အသင္းမွာေနာက္က်လို ့ဒဏ္ေၾကးအမ်ားၾကီးေဆာင္ခဲ့ဖူးတဲ့အမ္ဘာေပး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
သင္ဟာသင့္ရဲ ့အလုပ္မွာေနာက္က်ခဲ့ရင္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကိုရင္ဆိုင္ရဖို ့ေသခ်ာပါတယ္။ဒါပင္မယ့္ သင္သာ အမ္ဘာေပးတစ္ေယာက္ျဖစ္ၿပီး ေနာက္က်ခဲ့မယ္ဆိုရင္ေရာဘယ္လိုျဖစ္မလဲ?
ဟုတ္ပါတယ္။ ကမာၻ ့ဖလားဆုရ ကစားသမားဟာ အသင္းမွာအခ်ိန္ေနာက္က်ခဲ့တာေၾကာင့္ျပစ္ဒဏ္ၾကီးၾကီးမားမားနဲ ့ရင္ဆိုင္ခဲ့ရပါတယ္။
ၿပီးခဲ့တဲ့နွစ္ေအာက္တိုဘာလ မာေဆးအသင္းနဲ ့PSG တုိ့ ရင္ဆိုင္မကစားခင္က ဒီရာသီသြင္းဂိုး၃၁ဂိုးအထိသြင္းယူထားတဲ့ အသက္၂၀အရြယ္ကစားသမားဟာ အသင္းရဲ ့အစည္းအေ၀းကိုအခ်ိန္မွန္မွန္မေရာက္လာနိုင္ခဲ့တာေၾကာင့္ ဒဏ္အၾကီးၾကီးခတ္ခံခဲ့ရပါတယ္။သူနဲ ့အသင္းေဖယ္ ရာဘီရက္တို ့ကေတာ့ ယူရို၁သိန္း၈ေသာင္းအထိဒဏ္တပ္ျခင္းခံခဲ့ရတယ္လို ့၀န္ခံခ်က္ထြက္ေပၚလာခဲ့ပါတယ္။အဆိုပါေငြေတြကို PSG ရဲ ့ေဖာင္ေဒးရွင္းထံေရာက္သြားခဲ့ၿပီး အမ္ဘာေပးတစ္ေယာက္အင္တင္တင္နဲ ့ဒဏ္တပ္ထားတဲ့စာရြက္ေပၚလက္မွတ္ထိုးေပးခဲ့ရေၾကာင္း AS သတင္းစာကေဖာ္ျပထားပါတယ္။
PSG fine Mbappé €180,000 for arriving late to team meetinghttps://t.co/4wvQiDdpev pic.twitter.com/8YEE72o929— AS English (@English_AS) March 15, 2019
အန္ဒရီရန္ရာဘီရက္အတြက္ကေတာ့ ဒါဟာ ပထမဆံုးဒဏ္တပ္ျခင္းခံရတဲ့ဟာမဟုတ္ပါဘူး။အသက္၂၃နွစ္အရြယ္ ျပင္သစ္သားဟာ ဒီေႏြရာသီမွာအသင္းနဲ ့စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မွာမဟုတ္တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္နဲ ့ခ်န္ပီယံလ္ိပ္လူစာရင္းကေန ဖယ္ရွားျခင္းခံထားရတဲ့သူလည္းျဖစ္ၿပီး PSG အသင္းရဲ ့အနာဂတ္မွာမပါ၀င္ေတာ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ခ်န္ပီယံလိပ္ပြဲက ပတ္ထရစ္အီဗရာရဲ ့ေအာင္ပြဲခံေနတဲ့ဆိုရွယ္မီဒီယာက ပို ့စ္ကို Like လုပ္ခဲ့တာေၾကာင့္ PSG အသင္းကမေက်မနပ္ျဖစ္ေနၿပီး ဒါဟာပေရာ္ဖယ္ရွင္နယ္မဆန္တဲ့အျပဳအမူျဖစ္တယ္လို ့အသင္းရဲ ့ဒါရိုက္တာက ပြင့္ပြင့္လင္းလင္းေ၀ဖန္သြားခဲ့တာကိုလည္းေတြ ့ရပါတယ္။
(Unicode)
အသင်းမှာနောက်ကျလို့ဒဏ်ကြေးအများကြီးဆောင်ခဲ့ဖူးတဲ့အမ်ဘာပေး
သင်ဟာသင့်ရဲ့အလုပ်မှာနောက်ကျခဲ့ရင် နောက်ဆက်တွဲအကျိုးဆက်တွေကိုရင်ဆိုင်ရဖို့သေချာပါတယ်။ဒါပင်မယ့် သင်သာ အမ်ဘာပေးတစ်ယောက်ဖြစ်ပြီး နောက်ကျခဲ့မယ်ဆိုရင်ရောဘယ်လိုဖြစ်မလဲ?
ဟုတ်ပါတယ်။ ကမ္ဘာ့ဖလားရ ကစားသမားဟာ အသင်းမှာအချိန်နောက်ကျခဲ့တာကြောင့်ပြစ်ဒဏ်ကြီးကြီးမားမားနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ မာဆေးအသင်းနဲ့PSG တို့ ရင်ဆိုင်မကစားခင်က ဒီရာသီသွင်းဂိုး၃၁ဂိုးအထိသွင်းယူထားတဲ့ အသက်၂၀အရွယ်ကစားသမားဟာ အသင်းရဲ့အစည်းအဝေးကိုအချိန်မှန်မှန်မရောက်လာနိုင်ခဲ့တာကြောင့် ဒဏ်အကြီးကြီးခတ်ခံခဲ့ရပါတယ်။သူနဲ့အသင်းဖေယ် ရာဘီရက်တို့ကတော့ ယူရို၁သိန်း၈သောင်းအထိဒဏ်တပ်ခြင်းခံခဲ့ရတယ်လို့ဝန်ခံချက်ထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါငွေတွေကို PSG ရဲ့ဖောင်ဒေးရှင်းထံရောက်သွားခဲ့ပြီး အမ်ဘာပေးတစ်ယောက်အင်တင်တင်နဲ့ဒဏ်တပ်ထားတဲ့စာရွက်ပေါ်လက်မှတ်ထိုးပေးခဲ့ရကြောင်း AS သတင်းစာကဖော်ပြထားပါတယ်။
အန်ဒရီရန်ရာဘီရက်အတွက်ကတော့ ဒါဟာ ပထမဆုံးဒဏ်တပ်ခြင်းခံရတဲ့ဟာမဟုတ်ပါဘူး။အသက်၂၃နှစ်အရွယ် ပြင်သစ်သားဟာ ဒီနွေရာသီမှာအသင်းနဲ့စာချုပ်ချုပ်ဆိုတော့မှာမဟုတ်တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ချန်ပီယံလိပ်လူစာရင်းကနေ ဖယ်ရှားခြင်းခံထားရတဲ့သူလည်းဖြစ်ပြီး PSG အသင်းရဲ့အနာဂတ်မှာမပါဝင်တော့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ချန်ပီယံလိပ်ပွဲက ပတ်ထရစ်အီဗရာရဲ့အောင်ပွဲခံနေတဲ့ဆိုရှယ်မီဒီယာက ပို့စ်ကို Like လုပ်ခဲ့တာကြောင့် PSG အသင်းကမကျေမနပ်ဖြစ်နေပြီး ဒါဟာပရော်ဖယ်ရှင်နယ်မဆန်တဲ့အပြုအမူဖြစ်တယ်လို့အသင်းရဲ့ဒါရိုက်တာက ပွင့်ပွင့်လင်းလင်းဝေဖန်သွားခဲ့တာကိုလည်းတွေ့ရပါတယ်။
Post a Comment