Header Ads


ေပါ့ဘာအတြက္ေပါင္သန္း၁၂၅အထိကမ္းလွမ္းလာတဲ့ရီးရဲလ္မက္ဒရစ္အသင္း



မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာကို ေပါင္ (၁၂၅)သန္းအထိ ေပးေခ်ျပီး ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္အသင္းဘက္က စီစဥ္ေနတယ္လိ႔ု သိရပါတယ္။

အသက္ (၂၆)ႏွစ္အရြယ္ ကစားသမားကို စပိန္အင္အားၾကီးကလပ္က ေခၚယူဖို႔ရာ အေလးအနက္ၾကိဳးပမ္းေနျပီး ကစားသမားကလည္း ရီးရဲလ္မွာ ကစားဖို႔ အိပ္မက္ရွိတယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။
ေပါ့ဂ္ဘာရဲ႕ ေျပာဆိုခ်က္အျပီးမွာ ရီးရဲလ္ဘက္က ပိုျပီးေတာ့ လႈပ္ရွားလာခဲ့တာျဖစ္ျပီးေတာ့ ကမၻာ့ဖလားခ်န္ပီယံဆုရွင္အတြက္ ျမင့္မားတဲ့ ေငြေၾကးကို ေပးေခ်ဖို႔ စီစဥ္လာတယ္လို႔ The Sun က ေဖာ္ျပခဲ့တာပါ။ ေပါ့ဂ္ဘာဟာ ယူႏိုက္တက္ကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၈၉)သန္းနဲ႔ ေျပာင္းေရြႊ႕ခဲ့စဥ္က ရီးရဲလ္မက္ဒရစ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ပါတယ္။


ကစားသမားအေနနဲ႔ အိုးထရက္ဖို႔ဒ္မွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာဆိုထားေပမယ့္လည္း သူ႔ရဲ႕ ကစားသမားဘ၀ကို ယူႏိုက္တက္မွာပဲ ကုန္ဆံုးသြားဖို႔ေတာ့ ဆႏၵမရွိဘူးလို႔ ဆိုပါတယ္။ ယူႏိုက္တက္ဘက္ကေတာ့ အသင္းမွာ အေကာင္းဆံုးပံုစံကို ျပသေနတဲ့ ျပင္သစ္ကြင္းလယ္လူကို ေရာင္းထုတ္ဖုိ႔ ဆႏၵမရွိေပမယ့္ ကစားသမားရဲ႕ ဆႏၵနဲ႔ ရီးရဲလ္ရဲ႕ ဆြဲေဆာင္မႈေတြက စိုးရိမ္စရာေတာ့ ျဖစ္ေနပါတယ္။

ယူႏိုက္တက္နဲ႔ နီးစပ္တဲ့သူတစ္ဦး ေျပာဆိုမႈကို ကိုးကားျပီး The Sun က ေဖာ္ျပခဲ့ရာမွာ ေပါ့ဂ္ဘာအေနနဲ႔ ဇီဒန္းရဲ႕ အသင္းအေပၚ ကိုင္တြယ္မႈပံုစံတစ္ခ်ိဳ႕ကို သေဘာက်ႏွစ္ျခိဳက္မႈ ရွိေနတယ္လို႔ ဆိုပါတယ္။ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ေပါ့ဂ္ဘာက စဥ္းစားေနခဲ့တုန္းကလည္း ေနာက္ဆံုးမိနစ္အခ်ိန္ေတြထိ ဇီဒန္းက ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ တိုက္တြန္းမႈေတြ ျပဳလုပ္ခဲ့ဖူးတယ္လို႔ အဆိုပါ နီးစပ္သူက ေျပာၾကားခဲ့ပါတယ္။



ရီးရဲလ္ကို ဒုတိယအၾကိမ္ ျပန္လည္ကိုင္တြယ္ေနတဲ့ ဇီဒန္းက အခုတစ္ခါမွာလည္း ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူဖို႔အတြက္ အားထည့္ၾကိဳးစားေနျပီး မိုဒရစ္ရဲ႕ ေနရာကို အေကာင္းဆံုးအစားထိုးႏိုင္မယ့္သူ ေပါ့ဂ္ဘာသာျဖစ္တယ္လို႔ ယံုၾကည္ေနတာပါ။ ဒါေပမယ့္ ဆိုးလ္ရွားကို ယူႏိုက္တက္က နည္းျပသစ္အျဖစ္ ခန္႔အပ္လိုက္ျပီျဖစ္လို႔ ဆိုးလ္ရွားနဲ႔ ရင္းႏွီးတဲ့ ေပါ့ဂ္ဘာအတြက္ အိုးထရက္ဖို႔ဒ္အနာဂတ္က တည္ျငိမ္လာဖြယ္လည္း ရွိတယ္လို႔ ယူဆရပါတယ္။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပေါင် (၁၂၅)သန်းအထိ ပေးချေပြီး ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က စီစဉ်နေတယ်လိ့ု သိရပါတယ်။

အသက် (၂၆)နှစ်အရွယ် ကစားသမားကို စပိန်အင်အားကြီးကလပ်က ခေါ်ယူဖို့ရာ အလေးအနက်ကြိုးပမ်းနေပြီး ကစားသမားကလည်း ရီးရဲလ်မှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ပေါ့ဂ်ဘာရဲ့ ပြောဆိုချက်အပြီးမှာ ရီးရဲလ်ဘက်က ပိုပြီးတော့ လှုပ်ရှားလာခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့ဖလားချန်ပီယံဆုရှင်အတွက် မြင့်မားတဲ့ ငွေကြေးကို ပေးချေဖို့ စီစဉ်လာတယ်လို့ The Sun က ဖော်ပြခဲ့တာပါ။ ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းနဲ့ ပြောင်းရွှေ့ခဲ့စဉ်က ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ကစားသမားအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုထားပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝကို ယူနိုက်တက်မှာပဲ ကုန်ဆုံးသွားဖို့တော့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ ယူနိုက်တက်ဘက်ကတော့ အသင်းမှာ အကောင်းဆုံးပုံစံကို ပြသနေတဲ့ ပြင်သစ်ကွင်းလယ်လူကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမယ့် ကစားသမားရဲ့ ဆန္ဒနဲ့ ရီးရဲလ်ရဲ့ ဆွဲဆောင်မှုတွေက စိုးရိမ်စရာတော့ ဖြစ်နေပါတယ်။
ယူနိုက်တက်နဲ့ နီးစပ်တဲ့သူတစ်ဦး ပြောဆိုမှုကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ရာမှာ ပေါ့ဂ်ဘာအနေနဲ့ ဇီဒန်းရဲ့ အသင်းအပေါ် ကိုင်တွယ်မှုပုံစံတစ်ချို့ကို သဘောကျနှစ်ခြိုက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် ပေါ့ဂ်ဘာက စဉ်းစားနေခဲ့တုန်းကလည်း နောက်ဆုံးမိနစ်အချိန်တွေထိ ဇီဒန်းက ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ဖူးတယ်လို့ အဆိုပါ နီးစပ်သူက ပြောကြားခဲ့ပါတယ်။

ရီးရဲလ်ကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်နေတဲ့ ဇီဒန်းက အခုတစ်ခါမှာလည်း ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့အတွက် အားထည့်ကြိုးစားနေပြီး မိုဒရစ်ရဲ့ နေရာကို အကောင်းဆုံးအစားထိုးနိုင်မယ့်သူ ပေါ့ဂ်ဘာသာဖြစ်တယ်လို့ ယုံကြည်နေတာပါ။ ဒါပေမယ့် ဆိုးလ်ရှားကို ယူနိုက်တက်က နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်လို့ ဆိုးလ်ရှားနဲ့ ရင်းနှီးတဲ့ ပေါ့ဂ်ဘာအတွက် အိုးထရက်ဖို့ဒ်အနာဂတ်က တည်ငြိမ်လာဖွယ်လည်း ရှိတယ်လို့ ယူဆရပါတယ်။

No comments

Powered by Blogger.