Header Ads


မာေနးအတြက္အဆန္စီယိုကိုပါအလိုက္ေပးေခၚယူဖို ့စဥ္းစားထားတဲ့ရီးရဲလ္



လီဗာပူးလ္တိုက္စစ္မွဴး မာေနးကိုေခၚယူႏိုင္ဖို႔အတြက္ ရီးယဲလ္မက္ဒရစ္အသင္းဟာ အသင္းေတာင္ပံတိုက္စစ္ကစားသမား အဆန္စီရိုနဲ႔ အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနတယ္လို႔ ASသတင္းဌာနကေဖာ္ျပထားပါတယ္။

ရီးယဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္မွဴး ေရာ္နယ္ဒို ဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕ၿပီးကတည္းက အစားထိုးဖို႔အတြက္ အသည္းအသန္ရွာေဖြေနၿပီး လီဗာပူးလ္တိုက္စစ္မွဴး မာေနးကို မ်က္စိက်ေနပါတယ္။ လီဗာပူးလ္ဟာ မာေနးကို ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းပစ္မွတ္ထားခ်ိန္ရြယ္ေနၿပီး ျမင့္မားတဲ႔ေျပာင္းေရႊ႕ေၾကးနဲ႔ကမ္းလွမ္းဖို႔စီစဥ္ထားပါတယ္။ လက္ရွိအခ်ိန္မွာ မာေနးအတြက္ အဆန္စီရိုကိုပါ အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။



အသက္၂၆ႏွစ္အရြယ္ ဆီနီေဂါတိုက္စစ္မွဴး မာေနးဟာ ဒီရာသီလီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစံု ၃၈ပြဲမွာ ဂိုး၂၀သြင္းယူေပးထားႏိုင္ၿပီး ဖန္တီးမႈအမ်ားအျပားလည္းျပဳလုပ္ေပးထားႏိုင္ပါတယ္။ ရီးယဲလ္မက္ဒရစ္ရဲ႕ တစ္ေက်ာ့ျပန္နည္းျပ ဇီဒန္းဟာ အသင္းရဲ႕တို္က္စစ္ပိုင္းကို လာမယ့္ရာသီမွာအေျပာင္းအလဲလုပ္ဖို႔ စီစဥ္ေနၿပီး ဦးစားေပးပစ္မွတ္အျဖစ္ မာေနးကို စိတ္ဝင္စားေနတာပါ။ လီဗာပူးလ္အသင္းအေနနဲ႔ ရီးယဲလ္မက္ဒရစ္ရဲ႕ကမ္းလွမ္းမႈထဲမွာ ကစားသမားတစ္ဦးအလိုက္ေပးဖို႔ေတာင္းဆိုႏိုင္ဖြယ္ရွိတာေၾကာင့္ အဆန္စီရိုကို အလိုက္ေပးဖို႔ ႀကိဳစီစဥ္ထားတာလို႔ AS ကေဖာ္ျပထားပါတယ္။



လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ စပိန္လက္ေရြးစင္ေတာင္ပံကစားသမား အဆန္စီရိုကို ကာလရွည္စိတ္ဝင္စားေနတာျဖစ္ၿပီး မာေနးနဲ႔အလိုက္ေပးကမ္းလွမ္းမယ္ဆိုရင္ လက္ခံႏိုင္ဖြယ္ရွိေနပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းအေနနဲ႔ကေတာ့ မာေနးအတြက္ကမ္းလွမ္းမႈကို ေမလအတြင္းစတင္ဖြယ္ရွိၿပီး လီဗာပူးလ္နဲ႔ေဆြးေႏြးမယ္လုိ႔လည္း AS ကေဖာ္ျပပါတယ္။ အဆန္စီရိုဟာ ဒီရာသီ ရီးယဲလ္မက္ဒရစ္အတြက္ ၿပိဳင္ပြဲစံု ၃၆ပြဲမွာ ၆ဂိုးသြင္းၿပီး ၅ႀကိမ္ဖန္တီးထားႏိုင္ေပမယ့္ နည္းျပ ဆိုလာရီလက္ထက္မွာ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးခဲ႔သူပါ။

(Unicode)

မာနေးအတွက်အဆန်စီယိုကိုပါအလိုက်ပေးခေါ်ယူဖို့စဉ်းစားထားတဲ့ရီးရဲလ်

လီဗာပူးလ်တိုက်စစ်မှူး မာနေးကိုခေါ်ယူနိုင်ဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းတောင်ပံတိုက်စစ်ကစားသမား အဆန်စီရိုနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ ASသတင်းဌာနကဖော်ပြထားပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို ဂျုဗင်တပ်ကိုပြောင်းရွှေ့ပြီးကတည်းက အစားထိုးဖို့အတွက် အသည်းအသန်ရှာဖွေနေပြီး လီဗာပူးလ်တိုက်စစ်မှူး မာနေးကို မျက်စိကျနေပါတယ်။ လီဗာပူးလ်ဟာ မာနေးကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းပစ်မှတ်ထားချိန်ရွယ်နေပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းဖို့စီစဉ်ထားပါတယ်။ လက်ရှိအချိန်မှာ မာနေးအတွက် အဆန်စီရိုကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်၂၆နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ ဒီရာသီလီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲမှာ ဂိုး၂၀သွင်းယူပေးထားနိုင်ပြီး ဖန်တီးမှုအများအပြားလည်းပြုလုပ်ပေးထားနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ တစ်ကျော့ပြန်နည်းပြ ဇီဒန်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို လာမယ့်ရာသီမှာအပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီး ဦးစားပေးပစ်မှတ်အဖြစ် မာနေးကို စိတ်ဝင်စားနေတာပါ။ လီဗာပူးလ်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုထဲမှာ ကစားသမားတစ်ဦးအလိုက်ပေးဖို့တောင်းဆိုနိုင်ဖွယ်ရှိတာကြောင့် အဆန်စီရိုကို အလိုက်ပေးဖို့ ကြိုစီစဉ်ထားတာလို့ AS ကဖော်ပြထားပါတယ်။
လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ စပိန်လက်ရွေးစင်တောင်ပံကစားသမား အဆန်စီရိုကို ကာလရှည်စိတ်ဝင်စားနေတာဖြစ်ပြီး မာနေးနဲ့အလိုက်ပေးကမ်းလှမ်းမယ်ဆိုရင် လက်ခံနိုင်ဖွယ်ရှိနေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ကတော့ မာနေးအတွက်ကမ်းလှမ်းမှုကို မေလအတွင်းစတင်ဖွယ်ရှိပြီး လီဗာပူးလ်နဲ့ဆွေးနွေးမယ်လို့လည်း AS ကဖော်ပြပါတယ်။ အဆန်စီရိုဟာ ဒီရာသီ ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၃၆ပွဲမှာ ၆ဂိုးသွင်းပြီး ၅ကြိမ်ဖန်တီးထားနိုင်ပေမယ့် နည်းပြ ဆိုလာရီလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူပါ။

No comments

Powered by Blogger.