Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
.@NUFC's Fabian Schär is involved in a nasty clash of heads early on for Switzerland! 🤕💥— Sky Sports Football (@SkyFootball) March 23, 2019
The defender returned to the field shortly after, looking slightly dazed... pic.twitter.com/jDNdJtXpd9
(Unicode)
ပြိုင်ဘက်ကစားသမားအသက်ကိုကယ်ခဲ့တဲ့ ဂျော်ဂျီယာအသင်းသား
ဆွစ်ဇာလန်နဲ့ ဂျော်ဂျီယာတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို2020ခြေစစ်ပွဲမှာ ဆွစ်နောက်ခံလူ ဖေဘီယန်ဆတ်ချာဟာ သတိလစ်မေ့မြောသွားခဲ့ပါတယ်။ပွဲအတွင်း ဆတ်ချာနဲ့ တက်ဘီဒတ်တို့ ခေါင်းချင်းတိုက်မိခဲ့တာဖြစ်ပြီး ဆတ်ချာက သတိလစ်သွားတာပါ။
ပွဲချိန်၂၃မိနစ်မှာထောင်ကန်ဘောတင်ပေးလိုက်တာကို ခေါင်းတိုက်ဖို့ကြိုးစားရင်းကနေ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေထိရောက်သွားတာပါ။ကံကောင်းသွားတာကတော့ ပြိုင်ဘက်ဂျော်ဂျီယာကစားသမားက ဆတ်ချာရဲ့လျှာကို လှုပ်ရှားလို့ရအောင်လုပ်ပေးခဲ့တာပါပဲ။ဂျော်ဂျီယာကစားသမားအန်နာနီဒတ်ရဲ့ကူညီမှုကြောင့်ပဲ ဆက်ချာအနေနဲ့ ခနအတွင်း မတ်တပ်ရပ်နိုင်လာပါတယ်။ဒါ့အပြင်လေးမိနစ်ခန့်ဆေးကူသမှုခံယူပြီးချိန်မှာ ဆတ်ချာဟာ ပွဲကိုဆက်လက်ကစားခဲ့ပါတယ်။
သတိလစ်သွားတဲ့လူကို ဆက်ကစားခွင့်ပြုစေခဲ့တာကို ပရိတ်သတ်တွေက မချိတင်ကဲဖြစ်နေပြီး ဝေဖန်နေကြပါတယ်။လက်ရှိနယူးကာဆယ်အသင်းမှာကစားနေတဲ့ ဆတ်ချာက ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး''ကျနော် ဘားမှသေချာမမှတ်မိတော့ဘူး။ကျနော်စက္ကန့်အနည်းငယ်ကြာသတိမေ့သွားတာပါလားလို့ စဉ်းစားမိရင် ကြက်သီးထစရာပဲ။ကျနော့်ခေါင်းထဲမှာ ခုထိ တဝီဝီမြည်နေတုန်းပဲ။ လည်းပင်းတွေကိုက်နေပြီး နဖူးလည်း သွေးချေဥသွားတယ်။ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးဖြစ်နေကြပါပဲ။''လို့ဆိုသွားခဲ့ပါတယ်။ဒီလိုကွင်းအတွင်း သတိလစ်သွားတဲ့ကစားသမားကို ဆက်ကစားစေတာ မိုက်မဲရာမကျလွန်းတယ်မထင်မိဘူးလား။
Post a Comment