Header Ads











ကျွန်တော့် အမြင် ထဲမှာ တော့ ဂျူဗင်တပ် ဟာ ဘာစီလိုနာ ထက် ပိုမို ကောင်းမွန် နေပြီ လို့ ထင် ပါတယ် ဒါ့ အပြင် မန်စီးတီး ဟာ ကျန်တဲ့ အသင်း တွေ ထဲမှာ အကောင်းဆုံး ပြိုင်ဖက် အသင်း တစ်သင်း လို့ ကျွန်တော် မြင်မိ ပါတယ်လို့ ပီယာလို က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ်

ပီယာလို က အခုလို အကောင်းဆုံး ပြန်လာ နိုင်ခဲ့ ခြင်းက အသင်း ရဲ့ စိတ်ဓါတ် ပိုင်း ဆိုင်ရာ နဲ့ ယုံကြည် မှု တွေကို မြင့်တက် လာစေ လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ဒါ့အပြင် ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ဆီ စံချိန်တင် ပြောင်းရွှေ့ ကြေး နဲ့ ရောက်ရှိ လာ ခဲ့တဲ့ စီ ရော်နယ်ဒို ရဲ့ သက်ရောက် မှု ဟာလည်း တစ်ကယ့် ကို အရေး ပါ လိမ့်မယ် လို့ ပီယာလို က သတ်မှတ် ထား ပါတယ်

အကယ်လို့ စီ ရော်နယ်ဒို သာ ရှိ မနေ ခဲ့ရင် အက်သလက်တီကို နဲ့ ပွဲစဉ် ရဲ့ ရလဒ် ဟာ 1 – 0 လောက် နဲ့ သာ ပြီးဆုံး နိုင်ခဲ့ ပါ လိမ့်မယ် သေချာ တာ ကတော့ 3 – 0 ဆိုတဲ့ ရလဒ် မျိုး ထွက်ပေါ် လာမှာ မဟုတ် ပါဘူး



အကယ်လို့ အသက် 33 နှစ် ရောက်တဲ့ အချိန် မှာ စိန်ခေါ် မှု တွေကို ရင်ဆိုင် ဖို့ အတွက် ခင်ဗျား ဟာ အသင်း ပြောင်းရွှေ့ လို နေတယ် ဆိုရင် အဲ့တာ က ခင်ဗျား ဟာ အရမ်း ကို စိတ်အား ထက်သန် နေတဲ့ သူ တစ်ယောက် မို့လို့ ပါပဲ ခရစ္စတီယာနို ဟာ အသင်း မှာ အမြန်ဆုံး အထိုင် ကျခဲ့ ပြီး ဒါကို ကျွန်တော် တို့ ရှင်းလင်း စွာ မြင်တွေ့ နိုင်ခဲ့ ကြ ပါတယ်လို့ ပီယာလို က ပေါ်တူဂီ လက်ရွေးစင် ကို ဆက်လက် ချီးကျူး သွားခဲ့ လိုက် ပါတယ်


ကွာတား မှာ အေဂျက် အသင်း နဲ့ ကျတာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ မဲခွဲ မှု ပါပဲ သူတို့ ဟာ မက်ဒရစ် နဲ့ ရင်ဆိုင် ကစား ခဲ့ ကြရာ နှစ်ကျော့ လုံး ထူးခြား ကောင်းမွန် တဲ့ စွမ်းရည် တွေ ပြသ ထား နိုင်ခဲ့ ကြ ပါတယ် ဒါပေမဲ့ အဲ့ဒီ မက်ဒရစ် အသင်း ရဲ့ ဖွဲ့စည်းပုံ ဟာ အတော်လေး အားနည်း နေခဲ့ ပါတယ်


ဂျူဗင်တပ် ကတော့ ဒီ ပွဲစဉ် အတွက် ပိုမို ကောင်းမွန် အောင် ပြင်ဆင် လာပါ လိမ့်မယ် ဒါ့အပြင် ရုပ်ပိုင်း ဆိုင်ရာ မှာ ဂျူဗင်တပ် ဟာ အလွန်ပဲ သန်စွမ်း လှ ပါတယ် ဒါ့ကြောင့် အေဂျက် အတွက် ဒါဟာ တစ်ကယ့် ကို ခက်ခဲ တဲ့ ပွဲစဉ် ဖြစ်လာ ပါ လိမ့်မယ်လို့ ပီယာလို က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ်

(Unicode)

လက်ရှိဘာစီလိုနာအသင်းထက်ပိုကောင်းတဲ့အသင်းကိုပြောပြလိုက်တဲ့ပီယာလို

အီတလီ လက်ရွေးစင် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ အန်းဒရိ ပီယာလို က လက်ရှိ အချိန် မှာ အသင်း ဟောင်း ဂျူဗင်တပ် ဟာ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း ထက် ပိုမို သာလွန် ကောင်းမွန်တဲ့ အသင်း ဖြစ်နေ ပြီလို့ ထင်မိ ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဂျူဗင်တပ် အသင်း နဲ့ အတူ စီးရီးအေ ဖလား 4 ကြိမ် အထိ ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ဖူးတဲ့ ဂန္ဓဝင် ကွင်းလယ် လူ ပီယာလို က အယ်လီဂရီ ဦးဆောင် တဲ့ ဂျဗင်တပ် ဟာ ဂွာဒီယိုလာ ဦးဆောင် နေတဲ့ မန်စီးတီး အသင်း ထက် ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး ဖို့ ပိုမို ရေပန်းစား ကြောင်း ပြောကြား သွားခဲ့ ပါ သေးတယ် ။

” ချန်ပီယံ လိဂ် ပြိုင်ပွဲ ကြီး မှာ ပါဝင် ယှဉ်ပြိုင် နေပြီ ဆိုရင် ဒီ တစ်ကြိမ် ဒီ ဆု ဖလား ကြီး က ငါတို့ အတွက် ဖြစ်နိုင် မလား ၊ မဖြစ် နိုင်ဘူး လား ဆိုတဲ့ ခံစားချက် ဟာ အမြဲ လို ရှိနေ တက် ပါတယ် ”

” ဂျူဗင်တပ် တို့ မကြာ သေးခင် တုန်းက အက်သလက်တီကို မက်ဒရစ် အသင်း နဲ့ ပွဲစဉ် မှာ အမှတ်တရ ဖြစ်လောက် အောင် အကောင်းဆုံး ပြန်လာ နိုင်ခဲ့ ခြင်းက ချန်ပီယံ လိဂ် ဟာ ဘာလဲဆိုတာ ရဲ့ အကောင်းဆုံး ဥပမာ တစ်ခု ပါပဲ ”

” ကျွန်တော့် အမြင် ထဲမှာ တော့ ဂျူဗင်တပ် ဟာ ဘာစီလိုနာ ထက် ပိုမို ကောင်းမွန် နေပြီ လို့ ထင် ပါတယ် ။ ဒါ့ အပြင် မန်စီးတီး ဟာ ကျန်တဲ့ အသင်း တွေ ထဲမှာ အကောင်းဆုံး ပြိုင်ဖက် အသင်း တစ်သင်း လို့ ကျွန်တော် မြင်မိ ပါတယ် ” လို့ ပီယာလို က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ပီယာလို က အခုလို အကောင်းဆုံး ပြန်လာ နိုင်ခဲ့ ခြင်းက အသင်း ရဲ့ စိတ်ဓါတ် ပိုင်း ဆိုင်ရာ နဲ့ ယုံကြည် မှု တွေကို မြင့်တက် လာစေ လိမ့်မယ် လို့ ယုံကြည် နေ ပါတယ် ။ ဒါ့အပြင် ပြီး ခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ဆီ စံချိန်တင် ပြောင်းရွှေ့ ကြေး နဲ့ ရောက်ရှိ လာ ခဲ့တဲ့ စီ ရော်နယ်ဒို ရဲ့ သက်ရောက် မှု ဟာလည်း တစ်ကယ့် ကို အရေး ပါ လိမ့်မယ် လို့ ပီယာလို က သတ်မှတ် ထား ပါတယ် ။

” အကယ်လို့ စီ ရော်နယ်ဒို သာ ရှိ မနေ ခဲ့ရင် အက်သလက်တီကို နဲ့ ပွဲစဉ် ရဲ့ ရလဒ် ဟာ 1 – 0 လောက် နဲ့ သာ ပြီးဆုံး နိုင်ခဲ့ ပါ လိမ့်မယ် ။ သေချာ တာ ကတော့ 3 – 0 ဆိုတဲ့ ရလဒ် မျိုး ထွက်ပေါ် လာမှာ မဟုတ် ပါဘူး ”

” အကယ်လို့ အသက် 33 နှစ် ရောက်တဲ့ အချိန် မှာ စိန်ခေါ် မှု တွေကို ရင်ဆိုင် ဖို့ အတွက် ခင်ဗျား ဟာ အသင်း ပြောင်းရွှေ့ လို နေတယ် ဆိုရင် အဲ့တာ က ခင်ဗျား ဟာ အရမ်း ကို စိတ်အား ထက်သန် နေတဲ့ သူ တစ်ယောက် မို့လို့ ပါပဲ ။ ခရစ္စတီယာနို ဟာ အသင်း မှာ အမြန်ဆုံး အထိုင် ကျခဲ့ ပြီး ဒါကို ကျွန်တော် တို့ ရှင်းလင်း စွာ မြင်တွေ့ နိုင်ခဲ့ ကြ ပါတယ် ” လို့ ပီယာလို က ပေါ်တူဂီ လက်ရွေးစင် ကို ဆက်လက် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီ နောက် ချန်ပီယံ လိဂ် 16 သင်း ရှုံးထွက် အဆင့် မှာ ရီးယဲ မက်ဒရစ် အသင်း ကို နောက်ကောက် ချထား နိုင် ခဲ့တဲ့ အေဂျက် အသင်း နဲ့ ရင်ဆိုင် ကစား ရမဲ့ နောက် တစ်ဆင့် မှာ ဂျူဗင်တပ် ဟာ ပြိုင်ဖက် အသင်း ကို အခက်အခဲ များစွာ မရင်ဆိုင် ရပဲ ကျော်ဖြတ် နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ပီယာလို က ဆက်လက် ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” ကွာတား မှာ အေဂျက် အသင်း နဲ့ ကျတာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ မဲခွဲ မှု ပါပဲ ။ သူတို့ ဟာ မက်ဒရစ် နဲ့ ရင်ဆိုင် ကစား ခဲ့ ကြရာ နှစ်ကျော့ လုံး ထူးခြား ကောင်းမွန် တဲ့ စွမ်းရည် တွေ ပြသ ထား နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမဲ့ အဲ့ဒီ မက်ဒရစ် အသင်း ရဲ့ ဖွဲ့စည်းပုံ ဟာ အတော်လေး အားနည်း နေခဲ့ ပါတယ် ”

” ဂျူဗင်တပ် ကတော့ ဒီ ပွဲစဉ် အတွက် ပိုမို ကောင်းမွန် အောင် ပြင်ဆင် လာပါ လိမ့်မယ် ။ ဒါ့အပြင် ရုပ်ပိုင်း ဆိုင်ရာ မှာ ဂျူဗင်တပ် ဟာ အလွန်ပဲ သန်စွမ်း လှ ပါတယ် ။ ဒါ့ကြောင့် အေဂျက် အတွက် ဒါဟာ တစ်ကယ့် ကို ခက်ခဲ တဲ့ ပွဲစဉ် ဖြစ်လာ ပါ လိမ့်မယ် ” လို့ ပီယာလို က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

No comments

Powered by Blogger.