ယူနိုက္တက္ရဲ ့တရား၀င္အၿမဲတမ္းနည္းျပျဖစ္လာတဲ့အေပၚဂုဏ္ျပဳစကားဆိုခဲ့ၾကတဲ့ပိုခ်က္နဲ ့ဂြာဒီယိုလာ
ေတာ့တင္ဟမ္ ေဟာ့ စပါး နဲ႔ မန္ခ်က္စတာ စီးတီး အသင္း နည္းျပ ေတြ ျဖစ္ၾကတဲ့ ပိုခ်က္ တီႏို နဲ႔ ပက္ ဂြာဒီယိုလာ တို႔ ဟာ ၾကာသပေတး ေန႔ က မန္ခ်က္ စတာ ယူႏိုက္တက္ အသင္း ရဲ႕ အၿမဲတမ္း နည္းျပ အျဖစ္ ခန႔္အပ္ ျခင္း ခံ ခဲ့ ရတဲ့ အိုလီ ဂန္နာ ဆိုးရွား အေပၚ ဂုဏ္ျပဳ စကားေတြ အသိီးသီး ေျပာဆို သြားခဲ့ ၾက ပါတယ္ ။ ဆိုးရွား ဟာ ၾကာသပေတး ေန႔ က ယူႏိုက္တက္ အသင္းရဲ႕ အၿမဲတမ္း နည္းျပ ျဖစ္လာကာ ၃ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆို ခဲ့ ပါတယ္ ။
ဆိုးရွား ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ လ အလယ္ မွာ ယူႏိုက္တက္ အသင္း ကို ယာယီ ကိုင္တြယ္ ဖို႔ ေရာက္ရွိ လာခဲ့ ပါတယ္ ။ ဆိုးရွား လက္ထက္ မွာ ယူႏိုက္တက္ ရဲ႕ ရလဒ္ နဲ႔ ကစားပုံ ေတြ ေကာင္းမြန္ လာခဲ့ ၿပီး အဆင့္ ၄ ေနရာ ကို ၿခိမ္းေျခာက္ ႏိုင္သည္ အထိ တိုးတက္ လာခဲ့ ပါတယ္ ။
ယာယီ နည္းျပ အျဖစ္ နဲ႔ ၃ လ ၾကာ ကိုင္တြယ္ အၿပီး မွာေတာ့ ဆိုးရွား ဟာ တစ္ႏွစ္ လုပ္ခ ေပါင္ ရ.၅ သန္း နဲ႔ ယူႏိုက္တက္ အၿမဲတမ္း နည္းျပ ျဖစ္လာခဲ့ ပါတယ္ ။ ဒါေပမယ့္ စပါး အသင္း နည္းျပ ပိုခ်က္တီႏို ဟာ ယူႏိုက္တက္ နည္းျပ ျဖစ္လာ ဖို႔ အတြက္ အလား အလာ ရွိေန ေသးတယ္ လို႔ ထင္ျမင္ သူ အခ်ိဳ႕ ကေတာ့ ရွိေန ခဲ့ ပါေသးတယ္ ။
လီဗာပူး အသင္း နဲ႔ ကစားမယ့္ ပြဲႀကိဳ သတင္းစာ ရွင္းလင္း ပြဲ မွာ ယူႏိုက္တက္ နည္းျပ ရာထူး နဲ႔ ပတ္သက္ ၿပီး စပါး နည္းျပ ပိုခ်က္ တီႏို ကို ေမးျမန္း ခဲ့ၾက ပါတယ္ ။ ပိုခ်က္ တီႏို ကေတာ့ ဒီ ေမးခြန္း ကို ေျဖဆို သြားျခင္း မရွိဘဲ ဆိုးရွား ကိုေတာ့ ဂုဏ္ျပဳ ပါေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။
“ေကာလ ဟာလ ေတြ နဲ႔ ပတ္သက္ ၿပီး ကြၽန္ေတာ္ ဘယ္တုန္း က မွ မွတ္ခ်က္ မေပး ပါဘူး ။ ကြၽန္ေတာ့ အေနနဲ႔ ဆိုးရွား အတြက္ ဂုဏ္ယူ ေၾကာင္း ေျပာခ်င္ ပါတယ္ ၊ ၿပီးေတာ့ ေရွ႕ေလ်ာက္ သူ အေကာင္းဆုံး ျဖစ္ ဖို႔ လည္း ဆုေတာင္း ေပးခ်င္ ပါတယ္ ။ အခု သူ က မန္ခ်က္စတာ ယူႏိုက္တက္ ရဲ႕ တရားဝင္ နည္းျပ တစ္ေယာက္ ျဖစ္ သြားခဲ့ ပါၿပီ”
“အခု လို အခ်ိန္ ေတြ ဟာ ေကာလ ဟာလ ေတြ ထြက္တတ္ တဲ့ အခ်ိန္ ပါပဲ ။ ဒါေပမယ့္ ဒါေတြ နဲ႔ ပတ္သက္ ၿပီး ကြၽန္ေတာ္ ဘာ မွ ေျပာမွာ မဟုတ္ ပါဘူး ။ ဒါေတြ ကိုလည္း ကြၽန္ေတာ္ ဘာမွ တတ္ႏိုင္ မွာ မဟုတ္ ပါဘူး ။ ကြၽန္ေတာ္တို႔ ကိုယ္ လုပ္ စရာ ရွိတဲ့ အလုပ္ ကိုပဲ လုပ္ ရမွာပါ” လို႔ ပိုခ်က္တီႏို က ေျပာဆို သြားခဲ့ ပါတယ္ ။
မန္ယူႏိုက္တက္ ရဲ႕ ၿမိဳ႕ခံ ၿပိဳင္ဘက္ မန္ခ်က္စတာ စီးတီး အသင္း ရဲ႕ နည္းျပ ပက္ ဂြာဒီယိုလာ ကလည္း အခု လို ခမ္းနား တဲ့ အလုပ္ တစ္ခု ကို ရရွိ ခဲ့တဲ့ အတြက္ ဆိုးရွား ကို ဂုဏ္ျပဳ ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။
“ယူႏိုက္တက္ နည္းျပ အလုပ္ ဆိုတာ တကယ့္ ကို ေကာင္းလွ တဲ့ အခြင့္ အေရး တစ္ခု ပါ ။ ဆိုးရွား အတြက္ ဂုဏ္ယူ ပါတယ္ ။ သူ႔ လက္ထက္ မွာ ရလဒ္ေတြ တကယ္ ေကာင္းေအာင္ စြမ္းေဆာင္ ႏိုင္ ခဲ့ တာပါ ။ ေရွ႕ ေလ်ာက္ အေကာင္းဆုံး ျဖစ္ဖို႔ ကြၽန္ေတာ္ ဆုေတာင္း ေပး ပါတယ္” လို႔ ဂြာဒီယိုလာ က ေျပာဆို သြားခဲ့ ပါတယ္
မန္ခ်က္စတာ ယူႏိုက္တက္ ဟာ ယေန႔ ည ျမန္မာ စံေတာ္ခ်ိန္ ည ၉း၃၀ နာရီ မွာ ပရီးမီး ယားလိဂ္ ပြဲစဥ္ ၃၂ အျဖစ္ ၀က္ဖိုဒ့္ အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာ ျဖစ္ၿပီး စပါး နဲ႔ လီဗာပူး တို႔ ဆုံေတြ႕ ေနမႈ ကို အခြင့္ အေရး ယူႏိုင္ဖို႔ ႀကိဳးစား ရမွာ ျဖစ္ ပါတယ္ ။
(Unicode)
ယူနိုက်တက်ရဲ့တရားဝင်အမြဲတမ်းနည်းပြဖြစ်လာတဲ့အပေါ်ဂုဏ်ပြုစကားဆိုခဲ့ကြတဲ့ပိုချက်နဲ့ဂွာဒီယိုလာ
တော့တင်ဟမ် ဟော့ စပါး နဲ့ မန်ချက်စတာ စီးတီး အသင်း နည်းပြ တွေ ဖြစ်ကြတဲ့ ပိုချက် တီနို နဲ့ ပက် ဂွာဒီယိုလာ တို့ ဟာ ကြာသပတေး နေ့ က မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် ခြင်း ခံ ခဲ့ ရတဲ့ အိုလီ ဂန်နာ ဆိုးရှား အပေါ် ဂုဏ်ပြု စကားတွေ အသီးသီး ပြောဆို သွားခဲ့ ကြ ပါတယ် ။ ဆိုးရှား ဟာ ကြာသပတေး နေ့ က ယူနိုက်တက် အသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာကာ ၃ နှစ် စာချုပ် ချုပ်ဆို ခဲ့ ပါတယ် ။
ဆိုးရှား ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ အလယ် မှာ ယူနိုက်တက် အသင်း ကို ယာယီ ကိုင်တွယ် ဖို့ ရောက်ရှိ လာခဲ့ ပါတယ် ။ ဆိုးရှား လက်ထက် မှာ ယူနိုက်တက် ရဲ့ ရလဒ် နဲ့ ကစားပုံ တွေ ကောင်းမွန် လာခဲ့ ပြီး အဆင့် ၄ နေရာ ကို ခြိမ်းခြောက် နိုင်သည် အထိ တိုးတက် လာခဲ့ ပါတယ် ။
ယာယီ နည်းပြ အဖြစ် နဲ့ ၃ လ ကြာ ကိုင်တွယ် အပြီး မှာတော့ ဆိုးရှား ဟာ တစ်နှစ် လုပ်ခ ပေါင် ရ.၅ သန်း နဲ့ ယူနိုက်တက် အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ ပါတယ် ။ ဒါပေမယ့် စပါး အသင်း နည်းပြ ပိုချက်တီနို ဟာ ယူနိုက်တက် နည်းပြ ဖြစ်လာ ဖို့ အတွက် အလား အလာ ရှိနေ သေးတယ် လို့ ထင်မြင် သူ အချို့ ကတော့ ရှိနေ ခဲ့ ပါသေးတယ် ။
လီဗာပူး အသင်း နဲ့ ကစားမယ့် ပွဲကြို သတင်းစာ ရှင်းလင်း ပွဲ မှာ ယူနိုက်တက် နည်းပြ ရာထူး နဲ့ ပတ်သက် ပြီး စပါး နည်းပြ ပိုချက် တီနို ကို မေးမြန်း ခဲ့ကြ ပါတယ် ။ ပိုချက် တီနို ကတော့ ဒီ မေးခွန်း ကို ဖြေဆို သွားခြင်း မရှိဘဲ ဆိုးရှား ကိုတော့ ဂုဏ်ပြု ပါကြောင်း ပြောဆို သွားခဲ့ ပါတယ် ။
“ကောလ ဟာလ တွေ နဲ့ ပတ်သက် ပြီး ကျွန်တော် ဘယ်တုန်း က မှ မှတ်ချက် မပေး ပါဘူး ။ ကျွန်တော့ အနေနဲ့ ဆိုးရှား အတွက် ဂုဏ်ယူ ကြောင်း ပြောချင် ပါတယ် ၊ ပြီးတော့ ရှေ့လျောက် သူ အကောင်းဆုံး ဖြစ် ဖို့ လည်း ဆုတောင်း ပေးချင် ပါတယ် ။ အခု သူ က မန်ချက်စတာ ယူနိုက်တက် ရဲ့ တရားဝင် နည်းပြ တစ်ယောက် ဖြစ် သွားခဲ့ ပါပြီ”
“အခု လို အချိန် တွေ ဟာ ကောလ ဟာလ တွေ ထွက်တတ် တဲ့ အချိန် ပါပဲ ။ ဒါပေမယ့် ဒါတွေ နဲ့ ပတ်သက် ပြီး ကျွန်တော် ဘာ မှ ပြောမှာ မဟုတ် ပါဘူး ။ ဒါတွေ ကိုလည်း ကျွန်တော် ဘာမှ တတ်နိုင် မှာ မဟုတ် ပါဘူး ။ ကျွန်တော်တို့ ကိုယ် လုပ် စရာ ရှိတဲ့ အလုပ် ကိုပဲ လုပ် ရမှာပါ” လို့ ပိုချက်တီနို က ပြောဆို သွားခဲ့ ပါတယ် ။
မန်ယူနိုက်တက် ရဲ့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်း ရဲ့ နည်းပြ ပက် ဂွာဒီယိုလာ ကလည်း အခု လို ခမ်းနား တဲ့ အလုပ် တစ်ခု ကို ရရှိ ခဲ့တဲ့ အတွက် ဆိုးရှား ကို ဂုဏ်ပြု ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။
“ယူနိုက်တက် နည်းပြ အလုပ် ဆိုတာ တကယ့် ကို ကောင်းလှ တဲ့ အခွင့် အရေး တစ်ခု ပါ ။ ဆိုးရှား အတွက် ဂုဏ်ယူ ပါတယ် ။ သူ့ လက်ထက် မှာ ရလဒ်တွေ တကယ် ကောင်းအောင် စွမ်းဆောင် နိုင် ခဲ့ တာပါ ။ ရှေ့ လျောက် အကောင်းဆုံး ဖြစ်ဖို့ ကျွန်တော် ဆုတောင်း ပေး ပါတယ်” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ်
မန်ချက်စတာ ယူနိုက်တက် ဟာ ယနေ့ ည မြန်မာ စံတော်ချိန် ည ၉း၃၀ နာရီ မှာ ပရီးမီး ယားလိဂ် ပွဲစဉ် ၃၂ အဖြစ် ဝက်ဖိုဒ့် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး စပါး နဲ့ လီဗာပူး တို့ ဆုံတွေ့ နေမှု ကို အခွင့် အရေး ယူနိုင်ဖို့ ကြိုးစား ရမှာ ဖြစ် ပါတယ် ။
Post a Comment