Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။










(Unicode)

ဒီဂီယာကို စိတ်ဝင်စားလာပြန်တဲ့ ရီးရဲလ်နည်းပြဇီဒန်း

ရီးရဲလ် မက်ဒရစ်အသင်းဟာ သူတို့ရဲ့နည်းပြဟောင်း ဇီဒန်းကိုပြန်လည်ခေါ်ယူပြီးနောက် အသင်းရဲ့ပစ်မှတ်ကစားစားဟောင်းဖြစ်တဲ့ ယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာကိုခေါ်ယူဖို့ပြန်လည်စတင်လိုက်ပါတယ်။ပြင်သစ်သားကြီး ဇီဒန်းဟာ အသင်းကိုပြန်လည်ရောက်ရှိလာပြီးနောက် အသင်းမှာရှိတဲ့ကစားသမားအချို့ကိုရောင်းချဖို့ရှိနေပြီးသူတို့ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လည်းရှာဖွေနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာတော့ချဲလ်ဆီးအသင်းဂိုးသမား ကော်တွိုင်းစ်ကိုအသင်းရဲ့နံပါတ်တစ်ဂိုးသမားအဖြစ်ထားရှိဖို့အတွက် စာချုပ်ချုပ်ခေါ်ယူခဲ့ပါတယ်။သို့သော်လည်းပဲဇီဒန်းအသင်းကိုပြန်လည်ကိုင်တွယ်တဲ့အခါမှာတော့ နံပါတ်၁ ဂိုးသမားနေရာကို နာဗက်စ်အားမျက်စိကျလာပြီး ပြန်လည်ပွဲထွက်ကာ ကစားစေခဲ့ပါတယ်။Mirrorသတင်းစာရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဒီဂီယာဟာ ၂၀၁၅ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကိုရောက်ရှိဖို့အလွန်နီးစပ်ခဲ့ပြီး FAXပို့ပေးမှုကြောင့်အဆိုပါအပြောင်းအရွေပြတ်ပျယ်ခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကာလကဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယိ။လက်ရှိမှာတော့ရီးရဲလ်မက်ဒရစ်အသင်းကဒီဂီယာကိုခေါ်ယူမည့်ကိစ္စကိုပြန်လည်စတငိလိုက်ပြီးလာမည့်နွေရာသီအပြောင်းအရွေကာလမှာ သူရဲ့အေးဂျင့်မှတဆင့်ချိတိဆက်မည့်လို့သိရှိရပါတယ်။

ဇီဒန်းရဲ့ပစ်မှတိခြေရာခံနေတဲ့ကစားသမားက ဒီဂီယာတစ်ဦးတည်းမဟုတ်ပါဘူး။ဘာနေဗျူးကွင်းကိုအရောက်ခေါ်ယူမည့်ကစားသမားစာရင်းကိုမကြာခငိကကြေညာလိုကိပြီး အရခေါ်ယူမည်လို့လည်းဆိုပါတယ်။

စပါးအသင်းမှ အဲရစ်ဆန် ချဲလ်ဆီးအသင်းမှာ ဟာဇက် နှင့်PSGအသင်းမှာ နေမာတို့အပြင်ကစားသမားတော်တော်များများလည်းပါဝင်တယ်လို့သိရပါတယ်။တခြားပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂလက်တီကို ကို လာမည့်နွေရာသီမှာစာချုပ်ချုပ်ဆိုမည့်လို့ဆိုပါတယိ။
ဘဲလ်ဂျီယံ အသင်းရဲ့ဖန်တီးရှင် ကို ပရိသတ်တွေရဲ့ထောက်ခံမှုကြောင့်ရွေးချယ်ခေါ်ယူခဲ့တယိလို့ဖော်ပြထားခဲ့ပြီး သူကို အဲရစ်ဆန် နှင့်နေမာ တို့နှငိ့ယှဉ်၍ ရွေးချယ်မဲပေးတဲ့အခါပရိသတ်အများစုကသူကိုရွေးချယ်မဲပေးခဲ့ကြပါတယ်။

သတင်းကောင်းတစ်ခုကတော့ အသင်းရဲ့ ဥက္ကဋ္ဌ ကြီး ပီရက်ဇ်က အသင်းရဲ့နည်းပြကြီးဇီဒန်းအတွက်ပြောင်းရွေအသုံးစရိတ်ပေါင်သန်း၃၀၀အသုံးပြုခွင့်ပေးပြီး အသင်းကိုပြန်လည်တိုးတက်အောင်လုပ်ဆောငိစေမည်ဖြစ်ပါတယ်။၂၀၁၄ခုနှစ်နောက်ပိုင်းပထမဦးဆုံးအကြိမ် သူအတွက်အဆိုပါပမာဏာကြီးကိုအသုံးပြုခွင့်ပြူမှာဖြစ်ပါတယ်။

No comments

Powered by Blogger.