Header Ads
ဘောလုံးလောကရဲ့ ပါရမီရှင်၃ယောက်ဆိုတာဘယ်သူတွေလဲပြောပြလိုက်တဲ့ကာပယ်လို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘောလုံးလောကရဲ့ ပါရမီရှင်၃ယောက်ဆိုတာဘယ်သူတွေလဲပြောပြလိုက်တဲ့ကာပယ်ဟို
ဖာဘီယိုကာပယ်ဟိုကတော့ ခရစ်စတီယာနိုရိုနယ်ဒိုဟာ ဘောလုံးလောကရဲ့ ပါရမီရှင်၃ယောက်ထဲမှာ မပါဘူးလို့သေချာပေါက်ရှင်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ချန်ပီယံလိပ်ပွဲအဖြစ် အေတီကိုနဲ့ ပွဲမှာ ဘော်လွန်ဒီအော်၅ကြိမ်ဆုရရိုနယ်ဒိုက ဟတ်ထရစ်သွင်းယူပြီးနောက် သူ့အပေါ်ဝေဖန်မှုတွေကိုချေပခဲ့ပါတယ်။
တကယ်ပါ။ကာပယ်လိုဟာ ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ရိုနယ်ဒိုရဲ့အရည်အသွေးကိုချီးကျူးခဲ့ပါတယ်။ဒါပင်မယ့်လည်း သူဟာ ဘောလုံးလောကရဲ့ ပါရမီရှင် ၃ပါးထဲမှာ ရိုနယ်ဒိုကိုထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပါဘူး။အင်္ဂလန်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်မန်နေဂျာဟောင်းရဲ့ အဆိုအရဘောလုံးလောကရဲ့ ပါရမီရှင်ကစားသမား၃ယောက်စာရင်းမှာ မက်ဆီ၊ပီလီနဲ့ မာရာဒိုနာတို့ကိုရွေးချယ်ခဲ့ပါတယ်။
" ရိုနယ်ဒိုဟာ သာမန်ထက်ထူးခြားတဲ့ကစားသမားပါ။ဒါပင်မယ့်မက်ဆီသာ ပါရမီရှင်တစ်ယောက်ပါ။ဘောလုံးလောကမှာပါရမီရှင်၃ပါးပဲရှိတယ်။မက်ဆီ၊မာရာဒိုနာနဲ့ ပီလီပါ။ရိုနယ်ဒိုက အရာတိုင်းကိုအနိုင်ယူနိုင်သည်အထိသန်မာပါတယ်။ဒါပင်မယ့်မက်ဆီကသာ တစ်စုံတစ်ရာ ပါရမီရှင်တစ်ပါးပါ။ဒီနေ့လုပ်ပြခဲ့သလိုပဲ သူဟာထပ်တူညီစွာလုပ်ပြနေဆဲပါ။အသက်၂၀အရွယ်လုူငယ်လေးလိုပါပဲ။သူဟာပါရမီရှင်တစ်ယောက်အဖြစ်မွေးဖွားလာတာပါ။တခြားသူတွေမမြင်ဖူးတဲ့အရာကိုသူဖန်တီးခဲ့တာပါ။ရိုနယ်ဒိုဟာ ချန်ပီယံအဖြစ်ပဲသက်သေပြနိုင်ထားတာပါ။ပါရမီရှင်တစ်ဦးအနေနဲ့ တော့မဟုတ်ပါဘူး။"
ကာပယ်လို ရဲ့ ထင်မြင်ချက်ကို သင်ရောလက်ခံသဘောတူလား?
No comments
Powered by Blogger.