Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
"He's a living football God!"— Football on BT Sport (@btsportfootball) March 12, 2019
"He's the best header of the ball I've ever seen."
The Champions League is Cristiano Ronaldo's playground 🙌 pic.twitter.com/kr1zgKu3hz
Cristiano Ronaldo in the Champions League:— NairaBET (@NairaBET) March 13, 2019
✅Most Goals
✅Most Assists
✅Most Hat-tricks
✅Most Braces
✅Most Headers Scored
✅Most Free Kicks
✅Most Penalties
✅Most Group Stage Goals
✅Most Knockout Goals
✅Most Final Goals
GOAT or one of the GOATS?#NairaBetAt10 pic.twitter.com/ZArrCEq0vd
Cristiano Ronaldo:— 101 Great Goals (@101greatgoals) March 12, 2019
124 Champions League goals
127 goals in UEFA club competition
77 direct goal involvements in 77 Champions League knockout games
25 goals in 33 career appearances vs Atletico Madrid
One. Incredible. Player. pic.twitter.com/BpEOZuNyvX
(Unicode)
အေတီကိုနဲ့ပွဲမှာဟတ်ထရစ်သွင်းယူခဲ့တဲ့စီရိုနယ်ဒိုကိုဘောလုံးနတ်ဘုရားလို့ချီးကျူးလိုက်တဲ့ဖာဒီနန်
ခရစ်စ်တီယာနိုရိုနယ်ဒိုဟာ သူ့ရဲ့ချန်ပီယံလိပ်မှာ ၈ကြိမ်မြောက်ဟတ်ထရစ်ကိုသွင်းယူပေးခဲ့ပြီးနောက် ဘောလုံးလောကရဲ့သက်ရှိနတ်ဘုရားတစ်ပါးလို့ရီယိုဖာဒီနန်က သတ်မှတ်ခေါ်ဆိုလိုက်ပါတယ်။ဘော်လွန်ဒီအော်၅ကြိမ်ဆုရ ကစားသမားဟာ သူ့ရဲ့မိသားစုကို ပြောထားတဲ့စကားအတိုင်းဖြစ်အောင်အကောင်းဆုံးလုပ်ပြခဲ့ပြီး Allianz ကွင်းကြီးမှာ သူ့ရဲ့ချန်ပီယံလိပ်၈ကြိမ်မြောက်သွင်းဂိုးကိုသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို ကွာတားဖိုင်နယ်အထိခေါ်ဆောင်သွားခဲ့ပါတယ်။
အသက်၃၄နှစ်အရွယ်ရိုနယ်ဒိုဟာ ခေါင်းတိုက်ဂိုး၂ဂိုးနဲ့အတူ အေတီကိုမက်ဒရစ်ကို သွင်းယူခဲ့ပြီး ၈၆မိနစ်မှာ ဘာနာဒ်ဒီချီကို ပယ်နယ်တီဧရိယာအတွင်းပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာကြောင့် ရရှိခဲ့တဲ့ပယ်နယ်တီကို ရိုနယ်ဒိုက ပဲသွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်စ်တို့ကိုနောက်တစ်ကျော့မှာပြန်လာစေခဲ့ပါတယ်။
ဖိအားတွေကိုရင်ဆိုင်ကြံခိုင်ရင်းနဲ့မှာ ဘော်လွန်ဒီအော်၅ကြိမ်ဆုရကစားသမားဟာ သူ့ရဲ့ချန်ပီယံလိပ် ရှုံးထွက်အဆင့်မှာ သွင်းဂိုး ၆၃ဂိုးမြောက်ဂိုးသွင်းယူခဲ့သော်လည်း အေတီကိုအသင်းကို ချန်ပီယံလိပ်ကနေထွက်ခွာအောင်လုပ်ခဲ့ပါတယ်။သူ့ရဲ့အသင်းဖော်ဟောင်းရီယိုဖာဒီနန်ကတော့ ပွဲပြီးနောက် ချီးကျူးစကားပြောကြားခဲ့ပါတယ်။
” သူဟာဘောလုံးလောကရဲ့သက်ရှိနတ်ဘုရားပါ။သူလုပ်ပြနေတာတွေက အရမ်းကိုမတော်မတရားဆန်နေပါပြီ။ချန်ပီယံလိပ်မှာ မှတ်တမ်းအားလုံးကသက်သေပြနေပါတယ်။ခင်ဗျားတို့စိတ်ကူးယဉ်ကြတဲ့ မှတ်တမ်းမှန်သမ ျှသူ့မှာရှိနေပါတယ်။မက်ဆီနဲ့အတူဟတ်ထရစ်အများဆုံးကိုသူလုပ်ပြနိုင်ခဲ့ပါတယ်။”
ချန်ပီယံလိပ်က ရိုနယ်ဒိုရဲ့မှတ်တမ်းတွေအကြောင်း ရီယိုပြောပြနေတာတွေဟာမှန်ကန်နေပါတယ်။သူဟာ ပွဲပေါင်း၁၆၀မှာ မတော်တရားဆန်လွန်းနေပါတယ်။ရှုံးထွက်အဆင့်မှာ သွင်းထားတဲ့ ၆၃ဂိုးအပါအဝင် ၁၂၄ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
Post a Comment