Header Ads


ဒီရာသီပရီးမီးယားလိပ္ဖလားကိုဘယ္အသင္းကိုရေစခ်င္သလဲဆိုတာေျပာျပလိုက္တဲ့ရြန္းနီ


 Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္ကစားသမားေဟာင္း၀ိန္ရြန္းနီကေတာ့ မန္ခ်က္စတာစီးတီးနဲ ့လီဗာပူးလ္၂သင္းအၾကား ဒီရာသီပရီးမီးယားလိပ္ခ်န္ပီယံျဖစ္မယ့္၁သင္းကိုေရြးခ်ယ္ရာမွာ ယခင္ယူနိုက္တက္ကစားသမားေဟာင္းေတြလိုပဲေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။မဟာၿပိဳင္ဘက္ေတြဟာ လိပ္ဖလားဆြတ္ခူးသြားတယ္ဆိုတာကေတာ့ ပရိတ္သတ္တစ္ေယာက္(သို ) ကစားသမားတစ္ေယာက္ကိုေတာင္ေပ်ာ္စရာမျဖစ္ေစနိုင္ပါဘူး။ၿပီးေတာ့ တစ္စံုတစ္ခုကသူတို ့လိပ္ဖလားမရဖို ့အေရးရပ္တန္ ့ေပးဖို ့စတင္ဆုေတာင္းေနရတာပဲျဖစ္ပါတယ္။ဒါပင္မယ့္ ဒီရာသီ ဒီ၂သင္းရဲ ့ပရီးမီးယားလိပ္လုပြဲကေရာ ပြဲအခ်ိန္မွာၾကည့္ေကာင္းေတာ့မွာလဲ?


ဒါဟာ ဒီရာသီမန္ခ်က္စတာယူနိုက္တက္ပရိတ္သတ္ေတြအတြက္ ျပႆနာတစ္ခုလိုျဖစ္ေနပါတယ္။အရင္ေခတ္ကေတာ့ သူတို ့ေတြဟာ ၿပိဳင္ဘက္ေျခေခ်ာ္လဲဖို ့တစ္နိုင္ငံလံုပတ္ၿပီး အားေပးၾကမ္းခဲ့ၾကကာေနာက္ဆံုးမွာေတာ့ သူတို ့အသင္းဆုဖလားရယူနိုင္ခဲ့ပါတယ္။ဒါပင္မယ့္လည္း အခုခ်ိန္မွာေတာ့ သူတို ့မန္စီးတီး (ဒါမွမဟုတ္) လီဗာပူးလ္တို ့၁သင္းသင္းထဲက ဆုဖလားကိုင္ေျမာက္တာကိုထိုင္ၾကည့္ရေတာ့မွာျဖစ္ၿပီး ဘာမွမတတ္နိုင္ရွာေတာ့ပါဘူး။

ဂ်ာဂန္ကေလာ့ရဲ ့အသင္းဟာ လက္ရွိမွာေတာ့ မန္စီးတီး ၁ပြဲအသာ ၂မွတ္ျပတ္ျဖင့္ ဇယားထိပ္မွာရပ္တည္ေနၿပီးလီဗာပူးလ္ရဲ ့ပထမဆံုးပရီးမီးယားလိပ္ခ်န္ပီယံဆုကိုဆြတ္ခူးနိုင္ဖို ့အေတာ္ေလးနီးစပ္ေနပါတယ္။TalkSport နဲ ့အင္တာဗ်ဴးမွာ အဲဗာတန္အသင္းနဲ ့ယူနိုက္တက္တိုက္စစ္မွဴးေဟာင္း လက္ရွိဒီစီယူနိုက္တက္တိုက္စစ္မွဴး၀ိန္းရြန္းနီက မန္စီးတီးအသင္းကို ဖလားရေစခ်င္တဲ့အေၾကာင္းကို ရွင္းျပခဲ့ပါတယ္။

ဒီ၂သင္းၾကားခ်န္ပီယံအတြက္ထိပ္တိုက္ရင္ဆိုင္ေနၾကတဲ့ေနရာမွာ ေရြးခ်ယ္ဖို ့အတြက္အေကာင္းဆံုးအေၾကာင္းျပခ်က္ရိွေနပါတယ္။လီဗာပူးလ္ေရွ ့ကေန မန္စီးတီးတို ့ပန္း၀င္ပါေစလို ့ကၽြန္ေတာ္ေမ ွ်ာ္လင့္ပါတယ္။လီဗာပူးလ္တို ့ဖလားကိုင္ေျမာက္ေနတာကို ကၽြန္ေတာ္သည္းမခံနိုင္ပါဘူး။အဲဗာတန္သားေတြအတြက္လည္း အိပ္မက္ဆိုးျဖစ္သြားပါလိမ့္မယ္။၂၀၀၅ တုန္းက သူတို ့ခ်န္ပီယံလိပ္ဖလားရတုန္းကအခ်ိန္ကၽြန္ေတာ္မွတ္မိေသးတယ္။အခုထိလည္းသူတိ္ု ့ေတြဒီအေၾကာင္းပဲေျပာျပေနၾကတုန္း။တကယ္လုိ ့ဒီနွစ္သာသူတို ့ရသြားၾကည့္။ေနာက္ထပ္ ၁၀ နွစ္ ၁၅ နွစ္ေလာက္ ေျပာလို ့ၿပီးေတာ့မွာမဟုတ္ေတာ့ဘူးလို ့ရွင္းျပခဲ့ပါတယ္။



၂၀၁၄ တုန္းက စတီဗင္ဂ်ာရတ္ရဲ ့နမည္ေက်ာ္ေခ်ာ္လဲတဲ့ျဖစ္ရပ္ေၾကာင့္ လီဗာပူးလ္တို ့ခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရၿပီးေနာက္ ယခုတစ္ဖန္ဆုဖလားရဖို ့ျပန္နီးစပ္ေနတာပဲျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ၅နွစ္တုန္းက ရြန္းနီရဲ ့အသင္းေဖာ္ဂယ္ရီနဗီးလ္က လီဗာပူးလ္နဲ ့မန္စီးတီးတို ့၂သင္းအၾကား ၁သင္းသင္းကို ေရြးခိုင္းတာဟာ ကိုယ့္မိန္းမကို ၾကာကူလီလုပ္ခိုင္းဖို ့လူ၂ေယာက္ထဲက ၁ေယာက္ကို ေရြးေနသလိုပါပဲလို ့မွတ္ခ်က္ျပဳထားခဲ့ဖူးပါတယ္။



ယူနိုက္တက္ဟာ နွစ္၃၀အၾကာ ပရီးမီးယားလိပ္ဖလားနဲ ့ေ၀းကြာေနတဲ့ လီဗာပူးလ္တို ့အဆံုးသတ္မယ့္အခ်ိန္ ဒါမွမဟုတ္ ၄ၾကိမ္ေျမာက္ ပရီးမီးယားလိပ္ဖလားကို ဆြတ္ခူးေတာ့မယ့္ စီးတီးစတဲ့အေရးနဲ ့ရင္ဆိုင္ေနရပါတယ္။


ယူနိုက္တက္ဖန္နဲ့ ကစားသမားေတြအတြက္ ပုန္းကြယ္ဖို ့ေနရာရွာရေတာ့မွာပဲျဖစ္ပါတယ္။


(Unicode)

ဒီရာသီပရီးမီးယားလိပ်ဖလားကိုဘယ်အသင်းကိုရစေချင်သလဲဆိုတာပြောပြလိုက်တဲ့ရွန်းနီ

ယူနိုက်တက်ကစားသမားဟောင်းဝိန်ရွန်းနီကတော့ မန်ချက်စတာစီးတီးနဲ့လီဗာပူးလ်၂သင်းအကြား ဒီရာသီပရီးမီးယားလိပ်ချန်ပီယံဖြစ်မယ့်၁သင်းကိုရွေးချယ်ရာမှာ ယခင်ယူနိုက်တက်ကစားသမားဟောင်းတွေလိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။မဟာပြိုင်ဘက်တွေဟာ လိပ်ဖလားဆွတ်ခူးသွားတယ်ဆိုတာကတော့ ပရိတ်သတ်တစ်ယောက်(သို့) ကစားသမားတစ်ယောက်ကိုတောင်ပျော်စရာမဖြစ်စေနိုင်ပါဘူး။ပြီးတော့ တစ်စုံတစ်ခုကသူတို့လိပ်ဖလားမရဖို့အရေးရပ်တန့်ပေးဖို့စတင်ဆုတောင်းနေရတာပဲဖြစ်ပါတယ်။ဒါပင်မယ့် ဒီရာသီ ဒီ၂သင်းရဲ့ပရီးမီးယားလိပ်လုပွဲကရော ပွဲအချိန်မှာကြည့်ကောင်းတော့မှာလဲ?

ဒါဟာ ဒီရာသီမန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေအတွက် ပြဿနာတစ်ခုလိုဖြစ်နေပါတယ်။အရင်ခေတ်ကတော့ သူတို့တွေဟာ ပြိုင်ဘက်ခြေချော်လဲဖို့တစ်နိုင်ငံလုံပတ်ပြီး အားပေးကြမ်းခဲ့ကြကာနောက်ဆုံးမှာတော့ သူတို့အသင်းဆုဖလားရယူနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း အခုချိန်မှာတော့ သူတို့မန်စီးတီး (ဒါမှမဟုတ်) လီဗာပူးလ်တို့၁သင်းသင်းထဲက ဆုဖလားကိုင်မြောက်တာကိုထိုင်ကြည့်ရတော့မှာဖြစ်ပြီး ဘာမှမတတ်နိုင်ရှာတော့ပါဘူး။

ဂျာဂန်ကလော့ရဲ့အသင်းဟာ လက်ရှိမှာတော့ မန်စီးတီး ၁ပွဲအသာ ၂မှတ်ပြတ်ဖြင့် ဇယားထိပ်မှာရပ်တည်နေပြီးလီဗာပူးလ်ရဲ့ပထမဆုံးပရီးမီးယားလိပ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်ဖို့အတော်လေးနီးစပ်နေပါတယ်။TalkSport နဲ့အင်တာဗျူးမှာ အဲဗာတန်အသင်းနဲ့ယူနိုက်တက်တိုက်စစ်မှူးဟောင်း လက်ရှိဒီစီယူနိုက်တက်တိုက်စစ်မှူးဝိန်းရွန်းနီက မန်စီးတီးအသင်းကို ဖလားရစေချင်တဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။

” ဒီ၂သင်းကြားချန်ပီယံအတွက်ထိပ်တိုက်ရင်ဆိုင်နေကြတဲ့နေရာမှာ ရွေးချယ်ဖို့အတွက်အကောင်းဆုံးအကြောင်းပြချက်ရှိနေပါတယ်။လီဗာပူးလ်ရှေ့ကနေ မန်စီးတီးတို့ပန်းဝင်ပါစေလို့ကျွန်တော်မေ ျှာ်လင့်ပါတယ်။လီဗာပူးလ်တို့ဖလားကိုင်မြောက်နေတာကို ကျွန်တော်သည်းမခံနိုင်ပါဘူး။အဲဗာတန်သားတွေအတွက်လည်း အိပ်မက်ဆိုးဖြစ်သွားပါလိမ့်မယ်။၂၀၀၅ တုန်းက သူတို့ချန်ပီယံလိပ်ဖလားရတုန်းကအချိန်ကျွန်တော်မှတ်မိသေးတယ်။အခုထိလည်းသူတို့တွေဒီအကြောင်းပဲပြောပြနေကြတုန်း။တကယ်လို့ဒီနှစ်သာသူတို့ရသွားကြည့်။နောက်ထပ် ၁၀ နှစ် ၁၅ နှစ်လောက် ပြောလို့ပြီးတော့မှာမဟုတ်တော့ဘူး” လို့ရှင်းပြခဲ့ပါတယ်။

၂၀၁၄ တုန်းက စတီဗင်ဂျာရတ်ရဲ့နမည်ကျော်ချော်လဲတဲ့ဖြစ်ရပ်ကြောင့် လီဗာပူးလ်တို့ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက် ယခုတစ်ဖန်ဆုဖလားရဖို့ပြန်နီးစပ်နေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၅နှစ်တုန်းက ရွန်းနီရဲ့အသင်းဖော်ဂယ်ရီနဗီးလ်က လီဗာပူးလ်နဲ့မန်စီးတီးတို့၂သင်းအကြား ၁သင်းသင်းကို ရွေးခိုင်းတာဟာ ကိုယ့်မိန်းမကို ကြာကူလီလုပ်ခိုင်းဖို့လူ၂ယောက်ထဲက ၁ယောက်ကို ရွေးနေသလိုပါပဲလို့မှတ်ချက်ပြုထားခဲ့ဖူးပါတယ်။

ယူနိုက်တက်ဟာ နှစ်၃၀အကြာ ပရီးမီးယားလိပ်ဖလားနဲ့ဝေးကွာနေတဲ့ လီဗာပူးလ်တို့အဆုံးသတ်မယ့်အချိန် ဒါမှမဟုတ် ၄ကြိမ်မြောက် ပရီးမီးယားလိပ်ဖလားကို ဆွတ်ခူးတော့မယ့် စီးတီးစတဲ့အရေးနဲ့ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်ဖန်နဲ့ ကစားသမားတွေအတွက် ပုန်းကွယ်ဖို့နေရာရှာရတော့မှာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.