Header Ads


ယူရိုပါလိဂ္မွာ ရင္းနက္ကစားသမားထရာအိုေရးကို နံေစာ္ေနတယ္လို႕ ေျပာခဲ့တဲ့ အီဝိုဘီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္ကစားသမားအီဝိုဘီဟာယူရိုပါလိဂ္၁၆သင္းအဆင့္ရံႈးထြက္ပြဲစဥ္မွာ ရင္းနက္ကစားသမား ထရာအိုေရးနဲ႔ အခ်င္းမ်ားခဲ့ပါတယ္။အူနိုင္းအမ္မရီရဲ႕အသင္းဟာ ပထမအေက်ာ့ျပင္သစ္ေျမမွာ -၁နဲ႔အရံႈးေပးခဲ့ရေပမယ့္ အိမ္ကြင္း အမ္းမရိတ္မွာေတာ့ဂိုးျပတ္နိုင္ပြဲယူျပီးေနာက္တစ္ဆင့္တက္ခဲ့ပါတယ္။အူဘာမီယန္းရဲ႕ေျခစြမ္းျပမႈနဲ႔အတူ -၀ဆိုတဲ့ရလဒ္နဲ႔ ဂန္းနားတို႔ကြာတားတက္ခဲ့တာပါ။အဲ့ဒီပြဲ မွာ ထရာအိုေရးနဲ႔ အီဝိုဘီတို႔ စကားအေခ်အတင္ျဖစ္ခဲ့တာကေတာ့ အေတာ္ေလးေျပာစရာျဖစ္ခဲ့ပါတယ္။


အေျကာင္းကေတာ့ အီဝိုဘီရဲ႕ေလွာင္ေျပာင္ေစာ္ကားခဲ့တဲ့စကားေျကာင့္ပါပဲ။နွစ္ဦးသားအေခ်အတင္ျဖစ္ရာမွာ ေခါင္းခ်င္းဆိုင္ျပီး စကားမ်ားရမယ့္အစား အီဝိုဘီက သူ႕နွာေခါင္းကို လက္နဲ႔ပိတ္လို႔ မ်က္နွာရံႈ႕မဲ့ျပခဲ့တာပါ။သူ႔အတြက္ အနံဆိုးေတြခံစားေနရတဲ့ပံုစံမ်ိဳးနဲ႔ေပါ့။ ဒီျဖစ္ရပ္ဟာ ျပန္ေတြးျကည့္ရင္အေတာ္ရီစရာေကာင္းပါတယ္။ ဒီတပတ္ေဘာလံုးပြဲေတြထဲက ဟာသတစ္ခုပါပဲ။အာဆင္နယ္ကေတာ့ ရလဒ္ေကာင္းေတြဆက္တိုက္ျပန္ရလာပါတယ္။အထူူးသျဖင့္အိမ္ကြင္းပြဲေတြမွာပါ။ပရီးမီးယားလိဂ္ဘက္မွာလဲ မန္ယူနိုက္တက္ကိုနိုင္ျပီး အဆင့္ေလးေနရာသိမ္းပိုက္ခဲ့သလို႔ ယူရိုပါလိဂ္မွာလည္း ကြာတားတက္သြားပါျပီ။ 


 သူတို႕ဟာ ယူရိုပါလိဂ္မွာေတာ့ အင္အားအေတာ္ေတာင့္တင္းတဲ့အသင္းတစ္သင္းျဖစ္ေနျပီးဗိုလ္စြဲဖို႔လည္းေရပန္းစားေနပါတယ္။ဒါအျပင့္ ဒီဖလားကိုဆီဗီလာနဲ႔ရယူဖူးတဲ့ အမ္မရီရဲ႕ အေတြ႕အျကံဳေျကာင့္လည္း ဂန္းနားပရိတ္သတ္ေတြကိုေမ်ွာ္လင့္ခ်က္အားေကာင္းေစပါတယ္။ဒီရာသီအာဆင္နယ္ ယူရိုပါလိဂ္ရသြားတာကို ပရိတ္သတ္ေတြျမင္ေတြ႕ရနိုင္မလား။

(Unicode)

ယူရိုပါလိဂ်မှာ ရင်းနက်ကစားသမားထရာအိုရေးကို  နံစော်နေတယ်လို့ ပြောခဲ့တဲ့ အီဝိုဘီ

အာဆင်နယ်ကစားသမားအီဝိုဘီဟာယူရိုပါလိဂ်၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ရင်းနက်ကစားသမား ထရာအိုရေးနဲ့ အချင်းများခဲ့ပါတယ်။အူနိုင်းအမ်မရီရဲ့အသင်းဟာ ပထမအကျော့ပြင်သစ်မြေမှာ ၃-၁နဲ့အရှုံးပေးခဲ့ရပေမယ့် အိမ်ကွင်း အမ်းမရိတ်မှာတော့ဂိုးပြတ်နိုင်ပွဲယူပြီးနောက်တစ်ဆင့်တက်ခဲ့ပါတယ်။အူဘာမီယန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ၃-ဝဆိုတဲ့ရလဒ်နဲ့ ဂန်းနားတို့ကွာတားတက်ခဲ့တာပါ။အဲ့ဒီပွဲ မှာ ထရာအိုရေးနဲ့ အီဝိုဘီတို့ စကားအချေအတင်ဖြစ်ခဲ့တာကတော့ အတော်လေးပြောစရာဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ အီဝိုဘီရဲ့လှောင်ပြောင်စော်ကားခဲ့တဲ့စကားကြောင့်ပါပဲ။နှစ်ဦးသားအချေအတင်ဖြစ်ရာမှာ ခေါင်းချင်းဆိုင်ပြီး စကားများရမယ့်အစား အီဝိုဘီက သူ့နှာခေါင်းကို လက်နဲ့ပိတ်လို့ မျက်နှာရှုံ့မဲ့ပြခဲ့တာပါ။သူ့အတွက် အနံဆိုးတွေခံစားနေရတဲ့ပုံစံမျိုးနဲ့ပေါ့။ ဒီဖြစ်ရပ်ဟာ ပြန်တွေးကြည့်ရင်အတော်ရီစရာကောင်းပါတယ်။ ဒီတပတ်ဘောလုံးပွဲတွေထဲက ဟာသတစ်ခုပါပဲ။အာဆင်နယ်ကတော့ ရလဒ်ကောင်းတွေဆက်တိုက်ပြန်ရလာပါတယ်။အထူူးသဖြင့်အိမ်ကွင်းပွဲတွေမှာပါ။ပရီးမီးယားလိဂ်ဘက်မှာလဲ မန်ယူနိုက်တက်ကိုနိုင်ပြီး အဆင့်လေးနေရာသိမ်းပိုက်ခဲ့သလို့ ယူရိုပါလိဂ်မှာလည်း ကွာတားတက်သွားပါပြီ။

 သူတို့ဟာ ယူရိုပါလိဂ်မှာတော့ အင်အားအတော်တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်နေပြီးဗိုလ်စွဲဖို့လည်းရေပန်းစားနေပါတယ်။ဒါအပြင့် ဒီဖလားကိုဆီဗီလာနဲ့ရယူဖူးတဲ့ အမ်မရီရဲ့ အတွေ့အကြုံကြောင့်လည်း ဂန်းနားပရိတ်သတ်တွေကိုမျှော်လင့်ချက်အားကောင်းစေပါတယ်။ဒီရာသီအာဆင်နယ် ယူရိုပါလိဂ်ရသွားတာကို ပရိတ်သတ်တွေမြင်တွေ့ရနိုင်မလား။

No comments

Powered by Blogger.