Header Ads


ခ်ဲလ္ဆီးနည္းျပအျဖစ္ဘယ္သူမွမလုပ္ခ်င္ၾကေတာ့တာေၾကာင့္ ဆာရီဆက္ရိွေနမည္။


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အျပာေရာင္ျခေသၤ့တို ့ရဲ ့ခံစစ္မွဴးေဟာင္းက ခ်ယ္လ္ဆီးနည္းျပအလုပ္အျဖစ္ဘယ္သူမွမလိုုခ်င္ၾကတာေၾကာင့္ ဆာရီဟာ နည္းျပအျဖစ္ဆက္ရိွေနလိမ့္မယ္လို ့ေျပာၾကားခဲ့ပါတယ္။မာရီယိုမယ္လ္ခ်ီရက္က အဆိုပါေမးခြန္းကိုလက္ရိွနည္းျပကိုေမးသင့္တယ္လို ့ေျပာၾကားခဲ့ပါတယ္။၂၀၁၈-၁၉  ရာသီအစမွာေတာ့ခ်ဲလ္ဆီးအသင္းဟာ အေကာင္းဆံုးအဖြင့္လွခဲ့ၿပီးေနာက္ ဇာတ္ရည္လည္လာတဲ့အခ်ိန္မွာ အလြဲေတြျဖစ္လာသလို ရာသီၿပီးဆံုးခါနီးအခ်ိန္မွာေတာ့ ဒလိမ့္ေကာက္ေကြးက်ေတာ့မယ့္ပံုစံျဖစ္ေနပါတယ္။ခ်ဲလ္ဆီးအသင္းဟာ အဆင့္၄အတြင္းရပ္တည္ေနေသးသလို ယူရိုပါလိပ္မွာလည္းေအာင္ျမင္မႈရဖို ့ေမ ွ်ာ္မွန္းနိုင္ေသာ္လည္း အေ၀းကြင္းပြဲေတြမွာအေတာ္ေလးရုန္းကန္ေနရၿပီး ေခါင္းမာတဲ့နည္းျပရဲ့ နည္းစနစ္မွာ အသင္းဟာပင္ပန္းေနတာကိုေတြ ့ခဲ့ရပါတယ္။

နည္းျပဆာရီရဲ ့အဂၤလန္ျပည္ပထမဆံုးခရီးစဥ္မွာေတာ့ ရလဒ္ေတြအရ အခ်ိန္ေပးခံရဖုိ ့ရိွေနၿပီး ဒီရာသီမွာ နည္းျပအသစ္နဲ ့အစားထိုးဖို ့ဆိုတာေတြးရံုနဲ ့တင္မျဖစ္နိုင္ဘူးလို ့မယ္ခ်ီရက္က ယံုၾကည္ေနပါတယ္။
Express Sport ကိုေျပာၾကားခဲ့ရာမွာေတာ့ဒီလိုေရြးခ်ယ္မႈျဖစ္လာနိုင္စရာအေၾကာင္းမရိွပါဘူး။ဘယ္ေလာက္ပဲလြဲေခ်ာ္ေနပါေစ။အခုသူတို ့ဆာရီကို ထြက္ေစခ်င္ေနတယ္။ဒါမယ့္ ေနာက္ထပ္နည္းျပကအလုပ္လုပ္ခ်င္ေသးလားသူတို ့မသိဘူး။ဆာရီဘက္ကလည္း ဒီတစ္သင္းလံုးကို ေျပာင္းလဲနိုင္တဲ့ ျဖစ္နိုင္စရာေတြရိွမထားပါဘူး။အဲ့ေတာ့ ခင္ဗ်ားက မန္ေနဂ်ာအသစ္လိုတယ္။အဲ့မန္ေနဂ်ာက ဒီလူစာရင္းထဲအရည္အေသြးရိွတဲ့သူေတြ မေခၚလို ့မရဘူးဆိုရင္သူလည္း ဒီအလုပ္ကို လုိခ်င္မွာမဟုတ္ပါဘူး။သူကဒီလိုေျပာမွာေပါ့။ငါထြက္သြားတဲ့ေနရာမွာလာထိုင္ခ်င္ထိုင္မယ္။ေနာက္ထပ္အသင္းတစ္သင္းရဖို ့ေစာင့္ေနရင္းနဲ့ ေပါ့။လို ့ေျပာၾကားခဲ့ပါတယ္။


မယ္လ္ခ်ီရက္ကေတာ့ လန္ဒန္ကလပ္မွာ ဖရိုဖရဲေတြျဖစ္ေနတာဟာ ၿပီးခဲ့တဲ့ေႏြရာသီက ျဖည့္တင္းမႈေတြမျပဳလုပ္နိုင္ခဲ့လို ့ယံုၾကည္ေနပါတယ္။နယ္သာလန္လက္ေရြးစင္ေနာက္ခံလူေဟာင္းၾကီးကရာသီအစကအေျခအေနေတြကို ကၽြန္ေတာ္သံသယေတာင္ျဖစ္ေနခဲ့တာ။ဘာလို ့လဲဆိုေတာ့ ဆာရီက သူ ့ကစားကြက္နဲ ့လိုအပ္တဲ့ကစားသမားေတာ္ေတာ္မ်ားမ်ားေခၚယူနိုင္ျခင္းမရိွဘူးေလ။အဲ့ေတာ့ သူ ့ေဘးနားကရိွၿပီးသားလူေတြနဲ ့အလုပ္လုပ္ရေတာ့တာေပါ့။၀ိုး !သူ ့ရဲ ့နည္းစနစ္ပိုင္းနဲ ့ကစားသမားေတြေရာက အရမ္းေကာင္းတယ္လို ့ကၽြန္ေတာ္ထင္ခဲ့မိတာ။ၿပီးေတာ့ ေျခေခ်ာ္ေတြလဲကုန္ေရာဗ်ာ။ကၽြန္ေတာတို ့ေတြဟာ ဒီက်ရံႈးမႈကေနသင္ခန္းစာယူၿပီးျပန္လာနိုင္ရမယ္၊လို ့ေျပာၾကားခဲ့ပါေသးတယ္။


ခ်ဲလ္ဆီးအသင္းဟာ အဲဗာတန္အသင္းကို - ျဖင့္အေ၀းကြင္းမွာရံႈးနိမ့္ခဲ့ၿပီးေနာက္ အဆင့္၆အတြင္း အဆင့္၄ထဲ၀င္ဖို ့အမွတ္ကြာဟျခင္းမရိွသလို ဟိုမေရာက္ဒီမေရာက္နဲ ့မေယာင္မလည္ျဖစ္ေနတာပဲျဖစ္ပါတယ္။

(Unicode)

ချဲလ်ဆီးနည်းပြအဖြစ်ဘယ်သူမှမလုပ်ချင်ကြတော့တာကြောင့် ဆာရီဆက်ရှိနေမည်။



အပြာရောင်ခြင်္သေ့တို့ရဲ့ခံစစ်မှူးဟောင်းက ချယ်လ်ဆီးနည်းပြအလုပ်အဖြစ်ဘယ်သူမှမလိုချင်ကြတာကြောင့် ဆာရီဟာ နည်းပြအဖြစ်ဆက်ရှိနေလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။မာရီယိုမယ်လ်ချီရက်က အဆိုပါမေးခွန်းကိုလက်ရှိနည်းပြကိုမေးသင့်တယ်လို့ပြောကြားခဲ့ပါတယ်။၂၀၁၈-၁၉  ရာသီအစမှာတော့ချဲလ်ဆီးအသင်းဟာ အကောင်းဆုံးအဖွင့်လှခဲ့ပြီးနောက် ဇာတ်ရည်လည်လာတဲ့အချိန်မှာ အလွဲတွေဖြစ်လာသလို ရာသီပြီးဆုံးခါနီးအချိန်မှာတော့ ဒလိမ့်ကောက်ကွေးကျတော့မယ့်ပုံစံဖြစ်နေပါတယ်။ချဲလ်ဆီးအသင်းဟာ အဆင့်၄အတွင်းရပ်တည်နေသေးသလို ယူရိုပါလိပ်မှာလည်းအောင်မြင်မှုရဖို့မေ ျှာ်မှန်းနိုင်သော်လည်း အဝေးကွင်းပွဲတွေမှာအတော်လေးရုန်းကန်နေရပြီး ခေါင်းမာတဲ့နည်းပြရဲ့ နည်းစနစ်မှာ အသင်းဟာပင်ပန်းနေတာကိုတွေ့ခဲ့ရပါတယ်။

နည်းပြဆာရီရဲ့အင်္ဂလန်ပြည်ပထမဆုံးခရီးစဉ်မှာတော့ ရလဒ်တွေအရ အချိန်ပေးခံရဖို့ရှိနေပြီး ဒီရာသီမှာ နည်းပြအသစ်နဲ့အစားထိုးဖို့ဆိုတာတွေးရုံနဲ့တင်မဖြစ်နိုင်ဘူးလို့မယ်ချီရက်က ယုံကြည်နေပါတယ်။
Express Sport ကိုပြောကြားခဲ့ရာမှာတော့ “ ဒီလိုရွေးချယ်မှုဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဘယ်လောက်ပဲလွဲချော်နေပါစေ။အခုသူတို့ဆာရီကို ထွက်စေချင်နေတယ်။ဒါမယ့် နောက်ထပ်နည်းပြကအလုပ်လုပ်ချင်သေးလားသူတို့မသိဘူး။ဆာရီဘက်ကလည်း ဒီတစ်သင်းလုံးကို ပြောင်းလဲနိုင်တဲ့ ဖြစ်နိုင်စရာတွေရှိမထားပါဘူး။အဲ့တော့ ခင်ဗျားက မန်နေဂျာအသစ်လိုတယ်။အဲ့မန်နေဂျာက ဒီလူစာရင်းထဲအရည်အသွေးရှိတဲ့သူတွေ မခေါ်လို့မရဘူးဆိုရင်သူလည်း ဒီအလုပ်ကို လိုချင်မှာမဟုတ်ပါဘူး။သူကဒီလိုပြောမှာပေါ့။ငါထွက်သွားတဲ့နေရာမှာလာထိုင်ချင်ထိုင်မယ်။နောက်ထပ်အသင်းတစ်သင်းရဖို့စောင့်နေရင်းနဲ့ ပေါ့။” လို့ပြောကြားခဲ့ပါတယ်။

မယ်လ်ချီရက်ကတော့ လန်ဒန်ကလပ်မှာ ဖရိုဖရဲတွေဖြစ်နေတာဟာ ပြီးခဲ့တဲ့နွေရာသီက ဖြည့်တင်းမှုတွေမပြုလုပ်နိုင်ခဲ့လို့ယုံကြည်နေပါတယ်။နယ်သာလန်လက်ရွေးစင်နောက်ခံလူဟောင်းကြီးက ” ရာသီအစကအခြေအနေတွေကို ကျွန်တော်သံသယတောင်ဖြစ်နေခဲ့တာ။ဘာလို့လဲဆိုတော့ ဆာရီက သူ့ကစားကွက်နဲ့လိုအပ်တဲ့ကစားသမားတော်တော်များများခေါ်ယူနိုင်ခြင်းမရှိဘူးလေ။အဲ့တော့ သူ့ဘေးနားကရှိပြီးသားလူတွေနဲ့အလုပ်လုပ်ရတော့တာပေါ့။ဝိုး !သူ့ရဲ့နည်းစနစ်ပိုင်းနဲ့ကစားသမားတွေရောက အရမ်းကောင်းတယ်လို့ကျွန်တော်ထင်ခဲ့မိတာ။ပြီးတော့ ခြေချော်တွေလဲကုန်ရောဗျာ။ကျွန်တောတို့တွေဟာ ဒီကျရှုံးမှုကနေသင်ခန်းစာယူပြီးပြန်လာနိုင်ရမယ်၊ “လို့ပြောကြားခဲ့ပါသေးတယ်။

ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်းကို ၂-၀ ဖြင့်အဝေးကွင်းမှာရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်၆အတွင်း အဆင့်၄ထဲဝင်ဖို့အမှတ်ကွာဟခြင်းမရှိသလို ဟိုမရောက်ဒီမရောက်နဲ့မယောင်မလည်ဖြစ်နေတာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.