Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လာမယ့်နွေရာသီမှာအသင်းအတွက်အလိုရှိတယ့်ကစားသမားတွေကိုမဲပေးရွေးခဲ့ကြတဲ့ရီးရဲလ်ပရိတ်သတ်၂သိန်း
ရီးရဲလ် မက်ဒရစ်အသင်းကို နည်းပြဟောင်းဇီဒန်းက ပြန်လည်ရောက်ရှိလာမှုက ဘောလုံးလောကကြီးကိုအံသြမှုတွေအပြည့်ဖြစ်စေခဲ့ပါတယ်။ဒါပေမယ့်ချန်ပီယံလိဂ်ဖလားရဲ့လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းဟာ ဇီဒန်းထွက်ခွာသွားပြီးနောကိပိုင်းမှာအများကြီးပြောင်းလဲကာ အသင်းရဲ့ပုံစံအစစ်ပါပျောက်ကွယ်ခဲ့ပါတယ်။ပြင်သစ်သားကြီးက သူရဲ့အသင်းဟောင်းရဲ့ရလဒ်တွေကဆိုးရွားနေတာကြောင့်ဘာနေဗျူးမြေကိုပြန်လာဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူထွက်ခွာပြီး၁၀လအတွင်းနည်းပြ၂ဦးအပြောင်းအလဲဖြစ်ခဲ့ကာ အဆိုးရွားဆုံးရာဇဝင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ရီးရဲလ်အသင်းကို နည်းပြ လိုပက်တီဂူ နှင့်ဆိုလာရီ တို့၂ဦးက အကောင်းဆုံးထိန်ူကျောင်းဖို့ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ကာ ကျရှုံးမှုတွေရင်ဝယ်ပိုက်ခဲ့ရပါတယ်။ရီးရဲလ်အသင်းက နည်းပြဇီဒန်းနှင့်အတူ ရိုနယ်လ်ဒိုကိုပါဆုံးရှုံးခဲ့ရခြင်းရဲ့အကျိုးဆက်တွေကိုခံစားခဲ့ရခြင်းဖြစ်ပါတယ်။
ရီးရဲလ်အသင်းက ယခုနှစ်ရာသီမှာ ကော်တွိုင်းစ် အိုရီယိုဇိုလာနှင့်ဗင်နီစီယက် ဂျူနီယာ တို့ကိုသာခေါ်ယူနိုင်ခဲ့ပါတယ်။ဒီအတောအတွင်းမှာပြည်တွင်းလိဂ်ဖလား ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတို့မှခြေနေဆိုးရွားခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့်မှာ ထွက်ခွာခဲ့ရပါတယ်၊
ယခုအခါမှာတော့ အသင်းရဲ့ပရိသတ်များက နွေရာသီအပြောင်းအရွေကာလမှာ ဘာနေဗျူးကို ရောက်ရှိစေချက်တဲ့ကစားသမားတွေကိုမဲပေးကာ တောင်းဆိုနေကြပါတယ်။အဆိုပါမဲပေးမှုကိုပရိသတ်ပေါင်း ၂သိန်းကျော် သူတို့စိတ်ကြိုက်ကစားသမားတွေကိုဘယ်နေရာမှာကစားစေပြီးမည်သူကိုဝယ်ယူရမည်ဆိုတာကိုတောင်းဆိုနေကြပါတယ်။
တိုက်စစ်ပိုင်းမှာတော့ နာမည်ကြီးလူငယ်ကစားသမား အမ်ဘက်ပေးကို ၇၉%အထိမဲပေးခဲ့ကြပြိးသူရဲ့နောက်မှာတော့ နာမည်ကြီးကစားသမားတွေဖြစ်ကြတဲ့ဟာဇက်နှင့် ဟာရီကိနိးတို့ကိုမဲပေးခဲ့ကြပါတယ်။သူတို့နှစ်ဦးကတော့ပရိသတ်ရွေးချယ်မှု ၁၀ ရာခိုင်နှုန်းစီရရှိခဲ့ကြပါတယ်။
ဘာလိုပဲဖြစ်ဖြစ်ဟာဇက်ကတော့ကွင်းလယ်အဓိကလူနေရာမှာ စပါးအသင်းကစားသမားအဲရစ်ဆန်ထပ်အများကြိးအသာရကာမဲပေးမှုမှာ ၇၀ရာခိုင်နှုန်းအထိရရှိခဲ့ကာ နည်းပြကိုသဘောကျလက်ခံစေလောက်မည့်အနေအထားလည်းဖြစ်ပါတယ်။ပရိသတ်တော်တော်များများကလက်ရှိလူငယ်ကစားသမားအနေနှင့်အေဂျက်စ်အသင်းကစားသမားဒီလိုက်ကိုသဘောတွေနေပြီး သူကိုခေါ်ယူရန်မဲပေးမှုမှာ၇၀%အထိရှိပါတယ်။သူကိုပရိသတ်တွေကဘာစီလိုနာအသင်းကိုမရောကိရှိခင်အရင်လက်ဦးစေလိုနေပါတယ်။သူနောက်မှတော့ယူနိုက်တက်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ပေါ့ဘာကို သဘောတွေပြီးခေါ်ယူဖို့ ၃၈%အထိရရှိတဲ့စေပြီးထောကိခံခဲ့ကြပါတယ်။အဲဒီနောက်မှာချဲလ်ဆီးအသင်းမှ မားကပ်အလွန်ဆို ဘိုင်ယန်မြူးနစ် အသင်းမှ ဒေးဗစ် အလာဘာတို့ကိုလည်းစိတ်ဝင်စားနေကြပါတယ်။
ဒါကြောင့်အပြောင်းအရွေ့ဈေးကွက်ဖွင့်ရင် ရီးရဲလ်အသင်းဘယ်လိုပွဲကြမ်းမလဲဆိုတာပရိသတ်တွေနှငိ့အတူရင်ခုန်စွာစောင်မျှော်ရမှာဖြစ်ပါတယ်။
Post a Comment