Header Ads


မန္ခ်က္စတာယူနိုက္တက္မွာ အျမန္ဆံုးကစားသမားကအံ့အားသင့္ဖြယ္ လူကာကူျဖစ္ေန



ဆိုးရွားဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေမာ္ရင္ဟိုလက္ထက္ကနဲ႔ မတူတဲ့ ျမန္နႈန္းျမင့္ကစားဟန္နဲ႕ တည္ေဆာက္ေနပါတယ္။ဖာဂူဆန္လက္ထက္က ခံစစ္ကေနတိုက္စစ္အကူးအေျပာင္းေတြလ်ွင္ျမန္ခဲ့သေလာက္ မိုရက္, ဗန္ဟား,ေမာ္ရင္ဟို တို႔လက္ထက္မွာေတာ့  အသင္းဟာ ေလးလံေနွးေကြးေနခဲ့ပါတယ္။ေျပာ႐ရင္ ဖာဂူဆန္အနားယူသြားထဲက ယူနိုက္တက္ဟာ လ်ွင္ျမန္မႈေတြေပ်ာက္ဆံုးသြားပါတယ္။ 

အရင္က ကိုယ့္အသင္းဂိုးသမားလက္ထဲေဘာလံုးေရာက္ျပီဆိုတာနဲ႕ တစ္သင္းလံုးနီးပါးတိုက္စစ္အေနအထားျပန္ျဖစ္သြားပါတယ္။တိုက္စစ္မွဴးေတြဟာ ျပိဳင္ဘက္ခံစစ္ဇုန္ထဲ လ်ွင္ျမန္စြာတိုးဝင္သြားျပီး   ျပိဳင္ဘက္ေတြကို ဒုကၡေပးေတာ့တာပါပဲ။ဆိုးရွားအေနနဲ႕ ျမန္နႈန္းျမင့္ကစားဟန္ကိုျပန္လည္ေဖာ္ေဆာင္ေနတာေျကာင့္ တိုက္စစ္ပိုင္းမွာ ေျပးအားေကာင္းတဲ့ကစားသမားေတြေနရာရလာပါတယ္။သာမန္ေဘာလံုးေပးပို႕မႈေတြနဲ႕ကြင္းလယ္မွာပဲ အခ်ိန္ကုန္မေနေစေတာ့ပဲ ျပိဳင္ဘက္ CBနဲ႕ SBျကားက spaceေတြကို ပစ္မွတ္ထားတိုက္စစ္ဆင္လာပါတယ္။ျပီးေတာ့ လင္ဂတ္, ရပ္ဖို႔ဒ္ ,မာရွယ္တို႕လို ကစားသမားေတြနဲ႕ တန္ျပန္တိုက္စစ္ေတြကို ျပန္လည္အသက္သြင္းလာပါတယ္။ 



ပရိတ္သတ္ေတြ အျမင္မွာေတာ့ လူကာကူ ဟာေနွေကြးတဲ့ကစားသမားျဖစ္တာေျကာင့္ ဆိုးရွားရဲ႕ကစားဟန္နဲ႕အံ့မဝင္နိုင္ဘူးလို႕ထင္ခဲ့ျကပါတယ္။အထူးသျဖင့္ ဆိုးရွားေရာက္စကဆို လူကာကူကို line-up မဝင္နိုင္ေတာ့ဘူး။ေရာင္းခ်ခံရမယ့္စာရင္းထဲပါေနတယ္လို႕ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႕ထြက္ခဲ့ပါတယ္။ဒါေပမယ့္ အခ်က္အလက္ေတြအရေတာ့ လူကာကူက ယူနိုက္တက္မွာအျမန္ဆံုးကစားသမားျဖစ္ေနပါတယ္။ တာတိုအေျပးနႈန္းေတြအတြက္လူကာကူကထိပ္ဆံုးေနရာမွာ ရွိေနျပီး  လိပ္ေနွးေကြးကစားသမားဆိုတဲ့ ထင္ရာျမင္ရာေဝဖန္ခ်က္ေတြကို အခ်က္အလက္ေတြနဲ႕ျပန္လည္ေျခပခဲ့တာပါ။




သူရဲ႕EPLေနာက္ဆံုးေလးပြဲမွာ ၆ဂိုးထိသြင္းနိုင္ခဲ့တာကိုျကည့္ရင္ ဆိုးရွားရဲ႕နည္းစနစ္ေတြနဲ႔ အံ့ဝင္ေနျပီလို႕လည္း သတ္မွတ္လို႕ရပါတယ္။နိုင္ငံတကာပြဲေတြမွာ ဒဏ္ရာျပသနာေျကာင့္ ဘယ္ဂ်ီယံအသင္းနဲ႔ မပူးေပါင္းနိုင္ခဲ့တဲ့ လူကာကူကို အခုအပတ္ဝက္ဖို႔ဒ္နဲ႕ပြဲမွာ အသင့္ျဖစ္ေနဖို႕ ဆိုးရွားကေမ်ွာ္လင့္ေနပါတယ္။ ျမန္နႈန္းျမင့္ကစားသမားေတြနဲ႕တည္ေဆာက္ေနတဲ့ ဆိုးရွားရဲ႕ အသင္းမွာ လူကာကူကေတာ့ အလိုက္သင့္စီးေျမာေနပါျပီ။ခ်န္ပီယံလိဂ္ဝင္ခြင့္တိူက္ပြဲမွာ လူကာကူတစ္ေယာက္ အသင္းကိုဘယ္ေလာက္ထိအကူအညီေပးနိုင္မလဲ စိတ္ဝင္စားစရာပါပဲ။

(Unicode)

မန်ချက်စတာယူနိုက်တက်မှာ အမြန်ဆုံးကစားသမားကအံ့အားသင့်ဖွယ် လူကာကူဖြစ်နေ

ဆိုးရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မော်ရင်ဟိုလက်ထက်ကနဲ့ မတူတဲ့ မြန်နှုန်းမြင့်ကစားဟန်နဲ့ တည်ဆောက်နေပါတယ်။ဖာဂူဆန်လက်ထက်က ခံစစ်ကနေတိုက်စစ်အကူးအပြောင်းတွေလျှင်မြန်ခဲ့သလောက် မိုရက်, ဗန်ဟား,မော်ရင်ဟို တို့လက်ထက်မှာတော့  အသင်းဟာ လေးလံနှေးကွေးနေခဲ့ပါတယ်။ပြောရရင် ဖာဂူဆန်အနားယူသွားထဲက ယူနိုက်တက်ဟာ လျှင်မြန်မှုတွေပျောက်ဆုံးသွားပါတယ်။ 

အရင်က ကိုယ့်အသင်းဂိုးသမားလက်ထဲဘောလုံးရောက်ပြီဆိုတာနဲ့ တစ်သင်းလုံးနီးပါးတိုက်စစ်အနေအထားပြန်ဖြစ်သွားပါတယ်။တိုက်စစ်မှူးတွေဟာ ပြိုင်ဘက်ခံစစ်ဇုန်ထဲ လျှင်မြန်စွာတိုးဝင်သွားပြီး   ပြိုင်ဘက်တွေကို ဒုက္ခပေးတော့တာပါပဲ။ဆိုးရှားအနေနဲ့ မြန်နှုန်းမြင့်ကစားဟန်ကိုပြန်လည်ဖော်ဆောင်နေတာကြောင့် တိုက်စစ်ပိုင်းမှာ ပြေးအားကောင်းတဲ့ကစားသမားတွေနေရာရလာပါတယ်။သာမန်ဘောလုံးပေးပို့မှုတွေနဲ့ကွင်းလယ်မှာပဲ အချိန်ကုန်မနေစေတော့ပဲ ပြိုင်ဘက် CBနဲ့ SBကြားက spaceတွေကို ပစ်မှတ်ထားတိုက်စစ်ဆင်လာပါတယ်။ပြီးတော့ လင်ဂတ်, ရပ်ဖို့ဒ် ,မာရှယ်တို့လို ကစားသမားတွေနဲ့ တန်ပြန်တိုက်စစ်တွေကို ပြန်လည်အသက်သွင်းလာပါတယ်။ 

ပရိတ်သတ်တွေ အမြင်မှာတော့ လူကာကူ ဟာနှေကွေးတဲ့ကစားသမားဖြစ်တာကြောင့် ဆိုးရှားရဲ့ကစားဟန်နဲ့အံ့မဝင်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။အထူးသဖြင့် ဆိုးရှားရောက်စကဆို လူကာကူကို line-up မဝင်နိုင်တော့ဘူး။ရောင်းချခံရမယ့်စာရင်းထဲပါနေတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။ဒါပေမယ့် အချက်အလက်တွေအရတော့ လူကာကူက ယူနိုက်တက်မှာအမြန်ဆုံးကစားသမားဖြစ်နေပါတယ်။ တာတိုအပြေးနှုန်းတွေအတွက်လူကာကူကထိပ်ဆုံးနေရာမှာ ရှိနေပြီး  လိပ်နှေးကွေးကစားသမားဆိုတဲ့ ထင်ရာမြင်ရာဝေဖန်ချက်တွေကို အချက်အလက်တွေနဲ့ပြန်လည်ခြေပခဲ့တာပါ။

သူရဲ့EPLနောက်ဆုံးလေးပွဲမှာ ၆ဂိုးထိသွင်းနိုင်ခဲ့တာကိုကြည့်ရင် ဆိုးရှားရဲ့နည်းစနစ်တွေနဲ့ အံ့ဝင်နေပြီလို့လည်း သတ်မှတ်လို့ရပါတယ်။နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာပြသနာကြောင့် ဘယ်ဂျီယံအသင်းနဲ့ မပူးပေါင်းနိုင်ခဲ့တဲ့ လူကာကူကို အခုအပတ်ဝက်ဖို့ဒ်နဲ့ပွဲမှာ အသင့်ဖြစ်နေဖို့ ဆိုးရှားကမျှော်လင့်နေပါတယ်။ မြန်နှုန်းမြင့်ကစားသမားတွေနဲ့တည်ဆောက်နေတဲ့ ဆိုးရှားရဲ့ အသင်းမှာ လူကာကူကတော့ အလိုက်သင့်စီးမြောနေပါပြီ။ချန်ပီယံလိဂ်ဝင်ခွင့်တိူက်ပွဲမှာ လူကာကူတစ်ယောက် အသင်းကိုဘယ်လောက်ထိအကူအညီပေးနိုင်မလဲ စိတ်ဝင်စားစရာပါပဲ။

No comments

Powered by Blogger.