Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။















(Unicode)

သောကြာနေ့ညနေပိုင်းနောက်ဆုံးရသတင်းတိုများ

မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ဒါဘီပွဲမတိုင်ခင်အသင်းသားတွေကိုသတိပေးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါကတော့အသင်းအနေနဲ့ ဒီထက်မကတိုးတက်လာအောင်လုပ်ရမယ်လို့ဆိုလိုက်ပြီးအထလေးပြီးပွဲအစပိုင်းမှာဂိုးပေးရတာတွေကိုဒီထက်ပိုပြီးထိန်းချုပ်ရမယ်လို့ဆိုလိုက်တာပဲဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြဂျာဂန်ကလော့က ကီတာ၊ဟန်ဒါဆင်နဲ့ဂိုမက်ဇ်တို့ဟာလာမယ့်ဖူလ်ဟမ်ပွဲမတိုင်ခင်ကြံခိုင်မှုပြည့်ဝနေမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။

PSG  နောက်ခံလူဒန်နီရယ်အဲဗက်စ်ကသူဟာ ၂၀၀၇ခုနှစ်တုန်းက မော်ရင်ဟိုနဲ့ဆက်ဆံရေးကောင်းတွေမရှိသော်လည်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ချဲလ်ဆီးဆီပြောင်းဖို့အလွန်နီးစပ်ခဲ့ကြောင်း၊အဲ့လိုအဆင်မပြေတာကလည်းသူ့အမှားမဟုတ်ကြောင်းနဲ့ချဲလ်ဆီးဆီမရောက်တာလည်းကျွန်တော်နဲ့မဆိုင်ပဲ မော်ရင်ဟိုအနေနဲ့သတင်းတစ်ခုခုရသွားလို့နေနိုင်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သူ့ရဲ့ဘာစီလိုနာနည်းပြပတ်ဂွာဒီယိုလာကို တော့ အတော်ဆရာကျတဲ့နည်းပြတစ်ယောက်လို့ချီးကျူးပြေကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းပေါလ်အင့်စ်က မန်ချက်စတာယူနိုက်တက်အသင်းဟာလူကာကူမပါလို့ပိုကောင်းသွားတာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူမာတစ်က နည်းပြမော်ရင်ဟိုဟာ မန်စီးတီးကိုဘယ်လိုရပ်တန့်ရမလဲကောင်းကောင်းသိတယ်လို့ချီးကျူးပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းရောအေစီမီလန်အသင်းတို့က သူတို့အသင်းဟာအိမ်ကွင်းဆန်စီယိုကို ၂သင်းမ ျှဝေသုံးစွဲတာကိုအနာဂတ်မှာဆက်လက်လုပ်ဆောင်တော့မှာမဟုတ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

No comments

Powered by Blogger.