အစၥကို၊ဂရတ္ေဘးတို ့ရဲ ့ဂိုးေတြနဲ့အတူပြဲဦးထြက္နိုင္ပြဲေတြနဲ ့ျပန္လာနိုင္ခဲ့တဲ့ဇီဒန္း
ရီးရဲအသင္းအေနနဲ႔ နည္းျပ ဇီဒန္းလက္ထက္ ပထမဆုံး ႏိုင္ပြဲ ရခဲ့တယ္ဆိုေပမယ့္ ပရိသတ္ေတြကေတာ့ ေရာ္နယ္ဒို မရွိေတာ့လို႔ ဇီဒန္းလည္း ဘာမွ တတ္ႏိုင္မွာ မဟုတ္ဘူးလို႔ ေ၀ဖန္မႈေတြ ရွိေနၾကတာပါ။
ရီးရဲမက္ဒရစ္အသင္းဟာ နည္းျပေဟာင္း ဇီဒန္းကို နည္းျပအျဖစ္ ျပန္လည္ခန္႔အပ္ခဲ့ၿပီးေနာက္ ပထမဆုံး စတင္ တာ၀န္ယူတဲ့ပြဲမွာပဲ ၂-၀ ဂိုးနဲ႔ ဆဲလ္တာဗီဂိုကို အႏိုင္ယူခဲ့ပါတယ္။
နည္းျပ ဇီဒန္းအေနနဲ႔ ရီးရဲအသင္းကို ကိုင္တြယ္ခဲ့စဥ္မွာ ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္ရယူေပးႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၁၀ လေလာက္ကမွအသင္းနဲ႔ လမ္းခြဲထားသူ ျဖစ္ပါတယ္။
ဇီဒန္းအသင္းနဲ႔ လမ္းခြဲခဲ့တာေၾကာင့္ ရီးရဲအသင္းဟာ နည္းျပ ၂ ဦးကို ဒီၾကားထဲမွာ အစားထိုး ခန္႔အပ္မႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္လည္း လိုအပ္တဲဲ့ အႏိုင္ရလဒ္ေတြကို စြမ္းေဆာင္ေပးႏိုင္ျခင္းေတာ့ မရွိေပ။
ဒါေၾကာင့္လည္း ဥကၠဌ ပီရက္ဇ္က နည္းျပေဟာင္း ဇီဒန္းကို ျပန္လည္ခန္႔အပ္ခဲ့ရတာျဖစ္ၿပီး ပထမဆုံး စတင္ တာ၀န္ယူတဲ့ပြဲမွာပဲ ၂ ဂိုးျပတ္နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာပါ။
ရီးရဲအသင္းအတြက္ ဂိုးေတြကိုေတာ့ ကြင္းလယ္လူ အစၥကိုနဲ႔ ဂါရတ္ေဘးလ္တို႔က အသီးသီး သြင္းယူေပးခဲ့ၾက တာ ျဖစ္ပါတယ္။
ထူးျခားခ်က္ကေတာ့ ယခင္ နည္းျပ ဆိုလာရီလက္ထက္မွာ ပုံမွန္ ပြဲထြက္ခြင့္ေပးေနတဲ့ ဂိုးသမား ေကာ္တိုရစ္ကို အရန္ခုံ ပို႔ခဲ့ၿပီး သူ ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္ ရရွိခဲဲ့စဥ္က သူနဲ႔အတူ စြမ္းေဆာင္ေပးခဲ့တဲ့ ဂိုးသမား နာဗက္စ္ကို ျပန္လည္ပြဲထုတ္လာတာလညး္ ျဖစ္ပါတယ္။
ရီးရဲ မက္ဒရစ္ ပရိသတ္ေတြကေတာ့ ဇီဒန္း ျပန္လာေပမယ့္လည္း ေရာ္နယ္ဒို မရွိေတာ့တာေၾကာင့္ ဘာမွ တတ္ႏိုင္ေတာ့မွာ မဟုတ္ဘူးလု႔ိ ေ၀ဖန္သံေတြ ရွိေနေပမယ့္လည္း အဖြင့္ပြဲမွာ ေပးဂိုး မရွိ အႏိုင္ယူႏုိင္တာက ေတာ့ ဇီဒန္းရဲ႕ အေတြ႕အၾကဳံ ရင့္က်က္မႈကို ေလးစားရပါမယ္။
ဇီဒန္းအေနနဲ႔ ရီးရဲအသင္းကို တာ၀န္ယူကိုင္တြယ္ဖို႔ လာလီဂါ ၁၀ ပြဲသာ က်န္ရိွေတာ့ၿပီး ဒီ ၁၀ ပြဲကို အႏိုင္ယူႏိုင္မယ္ဆိုရင္ေတာ့ ေသခ်ာတာက လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ဇီဒန္း ျပန္ေရာက္လာလို႔ တပည့္ေဟာင္းေတြ ျဖစ္တဲ့ မာဆယ္လို၊ရာမုိ႔စ္တို႔ကို အသင္းမွာ ဆက္လက္ ထိန္းသိမ္း ထားႏို္င္ဖို႔ အခြင့္အေရးမ်ားေနတာလည္း ျဖစ္ပါတယ္။
ရီးရဲအသင္းကေတာ့ လာမယ့္ အပတ္မွာ ဟူစကာအသင္းနဲ႔ ဆက္လက္ကစားရဖို႔ ရွိေနၿပီး ပထမေက်ာ့တုန္းက ၁-၀ ဂိုးနဲ႔သာ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ အႏိုင္ယူထားပါတယ္။
credit
(Unicode)
ရီးရဲအသင်းအနေနဲ့ နည်းပြ ဇီဒန်းလက်ထက် ပထမဆုံး နိုင်ပွဲ ရခဲ့တယ်ဆိုပေမယ့် ပရိသတ်တွေကတော့ ရော်နယ်ဒို မရှိတော့လို့ ဇီဒန်းလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေကြတာပါ။
ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြဟောင်း ဇီဒန်းကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီးနောက် ပထမဆုံး စတင် တာဝန်ယူတဲ့ပွဲမှာပဲ ၂-၀ ဂိုးနဲ့ ဆဲလ်တာဗီဂိုကို အနိုင်ယူခဲ့ပါတယ်။
နည်းပြ ဇီဒန်းအနေနဲ့ ရီးရဲအသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ ချန်ပီယံလိဂ် ၃ နှစ်ဆက်ရယူပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁၀ လလောက်ကမှအသင်းနဲ့ လမ်းခွဲထားသူ ဖြစ်ပါတယ်။
ဇီဒန်းအသင်းနဲ့ လမ်းခွဲခဲ့တာကြောင့် ရီးရဲအသင်းဟာ နည်းပြ ၂ ဦးကို ဒီကြားထဲမှာ အစားထိုး ခန့်အပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လိုအပ်တဲ့ အနိုင်ရလဒ်တွေကို စွမ်းဆောင်ပေးနိုင်ခြင်းတော့ မရှိပေ။
ဒါကြောင့်လည်း ဥက္ကဌ ပီရက်ဇ်က နည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခန့်အပ်ခဲ့ရတာဖြစ်ပြီး ပထမဆုံး စတင် တာဝန်ယူတဲ့ပွဲမှာပဲ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ရီးရဲအသင်းအတွက် ဂိုးတွေကိုတော့ ကွင်းလယ်လူ အစ္စကိုနဲ့ ဂါရတ်ဘေးလ်တို့က အသီးသီး သွင်းယူပေးခဲ့ကြ တာ ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ယခင် နည်းပြ ဆိုလာရီလက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ပေးနေတဲ့ ဂိုးသမား ကော်တိုရစ်ကို အရန်ခုံ ပို့ခဲ့ပြီး သူ ချန်ပီယံလိဂ် ၃ နှစ်ဆက် ရရှိခဲ့စဉ်က သူနဲ့အတူ စွမ်းဆောင်ပေးခဲ့တဲ့ ဂိုးသမား နာဗက်စ်ကို ပြန်လည်ပွဲထုတ်လာတာလည်း ဖြစ်ပါတယ်။
ရီးရဲ မက်ဒရစ် ပရိသတ်တွေကတော့ ဇီဒန်း ပြန်လာပေမယ့်လည်း ရော်နယ်ဒို မရှိတော့တာကြောင့် ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူးလု့ိ ဝေဖန်သံတွေ ရှိနေပေမယ့်လည်း အဖွင့်ပွဲမှာ ပေးဂိုး မရှိ အနိုင်ယူနိုင်တာက တော့ ဇီဒန်းရဲ့ အတွေ့အကြုံ ရင့်ကျက်မှုကို လေးစားရပါမယ်။
ဇီဒန်းအနေနဲ့ ရီးရဲအသင်းကို တာဝန်ယူကိုင်တွယ်ဖို့ လာလီဂါ ၁၀ ပွဲသာ ကျန်ရှိတော့ပြီး ဒီ ၁၀ ပွဲကို အနိုင်ယူနိုင်မယ်ဆိုရင်တော့ သေချာတာက လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ဖြစ်ပြီး နောက်တစ်ခုကတော့ ဇီဒန်း ပြန်ရောက်လာလို့ တပည့်ဟောင်းတွေ ဖြစ်တဲ့ မာဆယ်လို၊ရာမို့စ်တို့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားနိုင်ဖို့ အခွင့်အရေးများနေတာလည်း ဖြစ်ပါတယ်။
ရီးရဲအသင်းကတော့ လာမယ့် အပတ်မှာ ဟူစကာအသင်းနဲ့ ဆက်လက်ကစားရဖို့ ရှိနေပြီး ပထမကျော့တုန်းက ၁-၀ ဂိုးနဲ့သာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ယူထားပါတယ်။
Post a Comment