Header Ads





မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားဟာ အသင်း သား တွေနဲ့ တစ်ကယ့် ကို ကောင်းမွန် တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပြီး နည်းပြ မော်ရင်ဟို ကြောင့် သူဟာ တိုးတက် ကောင်းမွန် လာခဲ့တာ ဖြစ်တယ် လို့ သရဲနီ တို့ရဲ့ ကွင်းလယ် လူ အန်ဒါ ဟာရဲရား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် သူတို့ နှစ်ဦး ကြား နှိုင်းယှဉ်မှု ပြုလုပ် စေတဲ့ အခါ မှာတော့ ဟာရဲရား က

ကျွန်တော် ဟာ နှိုင်းယှဉ်တာ တွေ မပြုလုပ် ချင် သလို အသင်း မှာ မရှိ တော့တဲ့ နည်းပြ တစ်ဦး အတွက် အမုန်း စကား လည်း မဆို ချင် ပါဘူး မော်ရင်ဟို နဲ့ ပတ်သက် လို ကျွန်တော် ပြောချင် တာ တစ်ခု ပဲ ရှိ ပါတယ် အဲ့တာ က ကျွန်တော့် ကို ပိုကောင်း အောင် သင်ကြား ပေး ခဲ့တဲ့ အတွက် ကျေးဇူး တင်လို ခြင်း ပါပဲ ကျွန်တော် သူ့ လက်အောက်မှာ ပွဲစဉ် တွေ အများကြီး ကစား ခဲ့ ရပြီး တစ် ရာသီ လုံး ရဲ့ အကောင်း ဆုံး ကစားသ မား တစ်ဦး လိုတောင် သတ်မှတ် ခံခဲ့ ပါတယ်



အခုတော့ အသင်း မှာ ဆိုးလ်ရှား လုပ်ဆောင် ပြခဲ့ တာတွေ ဟာ အံ့ချီးဖွယ် တွေချည်း ပါပဲ သူဟာ အသင်း ကို ကိုင်တွယ် နည်းပြ ခဲ့တဲ့ ပွဲစဉ် 19 ပွဲမှာ 14 ပွဲ အထိ အနိုင် ရရှိ အောင် လုပ်ဆောင် ပြနိုင် ခဲ့ ပါတယ် အထူးသဖြင့် အသင်း သားတွေ နဲ့ သူ့ အကြား ရှိနေ ခဲ့တဲ့ ဆက်ဆံရေး ဟာ တစ်ကယ့် ကို သာလွန် ကောင်းမွန် ခဲ့ ပါတယ်

သူ့ရဲ့ နည်း စနစ် ပိုင်း ကောင်းမွန် မှုတွေ ကြောင့် ကျွန်တော် တို့ တစ်ခါတရံ အရမ်း ကို အံ့အား သင့်ခဲ့ ကြရ ပါတယ် ကျွန်တော် တို့တွေ ဟာ သူ့ အပေါ် ယုံကြည် မှု အပြည့် ရှိကြ ပါတယ် သူ့ အတွက် ကျွန်တော် တို့ သေဆုံး သည် အထိ နောက်ဆုံး အချိန် အထိ အားကြိုး မာန်တက် ကစား ပေး ကြဖို့ အသင့် ပါပဲလို့ ဟာရဲရား ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ်


ယူနိုက်တက် ဟာ ချန်ပီယံ လိဂ် 16 သင်း အဆင့် မှာ ပြင်သစ် လီဂူး ထိပ်သီး PSG အသင်း ကို ခက်ခဲ စွာ ကျော်ဖြတ် အနိုင် ယူခဲ့ ပြီးနောက် စပိန် ထိပ်သီး ဘာစီလိုနာ အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး ဟာရဲရား က

လက်ရှိ အချိန် မှာ ဘာစီလိုနာ ဟာ ဥရောပ ရဲ့ ခြေစွမ်း အမှန်ဆုံး အသင်း တစ်သင်း ပါ သူတို့ အသင်း မှာ ကမာ့ အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီ ရှိနေ ပါတယ် ကျွန်တော့် အတွက် ကတော့ မြင်တွေ့ ဖူး သမျှ ထဲ သူဟာ ဆုံဖြတ်ချက် အပိုင်နိုင် ဆုံး လူသား တစ်ဦး ပါပဲ ကျွန်တော် ဟာ အကောင်းဆုံး ဆိုတဲ့ သူတွေ နဲ့ ရင်ဆိုင် ခဲ့ဖူး ပါတယ် ဒါပေမဲ့ တစ်ယောက် မှ သူနဲ့ မတူ ကြ ပါဘူး

ဒါပေမဲ့ ကျွန်တော် တို့က မန်ချက်စတာ ယူနိုက်တက် အသင်း ပါ ကျွန်တော် တို့ အသင်း မှာ ကျွန်တော် တို့ရဲ့ ရွေးချယ် ခွင့် နဲ့ ပုံရိပ် ဆိုတာ ခမ်းနားစွာ ရှိနှင့် ပြီးသား ပါ ကျွန်တော် တို့ဟာ ဆိုးလ်ရှား နဲ့ အတူ တိုက်စစ် ဆင်ရင်း အနိုင် ယူဖို့ ချည်းပဲ တွေး တော လုပ်ဆောင် ခဲ့ကြ ပါတယ် ကျွန်တော် တို့ ကတော့ အဲ့ဒီ နေ့ ဟာ မက်ဆီ ရဲ့ နေ့ မဖြစ်ဖို့ မျှော်လင့် နေကြ ပါတယ်လို့ ဟာရဲရား က ပြိုင်ဖက် အသင် အဖော် လေးစား မှု အပြည့်ထား ရှိတဲ့ မှတ်ချက် မျိုး ပေးသွား ခဲ့လိုက် ပါတယ်



လက်ရှိ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ဖို့ ရှိနေ တဲ့ ဟာရဲရား ကို လီဂူး ထိပ်သီး PSG အသင်း က ခေါ်ယူ ဖို့ သတင်း တွေ ထွက်ပေါ် နေခဲ့ ပါတယ် အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး ဒါဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာ တစ်ခု ဖြစ်ကြောင်း ဟာရဲရား က ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ်

အကယ်လို့ ခင်ဗျား ဟာ အသင်း နဲ့ သုံးလ သာ စာချုပ် သက်တမ်း ကျန်ရှိ နေပြီး ရွေးချယ် စရာ မရှိ သေးတဲ့ အချိန် ဒီလို အရာ တွေက ဖြစ် လာမှာ ပါပဲ တစ်ခုခု ဖြစ်လာ လိမ့်မယ် ဆိုတာ ကျွန်တော် ကြိုသိ နေခဲ့ ပါတယ် ဒါဟာ သာမန် ကိစ္စ တစ်ခု ပါပဲ ကျွန်တော် ကတော့ ပွဲစဉ် တွေကို အာရုံစိုက် ကစား နိုင်ဖို့ အတွက် ပဲ တွေးတော နေ ပါတယ်



(Unicode)

ယူနိုက်တက်အတွက်နောက်ဆုံးအချိန်ထိသစ္စာရှိသွားမယ်လို့ဆိုလိုက်ပြီဖြစ်တဲ့ဟာရဲရား

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားဟာ အသင်း သား တွေနဲ့ တစ်ကယ့် ကို ကောင်းမွန် တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပြီး နည်းပြ မော်ရင်ဟို ကြောင့် သူဟာ တိုးတက် ကောင်းမွန် လာခဲ့တာ ဖြစ်တယ် လို့ သရဲနီ တို့ရဲ့ ကွင်းလယ် လူ အန်ဒါ ဟာရဲရား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ သူတို့ နှစ်ဦး ကြား နှိုင်းယှဉ်မှု ပြုလုပ် စေတဲ့ အခါ မှာတော့ ဟာရဲရား က …

” ကျွန်တော် ဟာ နှိုင်းယှဉ်တာ တွေ မပြုလုပ် ချင် သလို အသင်း မှာ မရှိ တော့တဲ့ နည်းပြ တစ်ဦး အတွက် အမုန်း စကား လည်း မဆို ချင် ပါဘူး ။ မော်ရင်ဟို နဲ့ ပတ်သက် လို ကျွန်တော် ပြောချင် တာ တစ်ခု ပဲ ရှိ ပါတယ် ။ အဲ့တာ က ကျွန်တော့် ကို ပိုကောင်း အောင် သင်ကြား ပေး ခဲ့တဲ့ အတွက် ကျေးဇူး တင်လို ခြင်း ပါပဲ ။ ကျွန်တော် သူ့ လက်အောက်မှာ ပွဲစဉ် တွေ အများကြီး ကစား ခဲ့ ရပြီး တစ် ရာသီ လုံး ရဲ့ အကောင်း ဆုံး ကစားသ မား တစ်ဦး လိုတောင် သတ်မှတ် ခံခဲ့ ရ ပါတယ် ”

” အခုတော့ အသင်း မှာ ဆိုးလ်ရှား လုပ်ဆောင် ပြခဲ့ တာတွေ ဟာ အံ့ချီးဖွယ် တွေချည်း ပါပဲ ။ သူဟာ အသင်း ကို ကိုင်တွယ် နည်းပြ ခဲ့တဲ့ ပွဲစဉ် 19 ပွဲမှာ 14 ပွဲ အထိ အနိုင် ရရှိ အောင် လုပ်ဆောင် ပြနိုင် ခဲ့ ပါတယ် ။ အထူးသဖြင့် အသင်း သားတွေ နဲ့ သူ့ အကြား ရှိနေ ခဲ့တဲ့ ဆက်ဆံရေး ဟာ တစ်ကယ့် ကို သာလွန် ကောင်းမွန် ခဲ့ ပါတယ် ”

” သူ့ရဲ့ နည်း စနစ် ပိုင်း ကောင်းမွန် မုှတွေ ကြောင့် ကျွန်တော် တို့ တစ်ခါတရံ အရမ်း ကို အံ့အား သင့်ခဲ့ ကြရ ပါတယ် ။ ကျွန်တော် တို့တွေ ဟာ သူ့ အပေါ် ယုံကြည် မှု အပြည့် ရှိကြ ပါတယ် ။ သူ့ အတွက် ကျွန်တော် တို့ သေဆုံး သည် အထိ ၊ နောက်ဆုံး အချိန် အထိ အားကြိုး မာန်တက် ကစား ပေး ကြဖို့ အသင့် ပါပဲ ” လို့ ဟာရဲရား ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ချန်ပီယံ လိဂ် 16 သင်း အဆင့် မှာ ပြင်သစ် လီဂူး ထိပ်သီး PSG အသင်း ကို ခက်ခဲ စွာ ကျော်ဖြတ် အနိုင် ယူခဲ့ ပြီးနောက် စပိန် ထိပ်သီး ဘာစီလိုနာ အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး ဟာရဲရား က …

” လက်ရှိ အချိန် မှာ ဘာစီလိုနာ ဟာ ဥရောပ ရဲ့ ခြေစွမ်း အမှန်ဆုံး အသင်း တစ်သင်း ပါ ။ သူတို့ အသင်း မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီ ရှိနေ ပါတယ် ။ ကျွန်တော့် အတွက် ကတော့ မြင်တွေ့ ဖူး သမျှ ထဲ သူဟာ ဆုံဖြတ်ချက် အပိုင်နိုင် ဆုံး လူသား တစ်ဦး ပါပဲ ။ ကျွန်တော် ဟာ အကောင်းဆုံး ဆိုတဲ့ သူတွေ နဲ့ ရင်ဆိုင် ခဲ့ဖူး ပါတယ် ။ ဒါပေမဲ့ တစ်ယောက် မှ သူနဲ့ မတူ ကြ ပါဘူး ”

” ဒါပေမဲ့ ကျွန်တော် တို့က မန်ချက်စတာ ယူနိုက်တက် အသင်း ပါ ။ ကျွန်တော် တို့ အသင်း မှာ ကျွန်တော် တို့ရဲ့ ရွေးချယ် ခွင့် နဲ့ ပုံရိပ် ဆိုတာ ခမ်းနားစွာ ရှိနှင့် ပြီးသား ပါ ။ ကျွန်တော် တို့ဟာ ဆိုးလ်ရှား နဲ့ အတူ တိုက်စစ် ဆင်ရင်း အနိုင် ယူဖို့ ချည်းပဲ တွေး တော လုပ်ဆောင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ကတော့ အဲ့ဒီ နေ့ ဟာ မက်ဆီ ရဲ့ နေ့ မဖြစ်ဖို့ မျှော်လင့် နေကြ ပါတယ် ” လို့ ဟာရဲရား က ပြိုင်ဖက် အသင် အဖော် လေးစား မှု အပြည့်ထား ရှိတဲ့ မှတ်ချက် မျိုး ပေးသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ဖို့ ရှိနေ တဲ့ ဟာရဲရား ကို လီဂူး ထိပ်သီး PSG အသင်း က ခေါ်ယူ ဖို့ သတင်း တွေ ထွက်ပေါ် နေခဲ့ ပါတယ် ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး ဒါဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာ တစ်ခု ဖြစ်ကြောင်း ဟာရဲရား က ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ ခင်ဗျား ဟာ အသင်း နဲ့ သုံးလ သာ စာချုပ် သက်တမ်း ကျန်ရှိ နေပြီး ရွေးချယ် စရာ မရှိ သေးတဲ့ အချိန် ဒီလို အရာ တွေက ဖြစ် လာမှာ ပါပဲ ။ တစ်ခုခု ဖြစ်လာ လိမ့်မယ် ဆိုတာ ကျွန်တော် ကြိုသိ နေခဲ့ ပါတယ် ။ ဒါဟာ သာမန် ကိစ္စ တစ်ခု ပါပဲ ။ ကျွန်တော် ကတော့ ပွဲစဉ် တွေကို အာရုံစိုက် ကစား နိုင်ဖို့ အတွက် ပဲ တွေးတော နေ ပါတယ် ”

” ကျန်တာ တွေက ကျွန်တော့် အေးဂျင့် နဲ့ ယူနိုက်တက် အသင်း တို့ ရှင်းကြ ပါ လိမ့်မယ် ” လို့ ဟာရဲရား က အနာဂတ် နဲ့ ပတ်သက် လို့ ရိုးရှင်း စွာပဲ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

No comments

Powered by Blogger.