Header Ads

သူတို့ အသင်းဘာဖြစ်သွားတာလဲသူကိုယ်တိုင်တောင်မသိတော့ဘူးလို့ နည်းပြဆာရီဆို

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစားသွား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ အဲဗာတန် အသင်း ကို အဝေးကွင်း မှာ ၂ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ကာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ၄င်းရဲ့ အထက် က အသင်း
 တွေနဲ့ ရမှတ် ကွာဟချက် ကို နည်းပါးအောင် မလျှော့ချ နိုင်ခဲ့တာ ကို တွေ့ခဲ့ ရပါတယ်

ဒါဟာ ပြီးခဲ့တဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲ မှာ မန်စီးတီး ကို ပင်နယ်တီ အဆုံးအဖြတ် မှာ အရေးနိမ့် ခဲ့ပြီးနောက် ချယ်လ်ဆီး အသင်း ရဲ့ ပထမဆုံး အရေးနိမ့် ခဲ့တဲ့ ပွဲစဉ် လည်း ဖြစ်ပါတယ် အဲဗာတန် အသင်း ကတော့ ချယ်လ်ဆီး ကို အနိုင် ရလိုက်တာ ကြောင့် တန်းဆင်းဇုန် နဲ့ ၁၀ မှတ် အကွာ ကို ရောက်ရှိ သွားခဲ့ရ သလို နည်းပြ မာကို ဆေးလ်ဗား ရဲ့ ဖိအား လည်း အနည်းငယ် လျော့ကျ သွားခဲ့ ရပါတယ်

ဂွတ်ဒီဆင်ပါ့ခ် မှာ ကစား ခဲ့တဲ့ ပွဲစဉ် ရဲ့ ပထမပိုင်း အတွင်း မှာ ချယ်လ်ဆီး အသင် ရဲ့ ကစားပုံ ကောင်းမွန် ခဲ့ပြီး ဟာဇတ် ရဲ့ ကန်ချက် တွေကနေ ဂိုးရဖို့ နီးစပ် ခဲ့တဲ့ အနေအထား တွေ ရှိခဲ့ပေမယ့် ဂိုးမရှိ သရေ ရလဒ် နဲ့ သာ ပြီးဆုံး ခဲ့ရပါတယ် ဒုတိယပိုင်း အစောပိုင်း မှာလည်း အထ လေးခဲ့ ရလို့ ရစ်ချာလီဆင် က အဲဗာတန် အတွက် အဖွင့်ဂိုး ကို သွင်းယူ ပေးခဲ့သလို မိနစ် ၇၀ မှာ ပင်နယ်တီ ကနေ တဆင့် ဆီဂတ်ဆန် က ထပ်ဆင့် အဆုံးသတ် ခဲ့လို့ ချယ်လ်ဆီး တို့ ၂ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ရပါတယ်

ပွဲပြီး Sky Sports နဲ့ အင်တာဗျူး မှာတော့ ချယ်လ်ဆီး နည်းပြ ဆာရီ ကတော့ ၄င်းတို့ အသင်း ရဲ့ ပထမပိုင်း ကစားပုံ ဟာ ဒီရာသီ အကောင်းဆုံး ကစား နိုင်ခဲ့တဲ့ ပထမပိုင်း ကစားပုံ လို့ ဆိုရမှာ ဖြစ်ပေမယ့် နောက်ပိုင်း မှာ တိုက်စစ် ကစားပုံ ဘာကြောင့် ရပ်တန့် သွားသလဲ ဆိုတာ စဉ်းစား လို့ မရကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ်

ဆာရီ ကဘာတွေ ဖြစ်သွားသလဲ ဆိုတာ ကျွန်တော် လည်း မသိပါဘူး ကစားသမား တွေလည်း ဒီနေ့ ပွဲမှာ ဘာတွေ ဖြစ်သွားလဲ ဆိုတာ သူတို့ ကိုယ်တိုင် ကို မသိပါဘူး အခု အချိနိ မှာတော့ အသင်း မှာ ဘာပြောင်း သွားသလဲ ဆိုတာ ရှင်းပြ မတတ်သေးပါဘူး ကျွန်တော့ အမြင် မှာတော့ ကျွန်တော် တို့ ဒီနေ့ မှာ ဒီရာသီ အကောင်းဆုံး ပထမပိုင်း ကစားပုံ ကို ချပြ နိုင်ခဲ့ပါတယ်
ပထမပိုင်း မှာ ကျွန်တော် တို့ဟာ သွင်းဂိုး ၄ဂိုး ၅ဂိုး လောက် ရခဲ့သင့် ပါတယ် အဲ့ဒီနောက် မှာ ကျွန်တော် တို့ဟာ တိုက်စစ်ဆင် တာ ရပ်တန့် သွားခဲ့ ရပါတယ် ဒါဟာ အရမ်း ထူးဆန်း ပါတယ် ကျွန်တော် တို့ဟာ ခံစစ် ကနေ ခုခံတာ တွေရော တန်ပြန် တိုက်စစ် စတင် ကစားတာ တွေပါ အားလုံး ရပ်တန့် သွားခဲ့ပါတယ် မတူညီ တဲ့ တခြား အသင်း တသင်း အသွင် က်ု ရောက်ရှိ သွားခဲ့ ရပါတယ် ဘာကြောင့်မှန်း ကျွန်တော် လည်း မသိပါဘူး

ဒါပေမယ့် ကျွန်တော် တို့ ရှေ့ဆက် သွားဖို့ လိုပါတယ် ပွဲကို ကျွန်တော် တို့ ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ် ခြုံပြီး ပြောရရင် ကျွန်တော် တို့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ် ခံစစ် ကစားပုံလည်း အဆင်ပြေ ခဲ့ပါတယ် ဒုတိယပိုင်း မှာ သာ ကျွန်တော် တို့ရဲ့ ကစားပုံ ဆိုးရွား ခဲ့တာပါ ဒါဟာ ထူးဆန်း ပါတယ် ကျွန်တော် ကိုယ်တိုင် လည်း ဘယ်လိုမှ နားမလည် နိုင်တော့ပါဘူး
ကစားကွက်ပိုင်း အရ ကျွန်တော် တို့ရဲ့ ကစားပုံ ဆိုးရွား ခဲ့တာ ဆိုရင် ကျွန်တော် တို့ဟာ ဘယ်လို နည်းစနစ် တွေမှာမှ အံမဝင် နေတာ ဖြစ်တယ် လို့ ယူဆ လို့ရပါတယ် ကျွန်တော် တို့ဟာ ကစားကွက် ကို ပြောင်းခဲ့ ပေမယ့် ကစားပုံ က ဒီ အတိုင်းပဲ ဖြစ်နေခဲ့ ပါတယ် ဒါဟာ အရမ်း ခက်ခဲ တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်

ကျွန်တော့ အမြင် မှာတော့ အသင်းသား တွေမှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြဿနာ အနည်းငယ် ကြုံတွေ့ နေရတယ် လို့ ထင်ပါတယ် စိတ်ဓာတ်ပိုင်း အခက်အခဲ ရှိနေရင် ကစားကွက် ပြောင်းလိုက်ရင် တောင် ကစားပုံ တိုးတက်အောင် လုပ်ဆောင်ဖို့ မလုံလောက်ပါဘူး ကျွန်တော်တို့ ဟာ ပွဲစ ကစားတော့ စိတ်ဓာတ် မြင့်မြင့်မားမား နဲ့ ကစားနိုင် ခဲ့ပေမယ့် ပွဲအပြီး မှာ ဘာတွေ ဖြစ်သွားလဲ ဆိုတာ ကျွန်တော် လည်း မသိတော့ပါဘူး လို့ ပြောကြား ခဲ့ပါတယ်

(Unicode)

Credit

No comments

Powered by Blogger.