ဘာစီလိုနာကိုပြန်ချင်ရင်နေမာလုပ်ကိုလုပ်ပေးရမယ့်အချက်၎ချက်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒ်ီအပြောင်းအရွေစာချုပ်မှာချုပ်ဆိုထားတဲ့အချက်တွေက၁၈လတောင်မရှိသေးပေမည့်နေမာအတွက်တော့အပြောင်းအလဲများနေပြီးကြာမြင့်နေပြီဟုခံစားနေရကာအသင်းအပြောင်းအရွေဖြစ်ဖို့လိုလားနေပါတယ်။
ကြေးလည်းဖြစ်ပါတယ်။
(Unicode)
ဘာစီလိုနာကိုပြန်ချင်ရင်နေမာလုပ်ကိုလုပ်ပေးရမယ့်အချက်၄ချက်
နေမာက လာလီဂါမြေကိုတစ်ဖန်ခြေချဖို့အတွက်စိတ်အားထက်သန်နေပြီးအသင်းဟောင်းဘာစီလိုနာအသင်းကိုပြန်လည်ပြောင်းရွေလာနိုင်ပါတယ်။သို့သော်လည်းသူအနေနှင့်ဘာကာကိုပြန်လာဖို့အတွက်အခက်အခဲဖြစ်နေပါတယ်။အကြောင်းကတော့PSGအသင်းနှင့်ဘာကာအသင်းတို့ကြားမှာအပြောင်းအရွေစာချုပ်ချုပ်ဆိုစဉ်က သူနှင့်ပတ်သက်ပြီး အချက်၄ချက်ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒီအပြောင်းအရွေစာချုပ်မှာချုပ်ဆိုထားတဲ့အချက်တွေက၁၈လတောင်မရှိသေးပေမည့်နေမာအတွက်တော့အပြောင်းအလဲများနေပြီးကြာမြင့်နေပြီဟုခံစားနေရကာအသင်းအပြောင်းအရွေဖြစ်ဖို့လိုလားနေပါတယ်။
PSGအသင်းကနေမာကိုခေါ်ယူစဉ်ကကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးဖြစ်တဲ့ပေါင်၁၉၈သန်းနှင့်ခေါ်ယူခဲ့ပြီးကမ္ဘာ့ဘောလုံးလောကကိုတုန်လှုပ်စေခဲ့ပါတယ်။အကြောင်းကတော့ဘယ်အသင်းမှကစားသမားတစ်ဦးကိုပေါင်သန်း၁၀၀အထက်အသုံးမပြုကြတော့ပါဘူး။အခုဈေးကနှစ်ဆတောင်ဖြစ်ခဲ့တာကြောင့်အံသြနေရခြင်းဖြစ်ပါတယ်။သူရဲ့ပြောင်းရွေကြေးဟာ ကစားသမားအပြောင်းအရွေလောကအတွက်စံချိန်ချိုး
ကြေးလည်းဖြစ်ပါတယ်။
ယခုအတောအတွင်းထွက်ပေါ်လာတဲ့သတင်းများအရနေမာဟာလာလီဂါကိုပြန်လည်ပြောင်းရွေဖို့စိတ်အားထက်သန်နေပြီးရီးရဲလ်သို့မဟုတ်ဘာကာကိုပြောင်းရွေ့မည်လို့သတင်းများကဖော်ပြနေပါတယ်။
နေမာအနေနှင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်အသင်းပြောင်းရွေ့ဖို့လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။
ပထမဦးဆုံးအနေအထားအရကစားသမားကိုယ်တိုင်အသင်းပြောင်းရွေ့ဖို့ပထမခြေလှမ်းအနေနှင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။အသင်းရဲ့ပရိသတ်တွေက သူရဲ့အသင်းကထွက်ခွာဖို့လုပ်တဲ့ဆုံးဖြတ်ချက်အပေါ်ယခုထိဒေါသထွက်နေတယ်လို့သိရပါတယ်။
နောက်တစ်ခုကလီဂူး၁ကစားသမားအနေနှင့်သူရဲ့မထင်မှတ်ထားတဲ့လစာဖြတ်တောက်ခံရမည်ဖြစ်တယ်လို့ Goal.comကဖော်ပြပါတယ်။အသက်၂၆နှစ်အရွယ်သူအနေနှင့်တကယ့်ကိုဘုတ်အဖွဲ့နှင့်ရင်ဆိုင်ကြုံတွေရမည်ဖြစ်ပါတယ်။
သူအအပြောင်းအရွေ့အတွက်များပြားလှတဲ့အချက်တွေရှိနေသောလည်းနေမာကလက်ရှိအချိန်စပိန်မှာရောက်ရှိနေပြီး
လာလီဂါကိုစိတ်အားထက်သန်နေကာပြန်လာဖို့ပဲလိုလိုလားလားရှိနေပါတယ်။အကယ်၍သာသူကိုပြန်ခေါ်ယူမည်ဆိုလျှင်တစ်သင်းနှင့်တစ်သင်းအကြွေးကိုယ်စီနှင့်ကြုံတွေရမှာအမှန်ဖြစ်ပါတယ်။
နောက်ဆုံးဘာစီလိုနာအသင်းအနေနှင့်ကစားသမားမိမိဆန္ဒအရအသင်းမှပြောင်းရွေအောင်လုပ်ဖို့လိုအပ်နေပြီးနေမာကလည်းပြင်သစ်မြေမှာပျော်ရွှင်မှုမရှိဘဲဖြစ်နေပါတယ်။လက်ရှိအနေအထားအရကစားသမားအပေါ်ပဲမူတည်နေပါတယ်။
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းကတော့ PSGအသင်းနှင့်အပြောင်းအရွေ့အကြောင်းဆွေးနွေးညှိနှိုင်းလိုနေပါတယ်။PSGအသင်းက ဘာစီလိုနာအသင်းကစားသမားတွေဖြစ်ကြတဲ့ ဒမ်ဘီလီ သို့မဟုတ် ရာကီတစ် ကိုမည့်သည်ဈေးနှင့်မဆိုခေါ်ယူရန်လိုလားနေပါတယ်။
Post a Comment