Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လီဗာပူးလ်ကစားသမားဟောင်းကို အာဆင်နယ်တို့လက်ဦးပြီးခေါ်နိုင်ဖို့အခွင့်အရေးသာလွန်နေတာလဲ?
ရိုးမားအသင်းအတွက် ဆူဆိုကိုခေါ်ပေးဖို့ကြိုးစားခဲ့တဲ့ မွန်ချီဟာ ဂန်နားတို့ရဲ့အားကစားဒါရိုက်တာအသစ်ဖြစ်လာတော့ဖို့နီးစပ်နေပါတယ်။အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့အားကစားဒါရိုက်တာအသစ်အဖြစ်မွန်ချီကိုခန့်အပ်ကြောင်းတရားဝင်ကြေညာဖို့ရှိနေပါတယ်။ဆီဗီးလားအသင်းမှာ နည်းပြအမ်မရီနဲ့အလုပ်တူတူတွဲလုပ်ခဲ့ဖူးတဲ့ စပိန်သားဟာပြီးခဲ့တဲ့အပတ်ကမှ ရိုးမားအသင်းကနေနှုတ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။
အီတလီသတင်းစာ Tuttosport ရဲ့အဆိုအရတော့ မွန်ချီရောက်လာတာဟာ အေစီမီလန်စတားဆူဆိုကို အာဆင်နယ်တို့ခေါ်ယူဖို့အတွက်အခွင့်သာသွားတယ်လို့သိရပါတယ်။ဂန်းနားတို့ဟာ လီဗာပူးလ်အသင်းရဲ့တောင်ပံကစားသမားဟောင်းကိုစိတ်ဝင်စားနေခဲ့တာကြာပြီး စနေနေ့က ချီယေဗိုအသင်းကို မီလန်တို့၂-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ မီလန်စတားကိုလာကြည့်ခဲ့ကြပါတယ်။
သတင်းများရဲ့အဆိုအရတော့ မွန်ချီဟာ ရိုးမားမှာရှိနေစဉ်က ဆူဆိုကိုခေါ်ဖို့ကြိုးစားခဲ့ဖူးပြီး အခုအမ်မရိတ်ကိုရောက်လာချိန်မှာတော့ ပြန်လည်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။မီလန်အသင်းကတော့ စာချူပ်ဖျက်သိမ်းကြေးပေါင် ၃၄.၃ သန်းရှိတဲ့ဆူဆိုကိုဆက်ထိန်းသွားနိုင်ဖို့ယုံကြည်နေသော်လည်း ဆူဆိုကိုရောင်းလို့ရတဲ့ငွေနဲ့ကစားသမားအသစ်တွေထပ်ခေါ်သွားဖို့ရှိနေပါတယ်။အသက်၂၅နှစ်အရွယ်တောင်ပံကစားသမားဟာ ဒီရာသီပွဲပေါင်း ၃၀မှာ ၈ဂိုးအထိဖန်တီးပေးထားပြီး ၇ဂိုးသွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။

Post a Comment