Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။














(Unicode)

ကမ်းလှမ်းချက်တွေမတရားတောင်းလို့ကွန်တီကိုရီးရဲလ်နည်းပြအဖြစ်မစဉ်းစားတော့တာပဲဖြစ်ပါတယ်။

ရီးရဲဥက္ကဋ္ဌဟောင်း ကယ်ဒါရွန်က ကွန်တီဟာ ရီးရဲနည်းပြရာထူးအတွက်သင့်တော်သူမဟုတ်ကြောင်းဝေဖန်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်က  ဘာစီအသင်းကို၅-၁ဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်မှာတော့ ရီးရဲအသင်းဟာ နည်းပြလိုပတ်တီဂူ ကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ဒါကြောင့် ကွန်တီဟာ မန်နေဂျာနေရာအတွက် ပီရက်ဇ်ကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာပါ။လက်ရှိမှာတော့ အရန်အသင်းနည်းပြဆန်တီဂိုဆိုလာရီကို ယာယီကိုင်တွယ်ထားစေတာကြောင့် ကွန်တီဟာ အမြဲတမ်းနည်းပြရာထူးအတွက်တောင်းဆိုလာခဲ့တာပါလို့ ကယ်ဒါရွန်ကဆိုခဲ့ပါတယ်။''ကွန်တီဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်ငါးယောက်နဲ့အတူ အလွတ်ပြောင်းရွေ့ကြေးနဲ့ ၃နှစ်စာချုပ်ချုပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ပီရက်ဇ်က ငြင်းဆန်ခဲ့ပါတယ်''လို့2006ကနေ2009ခုနှစ်အထိ ရီးရဲအသင်းဥက္ကဌဖြစ်ခဲ့တဲ့ ကယ်ဒါရွန်က ထုတ်ဖော်သွားခဲ့ပါတယ်။  

ကွန်တီဟာ မနှစ်က ချယ်ဆီးဘုတ် အဖွဲ့ဝင်တွေရဲ့ယုံကြည်မှုဆုံးရှုံးခဲ့ရတာကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရပါတယ်။ သူရဲ့စိတ်ဓာတ်ကိုသဘောမကျတာကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်ခဲ့ပြီး ချယ်ဆီးအသင်းအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာပါ။ဒါကြောင့် ကွန်တီဟာ ရီးရဲနဲ့သင့်တော်သူတစ်ယောက် ဟုတ်ရဲ့လားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။တစ်ဖက်ကပြန်ကြည့်ရင်တော့ သူရဲ့အမူအကျင့်တွေဟာဝေဖန်စရာအပြည့်ဖြစ်နေပေမယ့် ဂျူဗင်နဲ့ချယ်ဆီးအသင်းမှာ မှတ်တမ်းကောင်းတွေကျန်အောင် စွမ်းဆောင်ပြထားပါတယ်။

ထပ်ပြီးတော့ကယ်ဒါရွန်က''   ကျနော်တော့ ကွန်တီဟာ ဘာနေဗျူးရောက်လာမယ်မထင်ဘူး။သူကမော်ရင်ဟိုလိုပဲ ခံစစ်အားသန်သူတစ်လောက်ဖြစ်နေတယ်။ပုံမှန်အားဖြင့် ခံစစ်သုံးယောက်အသေထားပြီးတန်ပြန်တိုက်စစ်ကိုအားပြုတာဖြစ်လို့ ရီးရဲနဲ့သက်ဆိုင်သူတွေဟာ ဒီလိုပုံစံမျိုး ဘာနေဗျူးမှာမြင်ချင်မှာမဟုတ်ဖူး။ပီရက်ဇ်ဟာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ မော်ရင်ဟိုနဲ့ အလားတူ ကြိုးစားခဲ့ဖူးပါတယ်။ဒါပေမယ့် မော်ရင်ဟိုက အခြေနေဆိုးတွေနဲ့အသင်းကိုထားရစ်ခဲ့ရပါတယ်''လို့ထောက်ပြပြောဆိုခဲ့ပါတယ်။ 

ရီးရဲအသင်းရဲ့ပုံရိပ်ကစားသမားတွေကလည်း ကွန်တီကိုအလိုမရှိပဲ အခြေနေဆိုးတွေကရုန်းထွက်ဖို့ ကွန်တီစွမ်းဆောင်ပေးနိုင်မှာမဟုတ်ဖူးလို့ ယူဆနေကြတာဖြစ်ပါတယ်။ နောက်ထပ်ထွက်ပေါ်လာတဲ့အံ့အားသင့်စရာသတင်းတစ်ခုကတော့ နည်းပြသစ်နေရာအတွက် ရော်ဘတ်တို မာတီနက်ရေပန်းစားလာတာပါပဲ။ရီးရဲအသင်းဟာ မာတီနက်ကိုရရှိဖို့ သူ့ရဲအကြံပေး ခရစ်ဖာနယ်ဆီတိုက်ရိုက်မဆက်သွယ်သေးပဲ ဘယ်လ်ဂျီယံFA ဆီ အရင်စုံစမ်းသွားမှာပါ။ဘယ်ဂျီယံနဲ့စာချုပ်သက်တမ်း၂၀၂၀ထိရှိနေသေးတာကြောင့် လက်လွှတ်လိုခြင်းရှိမရှိ ဆွေးနွေးရမှာပါ။လက်ရှိယာယီနည်းပြ ဆိုလာရီကတော့ သူ့ရဲ့ရီးရဲအတွက်ပထမဆုံးပွဲဖြစ်တဲ့ ကိုပါဖလား ပွဲမှာ  Melillaကို အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ရီးရဲအသင်းဟာ တနင်္ဂနွေနေ့ ဗယ်လာဒိုလစ်နဲ့ ယှဉ်ပြိုင် မကစားမှီ လာလီဂါမှာ အဆင့်၉နေရာရောက်နေပြီး ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

No comments

Powered by Blogger.