PSG အသင္းမွာ တစ္ပတ္လုုပ္ခေပါင္၃သိန္းနဲ ့ေျပာင္းေရႊ ့ဖိုု ့နီးစပ္ေနတဲ့ဒီဂီယာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယခုနွစ္ကုန္ပိုင္းမွာယူနိုက္တက္နဲ႕စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ဒီဂီယာဟာ PSGကိုသာေျပာင္းေရြ႕ျဖစ္ခဲ့ရင္ ကမာၻ ့လစာအမ်ားဆံုး ဂိုးသမားျဖစ္လာေတာ့မွာပါ။ယူနိုက္တက္နဲ႕ ဒီဂီယာတို႔စာခ်ဳပ္သက္တမ္းတိုးဖို႔ေဆြးေႏြးမႈဟာ ျကန္႔ျကာေနတာေျကာင့္ PSGကအခုလိုတစ္ပါတ္ေပါင္300000ထိေပးျပီး ေခၚယူဖို႔စီစဥ္လာတာပါ။
ဘ႑ာေရးစည္းမ်ဥ္းနဲ႕ကိုက္ညီဖို႔အတြက္ေတာ့ ေနမာကို ရီးရဲသို႔ေရာင္းခ်ျပီး အမ္ဘာေပးကိုဝန္းရံတည္ေဆာက္ဖို႔ ျပင္သစ္ကလပ္က စဥ္းစားထားပါတယ္။ဒါေျကာင့္ ဒီဂီယာသာ ပဲရစ္ေရာက္လာခဲ့ရင္ တစ္နွစ္လုပ္ခ၁၅သန္းနဲ႔ ၄နွစ္အတြက္ သန္း၆ဝရ႐ွိမွာျဖစ္ပါတယ္။ဒီဂီယာလိုကစားသမားမ်ိဳးဆံုးရံႈးခဲ့ရရင္ေတာ့ ယူနိုက္တက္နဲ႕ဒီဂီယာအတြက္ ျကီးမားတဲ့နစ္နာမႈတစ္ရပ္ပါပဲ။ယူနိုက္တက္အသင္းဟာ အခ်ိန္မွာပံုစံေကာင္းေတြေပ်ာက္ဆံုးေနျပီး အိုးထရက္ဖို႔ဒ္မွာ ပဲေလ့ကို ဂိုးမရွိသေရက်ခဲ့တာေျကာင့္ အမွတ္ေပးဇယားအဆင့္၇ေနရာေရာက္ရွိေနပါတယ္။
စပိန္ဂိုးသမားအေျကာင္းကို ျပန္ေျပာ႐ရင္ေတာ့ သူဟာမန္ခ်က္စတာယူနိုက္တက္နဲ႕ ပရီးမီးယားလိဂ္,FA, ယူရိုပါလိဂ္ဖလားေတြကို ရရွိခဲ့ပါတယ္။2015ခုနွစ္ကရီးရဲလ္ကိုေျပာင္းေရြ႕မယ့္အိပ္မက္ဟာ အေျပာင္းေရြ႕ေနာက္ဆံုးရက္မွာ ပ်က္ျပယ္ခဲ့ျပီးေနာက္ ျပီးခဲ့တဲ့ရာသီက ေကာ္တိုရစ္ကိုေခၚယူခဲ့တာေျကာင့္စပိန္ေတာ္ဝင္အသင္းနဲ႕ ကာလရွည္ ေကာလဟာလေတြကလည္း အဆံုးသတ္ခဲ့တာျကာပါျပီ။
ယူနိုက္တက္က ကာလရွည္စာခ်ဳပ္ခ်ဳပ္လိုေနေပမယ့္ ေဆြးေႏြးမႈေတြတိုးတက္မႈမရွိပဲျဖစ္ေနပါတယ္။ဒါ့အျပင္ ေမာ္ရင္ဟိုကိုယ္တိုင္က ဒီဂီယာကိုထိန္းသိမ္းဖို႔ အာမမခံနိုင္ဘူးဆိုထားပါတယ္။PSGအသင္းက ဂ်ဴဗင္တပ္ဂိုးသမား ဘူဖြန္ကို ေခၚယူထားေပမယ့္ အသက္၄၀အရြယ္legendတစ္ေယာက္ကို ဒီနွစ္အတြက္ပဲရည္ရြယ္ေခၚယူခဲ့တာပါ။
ဒါေျကာင့္ယူနိုက္တက္နံပါတ္တစ္ဂိုးသမား ဒီဂီယာနဲ႔ ဇန္နဝါရီထဲက အျကိုသေဘာတူညီမႈရလိုေနတာျဖစ္ပါတယ္။ေနမာ, ကာဗာနီ ,ဘာေပတို႔ရွိေနလို႔ေဘာလံုးကမာၻမွာ တိုက္စစ္ပိုင္းအင္အားအေတာင့္ဆံုးျဖစ္ေနေပမယ့္ လီဗာပူးကိုရံႈးနိမ့္ခဲ့ရင္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေနပဲ လက္ျပရဖို႔ရွိေနပါျပီ။ ဒါေျကာင့္ခံစစ္တိုက္စစ္ညီမ်ွဖို႔လုပ္ေဆာင္ရမွာပါ။ယူနိုက္တက္ကေတာ့ဒီဂီယာကိုလက္လြတ္႐င္ အဂၤလန္ဂိုးသမား ပစ္ဖို႔ဒ္နဲ႔အစားထိုးဖိုးပစ္မွတ္ထားေနပါတယ္။ေမာ္ရင္ဟိုကေတာ့ စေနေန႔သေရပြဲအျပီး ''ပြဲတစ္ပြဲနိုင္ဖို႔ထက္ ပြဲစဥ္တိုင္းအေကာင္းဆံုးပံုကစားနိုင္ဖို႔ပိုအေရးျကီးပါတယ္။က်ေနာ္တို႔ ေနရာလြတ္ေတြရွာနိုင္ဖို႔ျပန္လည္ဆန္းစစ္ျပီး ေလ့က်င့္ဖို႔လိုေနပါျပီ။လိုခ်င္ဆႏၵျပင္းျပရံုနဲ႔နိုင္ပြဲေတြမရပါဘူး။နွလံုးသားခံစားခ်က္တစ္ခုထဲနဲ႔ မလံုေလာက္ပါဘူး''လို႔ေျပာသြားခဲ့ပါတယ္။
(Unicode)
PSG အသင်းမှာ တစ်ပတ်လုပ်ခပေါင်၃သိန်းနဲ့ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ဒီဂီယာ
ယခုနှစ်ကုန်ပိုင်းမှာယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဂီယာဟာ PSGကိုသာပြောင်းရွေ့ဖြစ်ခဲ့ရင် ကမ္ဘာ့လစာအများဆုံး ဂိုးသမားဖြစ်လာတော့မှာပါ။ယူနိုက်တက်နဲ့ ဒီဂီယာတို့စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှုဟာ ကြန့်ကြာနေတာကြောင့် PSGကအခုလိုတစ်ပါတ်ပေါင်300000ထိပေးပြီး ခေါ်ယူဖို့စီစဉ်လာတာပါ။
ဘဏ္ဍာရေးစည်းမျဉ်းနဲ့ကိုက်ညီဖို့အတွက်တော့ နေမာကို ရီးရဲသို့ရောင်းချပြီး အမ်ဘာပေးကိုဝန်းရံတည်ဆောက်ဖို့ ပြင်သစ်ကလပ်က စဉ်းစားထားပါတယ်။ဒါကြောင့် ဒီဂီယာသာ ပဲရစ်ရောက်လာခဲ့ရင် တစ်နှစ်လုပ်ခ၁၅သန်းနဲ့ ၄နှစ်အတွက် သန်း၆ဝရရှိမှာဖြစ်ပါတယ်။ဒီဂီယာလိုကစားသမားမျိုးဆုံးရှုံးခဲ့ရရင်တော့ ယူနိုက်တက်နဲ့ဒီဂီယာအတွက် ကြီးမားတဲ့နစ်နာမှုတစ်ရပ်ပါပဲ။ယူနိုက်တက်အသင်းဟာ အချိန်မှာပုံစံကောင်းတွေပျောက်ဆုံးနေပြီး အိုးထရက်ဖို့ဒ်မှာ ပဲလေ့ကို ဂိုးမရှိသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်၇နေရာရောက်ရှိနေပါတယ်။
စပိန်ဂိုးသမားအကြောင်းကို ပြန်ပြောရရင်တော့ သူဟာမန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်,FA, ယူရိုပါလိဂ်ဖလားတွေကို ရရှိခဲ့ပါတယ်။2015ခုနှစ်ကရီးရဲလ်ကိုပြောင်းရွေ့မယ့်အိပ်မက်ဟာ အပြောင်းရွေ့နောက်ဆုံးရက်မှာ ပျက်ပြယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက ကော်တိုရစ်ကိုခေါ်ယူခဲ့တာကြောင့်စပိန်တော်ဝင်အသင်းနဲ့ ကာလရှည် ကောလဟာလတွေကလည်း အဆုံးသတ်ခဲ့တာကြာပါပြီ။
ယူနိုက်တက်က ကာလရှည်စာချုပ်ချုပ်လိုနေပေမယ့် ဆွေးနွေးမှုတွေတိုးတက်မှုမရှိပဲဖြစ်နေပါတယ်။ဒါ့အပြင် မော်ရင်ဟိုကိုယ်တိုင်က ဒီဂီယာကိုထိန်းသိမ်းဖို့ အာမမခံနိုင်ဘူးဆိုထားပါတယ်။PSGအသင်းက ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ကို ခေါ်ယူထားပေမယ့် အသက်၄၀အရွယ်legendတစ်ယောက်ကို ဒီနှစ်အတွက်ပဲရည်ရွယ်ခေါ်ယူခဲ့တာပါ။
ဒါကြောင့်ယူနိုက်တက်နံပါတ်တစ်ဂိုးသမား ဒီဂီယာနဲ့ ဇန်နဝါရီထဲက အကြိုသဘောတူညီမှုရလိုနေတာဖြစ်ပါတယ်။နေမာ, ကာဗာနီ ,ဘာပေတို့ရှိနေလို့ဘောလုံးကမ္ဘာမှာ တိုက်စစ်ပိုင်းအင်အားအတောင့်ဆုံးဖြစ်နေပေမယ့် လီဗာပူးကိုရှုံးနိမ့်ခဲ့ရင် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေပဲ လက်ပြရဖို့ရှိနေပါပြီ။ ဒါကြောင့်ခံစစ်တိုက်စစ်ညီမျှဖို့လုပ်ဆောင်ရမှာပါ။ယူနိုက်တက်ကတော့ဒီဂီယာကိုလက်လွတ်ရင် အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်နဲ့အစားထိုးဖိုးပစ်မှတ်ထားနေပါတယ်။မော်ရင်ဟိုကတော့ စနေနေ့သရေပွဲအပြီး ''ပွဲတစ်ပွဲနိုင်ဖို့ထက် ပွဲစဉ်တိုင်းအကောင်းဆုံးပုံကစားနိုင်ဖို့ပိုအရေးကြီးပါတယ်။ကျနော်တို့ နေရာလွတ်တွေရှာနိုင်ဖို့ပြန်လည်ဆန်းစစ်ပြီး လေ့ကျင့်ဖို့လိုနေပါပြီ။လိုချင်ဆန္ဒပြင်းပြရုံနဲ့နိုင်ပွဲတွေမရပါဘူး။နှလုံးသားခံစားချက်တစ်ခုထဲနဲ့ မလုံလောက်ပါဘူး''လို့ပြောသွားခဲ့ပါတယ်။
Post a Comment