Header Ads
 Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အချက်အလက်တွေအရ ဥရောပမှာအကောင်းဆုံးဘောလုံးပေးပို့သူဖြစ်နေတဲ့မက်ဆီ
လီယွန်နယ်မက်ဆီဟာ ဥရောပ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရဖို့ ဦးဆောင်နေသလို ဥပေထိပ်လိန်းလိဂ်ငါးခုမှာ အကောင်းဆုံးဘောလုံးပေးပို့သူအဖြစ်ရပ်တည်နေပါတယ်။စီရော်နယ်ဒိုနဲ့ မက်ဆီဘယ်သူပိုကောင်းလဲ ငြင်းခုန်နေမယ့်အစား ရော်နယ်ဒိုကို အဆုံးသတ် အကောင်းဆုံးကစားသမား ,မက်ဆီကို အကောင်းဆုံးဘောလုံးသမားအဖြစ်သတ်မှတ်ရင်မျှတပါမယ်။ဘာလို့လဲဆိုတော့ မက်ဆီဟာဘက်စုံထူးချွန်နေလို့ပါ။
ဥရောပရွှေဖိနပ်ဆုရဖူးသူတွေထဲမှာ မက်ဆီငါးကြိမ်ရခဲ့တာထက်ပိုရဖူးသူမရှိသလို မက်ဆီစံချိန်ထက် တစ်ရာသီအတွင်း ဂိုးပိုသွင်းဖူးသူ လည်းမရှိပါဘူး။လက်ရှိဥရောပမှာ မက်ဆီရဲ့ အမှတ်ပေးပြိုင်ပွဲသွင်းဂိုးက၂၉ဂိုးထိရှိပြီး သူ့ထက်များတာဆိုလို့Nomme Kaljuအသင်းတိုက်စစ်မှူး Liliu သာရှိပါတယ်။Liliuရဲ့သွင်းဂိုးက၃၁ဂိုးပါ။ဒါပေမယ့်ရွှေဖိနပ်ဆု စည်းမျဉ်းတွေအရ ဥရောပထိပ်တန်းလိဂ်၅ခု ကစားသမားတွေရဲ့သွင်းဂိုးကို၂နဲ့မြှောက်ပြီး အမှတ်ပေးတာကြောင် မက်ဆီ က အမ်ဘာပေထက်၃ဂိုး ၆မှတ်အသာနဲ့ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။မက်ဆီက သွင်းဂိုးစာရင်းမှာသာမက ပြောင်မြောက်တဲ့ ဘောလုံးပေးပို့မှု စာရင်းမှာလည်းထိပ်ဆုံးနေရာရောက်နေပါတယ်။
အချက်အလက်တွေအရ နေမာကမက်ဆီနီးပါး အန္တရယ်ရှိတဲ့ပေးပို့မှုတွေတစ်ပွဲပျမ်းမျှ  ၆.၅ကြိမ်လောက်ပြုလုပ်ထားပါတယ်။ဒါ့အပြင်မက်ဆီဟာ တစ်ပွဲပျမ်းမျှ ၁၀ကြိမ်လောက်အထိ  ၁၈ကိုက်စည်းအတွင်း ဘောလုံးပေးပို့ထားပါတယ်။ဒါ့အပြင်'smart pass''တွေ မှာလည်း မက်ဆီကပဲအကောင်းဆုံးဖြစ်နေပါတယ်။''smart pass''ဆိုတာကတော့  အသင်းအတွက် ထိရောက်တဲ့ ကျဉ်းထဲကျပ်ထဲသို့ပေးပို့မှုတွေကို ခေါ်တာပါ။သာမန်ပေးပို့မှုတွေနဲ့မဆိုင်ပါဘူး။အနီးကလူကို ရှာပီး ဘောလုံးပေးလိုက်တာကို smart passလို့မသတ်မှတ်ပါဘူး။
ဒီလိုသတ်မှတ်ခံရဖို့အတွက် ဘောလုံးပေးပို့မှုမှာ ရည်ရွယ်ချက်တစ်ခုခုရှိနေရပါမယ်။ဥပမာ- အခွင့်အရေး ဖန်တီးပေးတာ,ခံစစ်တန်းတစ်ခုလုံးကိုကျော်ပြီး အသင်းဖော်ဆီ လှမ်းပေးတာ, တန်ပြန်တိုက်စစ်တွေစတင်နိုင် ဖို့ထိရောက်တဲ့ပေးပို့မှုမျိုး ဒါမှမဟုတ် ပြိုင်ဘက်ကစားသမား၂ယောက်၃ယောက်ကြား ထဲပေးပို့တာတွေကို ခေါ်တာပါ။မက်ဆီကတော့ ဒီနှစ်မှာ ၆ကြိမ်မြောက် Ballon d'Or  ဒါမှမဟုတ် ၆ကြိမ်မြောက် ဥရေပရွှေဖိနပ်ဆုကို ရရှိဖို့အလားအလာများနေပါပြီ။နှစ်ခုလုံးတောင်ရသွားနိုင်ပါတယ်။
No comments
Powered by Blogger.