Header Ads
၂၀၀၅-၂၀၀၆ ရာသီက ဘာစီလိုနာအသင်းအပေါ်နည်းစနစ်ပိုင်းချဉ်းကပ်ပြင်ဆင်ခဲ့တဲ့မော်ရင်ဟိုနဲ့ အန်ဒါရာဘိုအာ့စ်တို့ ရဲ့ လျို့ ဝှက်ဗျူဟာများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပိန်ကလပ်အပေါ်နည်းစနစ်ပိုင်းလေ့လာမှုတွေပြုလုပ်ခဲ့ကြတဲ့ပေါ်တူဂီနည်းပြ၂ယောက်ရဲ့ လုပ်ရပ်ကတေှာျှ့မျှတတပြောရကြေးဆိုရင် ဈေးပြိုင်လျော့ရောင်းနေတဲ့ပုံစံပေါ်နေပါတယ်။
(Unicode)
၂၀၀၅-၂၀၀၆ ရာသီက ဘာစီလိုနာအသင်းအပေါ်နည်းစနစ်ပိုင်းချဉ်းကပ်ပြင်ဆင်ခဲ့တဲ့မော်ရင်ဟိုနဲ့အန်ဒါရာဘိုအာ့စ်တို့ရဲ့ လျိူ့ဝှက်ဗျူဟာများ
စပိန်ကလပ်အပေါ်နည်းစနစ်ပိုင်းလေ့လာမှုတွေပြုလုပ်ခဲ့ကြတဲ့ပေါ်တူဂီနည်းပြ၂ယောက်ရဲ့လုပ်ရပ်ကတော့ မ ျှ ှမ ျှတတပြောရကြေးဆိုရင် ဈေးပြိုင်လျော့ရောင်းနေတဲ့ပုံစံပေါ်နေပါတယ်။
ပွဲတစ်ပွဲရဲ့ နောက်ကွယ်က စပယ်ရှယ်ဝမ်းရဲ့နည်းစနစ်ပိုင်းချဉ်းကပ်တွေးခေါ်မှုပိုင်းကို ဘောလုံးဖန်တွေသိခွင့်ရတဲ့အတွက် Performance Analysis ကိုကျေးဇူးတင်ပါတယ်။
ပေါ်တူဂီနည်းပြ၂ယောက်ဖြစ်တဲ့မော်ရင်ဟိုနဲ့ဗီလက်စ်ဘို့အာစ်ရဲ့ဘာစီလိုနာအသင်းအပေါ် နည်းစနစ်ပိုင်းချဉ်းကပ်ခဲ့မှုတွေကို လေ့လာကြည့်ရအောင်။
ပူယိုးလ်: ” ထိထိမိမိဖိကစားတတ်တယ်။ဒါပင်မယ့်စိတ်လှုပ်ရှားလွယ်တယ်။သူနဲ့ပတ်သတ်ပြီး ပြစ်ဒဏ်ဘောတွေရအောင် သူ့ကိုဒိုင်နဲ့ပြဿနာတက်အောင်လုပ်ပေးပါ။ရန်ဆွကစားပေးပါ။ဒီမာန်ပါပါကစားတဲ့ နောက်ခံလူကို သူ့ကိုယ်ခန္ဓာနဲ့တိုက်မိအောင်ကစားပါ။” 
”နေရာယူတာဆိုးတတ်တယ်။ခံစစ်ပိုင်းဦးဆောင်မှုသိပ်မကောင်းဘူး။အဲ့တော့ လိုက်လို့မမှီနိုင်တော့ရင်သူကလူကျွံဘောဖမ်းကစားတတ်ပါတယ်။ဘာလို့လဲဆိုတော့ သူဟာသူ့ရဲ့သန်မာမှုကို အသုံးချပြီးနေရာပြန်ယူတတ်ပါတယ်။အဲ့တော့ ကျွန်တော်တို့က Final Third ဇုန်မှာရော အပြင်မှာရော သူ့ကိုရန်ဆွကစားမယ်။ခေါင်းတိုက်စွမ်းရည်တွေနဲ့စွမ်းအင်တွေကို အသုံးချလို့ရပါတယ်။” 
အင်နီယေစတာ: “ အရံခုံကနေဝင်ဝင်လာတဲ့ကစားသမားပါ။အရမ်းကို ရွေ့လျားအားအရမ်းကောင်းတဲ့သူပါ။ပတ်ပတ်လည်ကိုလိုက်ကစားနိုင်တဲ့သူပါ။ရွေ့လျားအားကလည်းမြန်တယ်။အကောင်အထည်ဖော်တဲ့နေရာမှာလည်းသိပ်မြန်တယ်။ခဲရာခဲဆစ်ကိုကစားရမယ့်ကစားသမားပါ။” 
ရော်နယ်ဒင်ဟို  “ First Touch နဲ့တင်ပြိုင်ဘက်နောက်ခံလူတွေကိုနည်းစနစ်ပိုင်းအရည်အသွေးနဲ့ရှောင်ရှားနိုင်ပါတယ်။ဘောလုံးလက်ခံရပြီဆိုတာနဲ့၁ယောက်ချင်းတွေ့ပြီး တိုက်စစ်ကစားဂိုးသွင်းမယ့်သူပါ။ဗဟိုနောက်ခံလူကို ရှေ့တက်အောင်မြူကစားပြီး အတွင်းလိုင်းထဲကို ဝင်နိုင်ဖို့လိုက်ဆွကစားတတ်တဲ့သူပါ။ပြီးရင်မက်ဆီ ဒါမှမဟုတ် အီတူးကို ပေးလိုက်တော့တာပါ။ခံစစ်ပိုင်းစွမ်းဆောင်ရည်ကတော့ အရမ်းညံ့တယ်။တိုက်စစ်ခံစစ်အကူးအပြောင်းလည်းအဲ့လောက်မရဘူး။လှည့်ဖျားတတ်တဲ့သူပါ။လွယ်လွယ်ကူကူလဲကျတဲ့သူပါ။” 
ထိုစဉ်က ချဲလ်ဆီးနည်းပြအဖြစ်ရှိနေခဲ့တဲ့ မော်ရင်ဟိုကလည်း ၂၀၀၄ခုနှစ်ကမှာ ဘာစီလိုနာရဲ့စီနီယာအသင်းဆီရောက်လာတဲ့လီယွန်နယ်မက်ဆီရဲ့ချိန်းခြောက်မှုကိုကောင်းကောင်းကြီးသတိထားခဲ့ပါတယ်။
မက်ဆီ : “ ပြေးနှုန်းရော၊အရည်အသွေးရောအပြည့်အဝရှိတယ်။ဘယ်ခြေအရမ်းကောင်းတယ်။ရော်နယ်ဒင်ဟိုနဲ့တစ်ပုံစံထဲပဲ။အသင်းရဲ့နောက်တန်းအစွန်လူတွေနဲ့အတွင်းလူတွေကို ဒိုင်ဗင်ထိုးစေဖို့တွန်းအားပေးနိုင်တဲ့ကစားသမားပါ။ 1vs 1မှာတော့ အံမခန်းပါပဲ။သူ့ကိုပြစ်ဒဏ်ဘောအဖြစ်ကျူးလွန်မယ်ဆိုရင်တော့ ပယ်နယ်တီဧရိယာပြင်ဘက်တက်နိုင်သမ ျှစောပြီး လုပ်သင့်တယ်။ပြီးခဲ့တဲ့အချိန်က မှဒဏ်ရာကနေသက်သာလာတာကြောင့်ပါ။” 
ဒီအစီရင်ခံစာနဲ့ပတ်သတ်ပြီး သင်တို့ရောဘယ်လိုထင်မြင်ကြသလဲ?
No comments
Powered by Blogger.