Header Ads


နိုင္ငံတကာေျခစမ္းပြဲမွာ ေနမာကိုလူခ်ကစားခဲ့ၿပီးေနာက္ ကာဗာနီဘာေျပာခဲ့လဲ?



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
နိုင္ငံတကာပြဲစဥ္ေတြျကားျဖတ္ဝင္ေရာက္လာတဲ့ရက္သတၲပတ္မွာကာဗာနီဟာ PSG အသင္းေဖာ္ ေနမာအေပၚ  စကားအခ်ိဳ႕ေျပာသြားခဲ့ပါတယ္။ ကမာၻ ့ဖလား ၅ျကိမ္ရရွိထားတဲ့ ဘရာဇီးအသင္းဟာ ေတာင္အေမရိက ေဒသတြင္းျပိဳင္ဘက္ ဥရုေဂြးနဲ႕ အာဆင္နယ္အသင္းရဲ႕ အမ္းမရိတ္ ကြင္းျကီးထဲ ယွဥ္ျပိဳင္ကစားသြားခဲ့ပါတယ္။ဒီပြဲစဥ္မွာ ကာဗာနီ အပါအဝင္ ကစားသမား ၈ေယာက္ထိအဝါကတ္ျပခံခဲ့ရကာ တကယ္ပဲအျကိတ္အနယ္ရွိခဲ့ပါတယ္။

ဒုတိယပိုင္းအေရာက္ ကာဗာနီနဲ႕ ေနမာတို႔ရင္ဆိုင္အေတြ႕မွာ ဘရာဇီးသားဟာ အရမ္းနာက်င္တဲ့ပံုစံမ်ိဳးနဲ႔လူးလိမ့္ေနခဲ့ျပီး ဒိုင္လူျကီးက  ကာဗာနီကို အဝါကတ္ျပသခဲ့ပါတယ္။ပြဲအျပီးအင္တာဗ်ဴးမွာေတာ့ကာဗာနီက''ေတာင္အေမရိကထိပ္သီးနွစ္သင္းေတြ႕ဆံုတိုင္း အျမဲတမ္းျပိဳင္ဆိုင္မႈျပင္းထန္ပါတယ္။က်ေနာ့္အထင္ေတာ့ ဒီေန႔ပြဲဟာတကယ္ေကာင္းခဲ့ပါတယ္။ဘရာဇီးလိုအသင္းမ်ိဳးနဲ႕ရင္ဆိုင္ရတာလည္းတကယ္ေကာင္းမြန္ျပီး ကြင္းထဲကအေျကာင္းအရာေတြကလဲျဖစ္ေလ့ျဖစ္ထရွိတဲ့အရာေတြပါပဲ။ေနမာနဲ႕ ဘရာဇီးအသင္းသားေတြဟာ တကယ့္အေကာင္းစားေျခစြမ္းေတြနဲပါပဲ။''လို႔ေျပာသြားခဲ့ပါတယ္။

တကယ္ေတာ့ ေနမာနဲ႕ကာဗာနီျကားမွာ ကေတာက္ကဆျဖစ္ဖူးတဲ့သမိုင္းကလည္းရွိေနပါတယ္။ေနမာက၂၀၁၇အေျပာင္းအေရြ႕ကာလမွာ PSGကို စံခ်ိန္တင္ေျပာင္းေရြ႕ေျကးနဲ႕ ေရာက္လာခါစက ပင္နယ္တီလုကန္ရင္း ပါဝါခ်င္းအားျပိဳင္မႈေတြျဖစ္ခဲ့တာပါ။ဒါေပမယ့္  အနိုင္ရလဒ္အတြက္ေတာ့ေနမာကို ေက်းဇူးတင္ရမွာပါ။



အခုပြဲမွာေတာ့ေနမာဟာ 76မိနစ္မွာရရွိတဲ့ဘရာဇီးအသင္းရဲ႕အနိုင္ေသခ်ာေစမယ့္ ပင္နယ္တီကို သြင္းယူနိုင္ခဲ့ပါတယ္။။PSGအသင္းအေနနဲ႕ ေနာက္တပတ္စေနေန႔မွာ တူးေလာ့နဲ႕ ျပင္သစ္လီဂူးပြဲစဥ္ကိုယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။ဘာပဲျဖစ္ျဖစ္ေနမာနဲ႕ကာဗာနီတို႕ပဲရစ္ျပန္ေရာက္ခ်ိန္မွာ စည္းစည္းလံုးလံုးရွိပါ့မလားေစာင့္ျကည့္သြားရမွာျဖစ္ပါတယ္။

(Unicode)

နိုင်ငံတကာခြေစမ်းပွဲမှာ နေမာနဲ့  လူချကစားခဲ့ပြီးနောက် ကာဗာနီဘာပြောခဲ့လဲ?

နိုင်ငံတကာပွဲစဉ်တွေကြားဖြတ်ဝင်ရောက်လာတဲ့ရက်သတ္တပတ်မှာကာဗာနီဟာ PSG အသင်းဖော် နေမာအပေါ်  စကားအချို့ပြောသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလား ၅ကြိမ်ရရှိထားတဲ့ ဘရာဇီးအသင်းဟာ တောင်အမေရိက ဒေသတွင်းပြိုင်ဘက် ဥရုဂွေးနဲ့ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ် ကွင်းကြီးထဲ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ဒီပွဲစဉ်မှာ ကာဗာနီ အပါအဝင် ကစားသမား ၈ယောက်ထိအဝါကတ်ပြခံခဲ့ရကာ တကယ်ပဲအကြိတ်အနယ်ရှိခဲ့ပါတယ်။

ဒုတိယပိုင်းအရောက် ကာဗာနီနဲ့ နေမာတို့ရင်ဆိုင်အတွေ့မှာ ဘရာဇီးသားဟာ အရမ်းနာကျင်တဲ့ပုံစံမျိုးနဲ့လူးလိမ့်နေခဲ့ပြီး ဒိုင်လူကြီးက  ကာဗာနီကို အဝါကတ်ပြသခဲ့ပါတယ်။ပွဲအပြီးအင်တာဗျူးမှာတော့ကာဗာနီက''တောင်အမေရိကထိပ်သီးနှစ်သင်းတွေ့ဆုံတိုင်း အမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ကျနော့်အထင်တော့ ဒီနေ့ပွဲဟာတကယ်ကောင်းခဲ့ပါတယ်။ဘရာဇီးလိုအသင်းမျိုးနဲ့ရင်ဆိုင်ရတာလည်းတကယ်ကောင်းမွန်ပြီး ကွင်းထဲကအကြောင်းအရာတွေကလဲဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါပဲ။နေမာနဲ့ ဘရာဇီးအသင်းသားတွေဟာ တကယ့်အကောင်းစားခြေစွမ်းတွေနဲပါပဲ။''လို့ပြောသွားခဲ့ပါတယ်။

တကယ်တော့ နေမာနဲ့ကာဗာနီကြားမှာ ကတောက်ကဆဖြစ်ဖူးတဲ့သမိုင်းကလည်းရှိနေပါတယ်။နေမာက၂၀၁၇အပြောင်းအရွေ့ကာလမှာ PSGကို စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ရောက်လာခါစက ပင်နယ်တီလုကန်ရင်း ပါဝါချင်းအားပြိုင်မှုတွေဖြစ်ခဲ့တာပါ။ဒါပေမယ့်  အနိုင်ရလဒ်အတွက်တော့နေမာကို ကျေးဇူးတင်ရမှာပါ။

အခုပွဲမှာတော့နေမာဟာ 76မိနစ်မှာရရှိတဲ့ဘရာဇီးအသင်းရဲ့အနိုင်သေချာစေမယ့် ပင်နယ်တီကို သွင်းယူနိုင်ခဲ့ပါတယ်။။PSGအသင်းအနေနဲ့ နောက်တပတ်စနေနေ့မှာ တူးလော့နဲ့ ပြင်သစ်လီဂူးပွဲစဉ်ကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်နေမာနဲ့ကာဗာနီတို့ပဲရစ်ပြန်ရောက်ချိန်မှာ စည်းစည်းလုံးလုံးရှိပါ့မလားစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။



No comments

Powered by Blogger.