Header Ads


ဂ်က္ဆီလင္ဂတ္ကိုေလွာင္ေျပာင္ခဲ့ၾကတဲ့အာဆင္နယ္ပရိတ္သတ္မ်ား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စေနေန႔ညေနက ဝုဗ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ ဝုဗ္အသင္းကို ဂိုး ဂိုးနဲ႔ ရံႈးနိမ့္ၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ မန္ယူၾကယ္ပြင့္ဂ်က္ဆီလင္ဂတ္ကို အာဆင္နယ္ပရိသတ္ေတြက ဝုိင္းဝန္း ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာ ဝုဗ္အသင္းက ရာအူးလ္ဂ်ီမီနက္ဇ္၊ ဂ်ိဳတာတို႔ရဲ႕သြင္းဂိုးေတြနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ဦးေဆာင္ႏုိင္ခဲ့တာျဖစ္ၿပီး မိနစ္ ၉၀ ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ ရက္ရွ္ဖို႔ဒ္က မန္ခ်က္စတာယူႏုိက္တက္အတြက္ ေခ်ပဂိုးကို ျပန္လည္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။


ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ ဂ်က္ဆီလင္ဂတ္ဟာ ေျခစြမ္းျပသဖို႔အတြက္ ရုန္းကန္ခဲ့ရၿပီး ၈၆ မိနစ္မွာ ယာယီနည္းျပအုိလီဂန္းနားဆုိးလ္ရွားရဲ႕ လူစားလဲလွယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ လင္ဂတ္ဟာ အက္ဖ္ေအဖလား စတုတၳအဆင့္မွာ အာဆင္နယ္အသင္းကို - နဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူအၿပီး Moonwalk အကကို ကျပခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ႕ေဒါသထြက္ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။



မန္ခ်က္စတာယူႏုိက္တက္အသင္း ဝုဗ္ကို ရံႈးနိမ့္ၿပီး အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြအတြက္ ဂ်က္ဆီလင္ဂတ္ကို လက္စားေခ်ဖို႔ အခြင့္ေကာင္းကို ရရွိသြားခဲ့ပါတယ္။
အာဆင္နယ္ပရိသတ္တစ္ဦးကဒီလိုကတာမ်ိဳး ဒီေန႔မေတြ႕မိပါလားဆုိတဲ့ စာသားနဲ႔အတူ လင္ဂတ္ ကေနတဲ့ဗီဒီယိုဖုိင္ကို တြစ္တာမွာ တင္ခဲ့ပါတယ္။

ေနာက္ထပ္တစ္ဦးကလည္းအခု လင္ဂတ္ ဘယ္ေရာက္ေနတာလဲ။ မင္းရဲ႕ရူးေၾကာင္ေၾကာင္ကကြက္ကေရာ ဘယ္မွာလဲလို႔ ေရးသားၿပီး တင္ခဲ့ပါတယ္။


(Unicode)

ဂျက်ဆီလင်ဂတ်ကိုလှောင်ပြောင်ခဲ့ကြတဲ့အာဆင်နယ်ပရိတ်သတ်များ

စနေနေ့ညနေက ဝုဗ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝုဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မန်ယူကြယ်ပွင့်ဂျက်ဆီလင်ဂတ်ကို အာဆင်နယ်ပရိသတ်တွေက ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာ ဝုဗ်အသင်းက ရာအူးလ်ဂျီမီနက်ဇ်၊ ဂျိုတာတို့ရဲ့သွင်းဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဂျက်ဆီလင်ဂတ်ဟာ ခြေစွမ်းပြသဖို့အတွက် ရုန်းကန်ခဲ့ရပြီး ၈၆ မိနစ်မှာ ယာယီနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့ လူစားလဲလှယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လင်ဂတ်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အာဆင်နယ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူအပြီး Moonwalk အကကို ကပြခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ဒေါသထွက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ဝုဗ်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရချိန်မှာ အာဆင်နယ်ပရိသတ်တွေအတွက် ဂျက်ဆီလင်ဂတ်ကို လက်စားချေဖို့ အခွင့်ကောင်းကို ရရှိသွားခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တစ်ဦးက “ဒီလိုကတာမျိုး ဒီနေ့မတွေ့မိပါလား”ဆိုတဲ့ စာသားနဲ့အတူ လင်ဂတ် ကနေတဲ့ဗီဒီယိုဖိုင်ကို တွစ်တာမှာ တင်ခဲ့ပါတယ်။
နောက်ထပ်တစ်ဦးကလည်း “အခု လင်ဂတ် ဘယ်ရောက်နေတာလဲ။ မင်းရဲ့ရူးကြောင်ကြောင်ကကွက်ကရော ဘယ်မှာလဲ”လို့ ရေးသားပြီး တင်ခဲ့ပါတယ်။

credit

No comments

Powered by Blogger.