Header Ads


ၾကယ္စစ္စုအသင္းကိုျပန္လည္တည္ေဆာက္ဖို ့ေပါင္သန္း၅၀၀ေက်ာ္အထိသံုးမယ့္ဇီဒန္း



ရီးယဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ႔ ဘတ္ပီ၊ ေပါ့ဂ္ဘာနဲ႔ ဟာဇက္တို႔ကိုေခၚယူဖို႔အတြက္ ယူရိုသန္း ၅၀၀အထိ သံုးဖို႔ရွိေနတယ္လို႔ ျပင္သစ္သတင္းစာ  L’Equipe ကေဖာ္ျပခဲ႔ပါတယ္။


ရီးယဲလ္မက္ဒရစ္နည္းျပ ဇီဒန္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ အႀကီးမားဆံုး လႈပ္ရွားမႈတစ္ခုလုပ္ဖို႔ရွိေနပါတယ္။ ဒီလႈပ္ရွားမႈကေတာ့ ကမာၻ႔ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ႔ ဘတ္ပီ၊ ေပါ့ဂ္ဘာနဲ႔ ဟာဇက္တို႔ကို တၿပိဳင္နက္တည္းေခၚယူဖို႔ ႀကိဳးစားေနတာပါ။ ျပင္သစ္သတင္းစာ L’Equipe ရဲ႕ေဖာ္ျပခ်က္အရ ဇီဒန္းဟာ ဒီကစားသမားသံုးဦးအတြက္ ေျပာင္းေရႊ႕စရိတ္ ယူရိုသန္း ၅၀၀ (ေပါင္သန္း ၄၂၇သန္း) သံုးမယ္လို႔သိရပါတယ္။


တိုက္စစ္မွဴး ခရစၥတီယာႏိုေရာ္နယ္ဒို ဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕ၿပီးေနာက္ပိုင္း ဆိုးရြားလာတဲ႔ အသင္းတိုက္စစ္ပိုင္းအတြက္ ရီးယဲလ္မက္ဒရစ္အသင္းျပန္လည္ျပင္ဆင္ေနၿပီး တိုက္စစ္ကစားသမားေတြကို ေခၚယူဖို႔အတြက္ စီစဥ္ေနတာပါ။ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ဘတ္ပီ၊ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာနဲ႔ ခ်ယ္လ္ဆီးတိုက္စစ္မွဴး ဟာဇက္တို႔သံုးဦးအျပင္ လီဗာပူးလ္တိုက္စစ္မွဴး မာေနးကိုလည္း ကမ္းလွမ္းဖို႔ စီစဥ္ေနပါတယ္။
ရီးယဲလ္မက္ဒရစ္အသင္းဟာ ဒီႏွစ္ေဘာလံုးရာသီမွာ ရလဒ္ေတြဆိုးရြားေနလို႔ နည္းျပ ဆိုလာရီကို ထုတ္ပယ္ၿပီး ဇီဒန္းနဲ႔အစားထိုးခန္႔အပ္ခဲ႔တာပါ။ လက္ရွိ လာလီဂါမွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ႔ အဓိကၿပိဳင္ဖက္ ဘာစီလိုနာနဲ႔ ၁၂မွတ္အထိကြာဟေနၿပီး ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာလည္း ေအဂ်က္ဇ္ကို ရွုံးၿပီးထြက္ခဲ႔ရပါတယ္။ ဒါေၾကာင့္ လာမယ့္ ရာသီမွာ အသင္းကို အေျပာင္းအလဲႀကီးႀကီးမားမား ျပဳလုပ္ဖြယ္ရွိေနၿပီး ကစားသမားအမ်ားစုကို ထုတ္ေရာင္းဖြယ္လည္းရွိေနပါတယ္။

(Unicode)

ကြယ်စစ်စုအသင်းကိုပြန်လည်တည်ဆောက်ဖို့ပေါင်သန်း၅၀၀ကျော်အထိသုံးမယ့်ဇီဒန်း

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘတ်ပီ၊ ပေါ့ဂ်ဘာနဲ့ ဟာဇက်တို့ကိုခေါ်ယူဖို့အတွက် ယူရိုသန်း ၅၀၀အထိ သုံးဖို့ရှိနေတယ်လို့ ပြင်သစ်သတင်းစာ  L’Equipe ကဖော်ပြခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အကြီးမားဆုံး လှုပ်ရှားမှုတစ်ခုလုပ်ဖို့ရှိနေပါတယ်။ ဒီလှုပ်ရှားမှုကတော့ ကမ္ဘာ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘတ်ပီ၊ ပေါ့ဂ်ဘာနဲ့ ဟာဇက်တို့ကို တပြိုင်နက်တည်းခေါ်ယူဖို့ ကြိုးစားနေတာပါ။ ပြင်သစ်သတင်းစာ L’Equipe ရဲ့ဖော်ပြချက်အရ ဇီဒန်းဟာ ဒီကစားသမားသုံးဦးအတွက် ပြောင်းရွှေ့စရိတ် ယူရိုသန်း ၅၀၀ (ပေါင်သန်း ၄၂၇သန်း) သုံးမယ်လို့သိရပါတယ်။
တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို ဂျုဗင်တပ်ကိုပြောင်းရွှေ့ပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ အသင်းတိုက်စစ်ပိုင်းအတွက် ရီးယဲလ်မက်ဒရစ်အသင်းပြန်လည်ပြင်ဆင်နေပြီး တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့အတွက် စီစဉ်နေတာပါ။ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီ၊ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဟာဇက်တို့သုံးဦးအပြင် လီဗာပူးလ်တိုက်စစ်မှူး မာနေးကိုလည်း ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်တွေဆိုးရွားနေလို့ နည်းပြ ဆိုလာရီကို ထုတ်ပယ်ပြီး ဇီဒန်းနဲ့အစားထိုးခန့်အပ်ခဲ့တာပါ။ လက်ရှိ လာလီဂါမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အဓိကပြိုင်ဖက် ဘာစီလိုနာနဲ့ ၁၂မှတ်အထိကွာဟနေပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာလည်း အေဂျက်ဇ်ကို ရှုံးပြီးထွက်ခဲ့ရပါတယ်။ ဒါကြောင့် လာမယ့် ရာသီမှာ အသင်းကို အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ဖွယ်ရှိနေပြီး ကစားသမားအများစုကို ထုတ်ရောင်းဖွယ်လည်းရှိနေပါတယ်။

No comments

Powered by Blogger.