ်ပြလိုက်တာသိပ်မှန်တယ်။"
"အမ်ဘက်ပေးက ဂျိူကာပဲဟ ဒီဒိုင်ဗင်ထိုးတာက အားလုံးထဲမှာအဆိုးဆုံးပဲ"
ဒီကိစ္စကိုမြင်တွေ့ပြီးတော့ အားလုံးစဉ်းစားမိကြတာတစ်ခုရှိတယ်။အဲဒါကတော့ အပ်ဘက်ပေးကနေမာနဲ့အချိန်တော်တော်များများရှိတာခဲ့ပြီး ဒီအကွက်ကိုနေမာသင်ပေးလိုက်တာဖြစ်မယ် လို့ထင်ကြမှာအမှန်ပါ။
Post a Comment