Header Ads


စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ကြောင့်ဆာဂျီယိုရာမို့ စ်ကိုပွဲပယ်ပြစ်ဒဏ်ချဖို့ တောင်းဆိုနေကြတဲ့ပရိတ်သတ်တွေ






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။









(Unicode)

Viktoria Plzeň အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိပ်ပွဲမှာ ရီးရဲလ်နောက်ခံလူအသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ဟာ အတော်လေးဆိုးရွားတဲ့လုပ်ရပ်တစ်ခုကျူးလွန်ခဲ့တာကိုဗီဒီယိုHighlightများအရတွေ့ရပါတယ်။
အသက်၃၂ နှစ်အရွယ်မက်ဒရစ်နောက်ခံလူဟာ မီလန်ဟာဗဲလ်ရဲ့မျက်နှာကိုတံတောင်နဲ့ ရိုက်တွတ်ခဲ့ပြီး မီလန်ဟာကွင်းပေါ်ကိုလဲကျသွားခဲ့ကာ နှာခေါင်းသွေးထွက်သွားတဲ့ မျက်နှာကိုအုပ်ထားလျက်ဖြစ်သွားခဲ့ပါတယ်။
အခြားသောကစားသမားများနဲ့ ဒိုင်လူကြီးတို့သူ့ဘေးမှာဝန်းရံကာဆောဒကတက်ရန်များနေတဲ့အချိန်မှာတော့ မီလန်ဟာဗဲလ်ရဲ့နှာခေါင်းဟာ ရာမို့စ်တံတောင်တွတ်လိုက်တဲ့အရှိန်ကြောင့်သွေးတွေဒလဟောထွက်နေခဲ့တာပဲဖြစ်ပါတယ်။


 ဘောလုံးပရိတ်သတ်တွေရဲ့အဆိုပါလုပ်ရပ်အပေါ်တုံ့ပြန်ပုံတွေကိုအောက်မှာကြည့်ရင်တွေ့နိုင်ပါတယ်။

 Los Blancos အသင်းဟာ Viktoria Plzen အသင်းကို ပထမပိုင်း မှာတင် ၄-၀ ဖြင့်ဂိုးပြတ်သွင်းထားတာဖြစ်ကာ ပွဲအပြီးမှာတော့ ဘန်ဇီးမားရဲ့သွင်းဂိုး၂ဂိုး၊ကတ်စမဲရိုး၊တိုနီခရူစ် နဲ့ ဘေးလ်တို့က ၁ လုံးစီသွင်းကာ ပွဲအပြီးမှာ ၅-၀ ဖြင့်အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကတော့ ထုတ်ပယ်ခံရတဲ့အသင်းနည်းပြဟောင်းလိုပတ်တဂီနေရာ အစားထိုးခံရတဲ့ယာယီနည်းပြဆိုလာရီရဲ့ ပထမဆုံးချန်ပီယံလိပ်နိုင်ပွဲပဲဖစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်း ဆိုလာရီရဲ့ အသင်းဟာ ရီးရဲလ်ဗယ်လာဒေါလဒ်ကို ၂-၀ ဖြင့်အနိုင်ရထားတာပဲဖစ်ပါတယ်။

No comments

Powered by Blogger.