Header Ads


ကစားသမားဘ၀ကေနအနားယူေတာ့မယ့္အာရွာဗင္ရဲ ့သြင္းဂိုုး၄ဂိုုးအေၾကာင္းအမွတ္တရ




အာဆင္နယ္ကစားသမားေဟာင္း အန္ဒရူးအာရွာဗင္ ဟာ မျကာခင္အနားယူေတာ့မွာျဖစ္ပါတယ္။ဒါေျကာင့္ သူ႔ရဲ႕ကစားသမားဘဝ အေကာင္းဆံုးပြဲလို႔ဆိုရမယ့္ လီဗာပူးကိုေလးဂိုးသြင္းခဲ့တဲ့ပြဲေလးကို ျပန္လည္တင္ျပလိုက္ရပါတယ္။


 နွစ္ေပါင္း၆၀ေက်ာ္အတြင္းအန္ဖီးကြင္းျကီးဆီလာျပီး တစ္ဦးထဲ၄ဂိုးသြင္းနိုင္ဖူးတဲ့ ကစားသမားကိုျပပါဆိုရင္ အာရွာဗင္တစ္ေယာက္ပဲရွိပါတယ္။အခုေတာ့ ကစားသမားဘဝက အနားယူေတာ့မွာျဖစ္ပါတယ္။2009.4.29ရက္ေန႔ , လီဗာပူးနဲ႕အာဆင္နယ္တို႔ယွဥ္ျပိဳင္ကစားခဲ့တဲ့ဒီပြဲစဥ္မွာ တစ္ဖက္ေလးဂိုးစီသေရက်ခဲ့ျပီး ပရိတ္သတ္ေတြကို ရသစံုေပးစြမ္းခဲ့ပါတယ္။တကယ္ လို႔ ပရီးမီးယားလိဂ္သမိုင္းတစ္ေလ်ွာက္ အေကာင္းဆံုးပြဲကိုထုတ္နႈတ္ျပမယ္ဆိုရင္ ဒီပြဲကိုလည္းေမ့ထားလို႔မရပါဘူး။ဒီပြဲမွာအာရွာဗင္ဟာ  ဒရမ္မာဆန္ဆန္  အဆင့္ျမင့္ေျခစြမ္းနဲ႔ အဆံုးသတ္စြမ္းရည္ကို ျပသခဲ့ျပီး  ေမာ္ကြန္းတစ္ခုကိုပါေရးထိုးသြားနိုင္ခဲ့ပါတယ္။


စိတ္မေကာင္းစရာတစ္ခုကေတာ့ အာဆင္နယ္မွာအခ်ိန္ကာလတစ္ခုလာက္ ေတာက္ပခဲ့ေပမယ့္လည္း အဂၤလန္ကထြက္ခြာသြားခ်ိန္မွာေတာ့ ရုန္းကန္ခဲ့ရပါတယ္။အာဆင္နယ္ကေနစိန္႔ပီတာစဘတ္ကို မေျပာင္းခင္ ဇင္းနစ္ကိုအငွားခ်ခံခဲ့ရပါေသးတယ္။ဒါေပမယ့္အန္ဖီးကြင္းမွာ၄ဂိုးသြင္းခဲ့တာကိုေတာ့ အာဆင္နယ္ဖန္ေတြသာမက ပရီးမီးယားလိဂ္ပရိတ္သတ္ေတြပါ အမွတ္တရျဖစ္ေနဆဲပါပဲ။ဒီပြဲကိုျပန္ေျပာင္းျကည့္မယ္ဆိုရင္ ပြဲခ်ိန္၃၆မိနစ္အေရာက္မွာ  ဖာဖရီဂတ္ရဲ႕ ဧရိယာထဲျဖတ္ထိုးေပးလိုက္တဲ့အလံုးကို အာရွာဗင္ဟာ လီဗာပူးကြင္းလယ္လူ မာေရွယာနိုရဲ႕marking ကိုေရွာင္ျပီး အဖြင့္ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။


မျကာခင္မွာပဲလီဗာပူအသင္းကေခ်ပဂိုးျပန္ရခဲ့ပါတယ္။အဲ့ဒီေနာက္မွာ ကူရစ္ျဖတ္တင္ေပးတဲ့အလံုးကို ေတာရက္ကေခါင္းတိုက္ဂိုးသြင္းခဲ့တာေျကာင့္ အေျခအေနက ဘင္နီတက္ရဲ႕အသင္းဘက္ကို အေလးသာလာပါတယ္။ ဘာမဆိုျဖစ္သြားနိုင္တဲ့အေနအထားမွာ အာရွာဗင္ဟာ ဧရိယာအျပင္ကေန အက်ယ္ေထာင့္ထဲကန္သြင္းျပီး အာဆင္နယ္အတြက္သေရဂိုးရယူေပးနိုင္ခဲ့ပါတယ္။ဒီဂိုးဟာ သူသြင္းတဲ့၄ဂိုးထဲမွာ အလွဆံုးလို႔ေျပာလို႔ရျပီး  ေနာက္၃မိနစ္မွာပဲ ဂန္းနားေတြတစ္ဖန္ျပန္ဦးေဆာင္နိုင္ေစမယ့္ ဂိုးကိုထပ္သြင္းယူခဲ့ျပန္ပါတယ္။အာရွာဗင္အပိုင္ကန္ခဲ့တဲ့အလံုးဟာ ဂိုးသမားပီပီရီနာရဲ႕လက္နဲ႔ထိခဲ့ေပမယ့္ shot power ျပင္းခဲ့တာေျကာင့္ ဂိုးပိုက္နဲ႕မိတ္ဆက္နိုင္လိုက္တာပါ။


လီဗာပူးကိုဟက္ထရစ္သြင္းယူခဲ့စဥ္တုန္းက ဒီရုရွားသားေလးရဲ႕အသက္ဟာ ၂၀စြန္းစြန္းသာရွိေသးတာပါ။စိတ္လႈပ္ရွားစရာေတြ ျပည့္နွက္ေနတဲ့ပြဲဟာ ဒီမွာတင္အဆံုးမသတ္ေသးပါဘူး။၈၉မိနစ္မွာ counter attackကေန အာရွာဗင္က သူ႔ရဲ႕၄ဂိုးေျမာက္ဂိုးကိုသြင္းျပီး -၃ျဖစ္သြားလို႔ ပြဲျပီးျပီထင္ခဲ့ပါတယ္။ဒါေပမယ့္ အခ်ိန္ပို ေနာက္ဆံုးမိနစ္မွာ အလြန္ဆိုကန္တင္ေပးတဲ့အလံုးကို မာေရွယာနိုက စုျပံဳေနတဲ့ ဂိုးေရွ႕ေခါင္းတိူက္ခ်ေပးလိုက္ရာမွာ ဘီနာေယာင္ကအပိုင္ထိန္းျပီး လူေတြျကားကခဲရာခဲဆစ္ကန္သြားခဲ့တာပါ။လီဗာပူးဟာသေရတစ္မွတ္နဲ႕အဆံုးသတ္ခဲ့ရေပမယ္ ဇယားထိပ္ဆံုးမွာဆက္လက္ရွိေနခဲ့ပါတယ္။ဒါေပမယ့္ရာသီေနာက္ပိုင္းကာလေတြမွာ ေျခေခ်ာ္ ခဲ့တာေျကာင့္ ရာသီကုန္မွာ အမွတ္ေပးဖလားကို ယူနိုက္တက္ကပဲသိမ္းပိုက္သြားနိုင္ခဲ့ပါတယ္။ အာရွာဗင္အေျကာင္းျပန္ဆက္ရရင္ဒီပြဲဟာ ေျပာစရာေတြမ်ားစြာထင္က်န္ခဲ့ပါတယ္။


 Googleမွာ Andrey Arshavin vs liverpoolရိုက္နွိပ္လိုက္တာနဲ႔ အေပၚဆံုးမွာ သူ၄ဂိုးသြင္းခဲ့တဲ့အေျကာင္း ျမင္႐ရင္ မအံ့ျသပါနဲ႔။

(Unicode)




အာဆင်နယ်ကစားသမားဟောင်း အန်ဒရူးအာရှာဗင် ဟာ မကြာခင်အနားယူတော့မှာဖြစ်ပါတယ်။ဒါကြောင့် သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးပွဲလို့ဆိုရမယ့် လီဗာပူးကိုလေးဂိုးသွင်းခဲ့တဲ့ပွဲလေးကို ပြန်လည်တင်ပြလိုက်ရပါတယ်။
 နှစ်ပေါင်း၆၀ကျော်အတွင်းအန်ဖီးကွင်းကြီးဆီလာပြီး တစ်ဦးထဲ၄ဂိုးသွင်းနိုင်ဖူးတဲ့ ကစားသမားကိုပြပါဆိုရင် အာရှာဗင်တစ်ယောက်ပဲရှိပါတယ်။အခုတော့ ကစားသမားဘဝက အနားယူတော့မှာဖြစ်ပါတယ်။2009.4.29ရက်နေ့ , လီဗာပူးနဲ့အာဆင်နယ်တို့ယှဉ်ပြိုင်ကစားခဲ့တဲ့ဒီပွဲစဉ်မှာ တစ်ဖက်လေးဂိုးစီသရေကျခဲ့ပြီး ပရိတ်သတ်တွေကို ရသစုံပေးစွမ်းခဲ့ပါတယ်။တကယ် လို့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲကိုထုတ်နှုတ်ပြမယ်ဆိုရင် ဒီပွဲကိုလည်းမေ့ထားလို့မရပါဘူး။ဒီပွဲမှာအာရှာဗင်ဟာ  ဒရမ်မာဆန်ဆန်  အဆင့်မြင့်ခြေစွမ်းနဲ့ အဆုံးသတ်စွမ်းရည်ကို ပြသခဲ့ပြီး  မော်ကွန်းတစ်ခုကိုပါရေးထိုးသွားနိုင်ခဲ့ပါတယ်။


စိတ်မကောင်းစရာတစ်ခုကတော့ အာဆင်နယ်မှာအချိန်ကာလတစ်ခုလာက် တောက်ပခဲ့ပေမယ့်လည်း အင်္ဂလန်ကထွက်ခွာသွားချိန်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။အာဆင်နယ်ကနေစိန့်ပီတာစဘတ်ကို မပြောင်းခင် ဇင်းနစ်ကိုအငှားချခံခဲ့ရပါသေးတယ်။ဒါပေမယ့်အန်ဖီးကွင်းမှာ၄ဂိုးသွင်းခဲ့တာကိုတော့ အာဆင်နယ်ဖန်တွေသာမက ပရီးမီးယားလိဂ်ပရိတ်သတ်တွေပါ အမှတ်တရဖြစ်နေဆဲပါပဲ။ဒီပွဲကိုပြန်ပြောင်းကြည့်မယ်ဆိုရင် ပွဲချိန်၃၆မိနစ်အရောက်မှာ  ဖာဖရီဂတ်ရဲ့ ဧရိယာထဲဖြတ်ထိုးပေးလိုက်တဲ့အလုံးကို အာရှာဗင်ဟာ လီဗာပူးကွင်းလယ်လူ မာရှေယာနိုရဲ့marking ကိုရှောင်ပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


မကြာခင်မှာပဲလီဗာပူအသင်းကချေပဂိုးပြန်ရခဲ့ပါတယ်။အဲ့ဒီနောက်မှာ ကူရစ်ဖြတ်တင်ပေးတဲ့အလုံးကို တောရက်ကခေါင်းတိုက်ဂိုးသွင်းခဲ့တာကြောင့် အခြေအနေက ဘင်နီတက်ရဲ့အသင်းဘက်ကို အလေးသာလာပါတယ်။ ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားမှာ အာရှာဗင်ဟာ ဧရိယာအပြင်ကနေ အကျယ်ထောင့်ထဲကန်သွင်းပြီး အာဆင်နယ်အတွက်သရေဂိုးရယူပေးနိုင်ခဲ့ပါတယ်။ဒီဂိုးဟာ သူသွင်းတဲ့၄ဂိုးထဲမှာ အလှဆုံးလို့ပြောလို့ရပြီး  နောက်၃မိနစ်မှာပဲ ဂန်းနားတွေတစ်ဖန်ပြန်ဦးဆောင်နိုင်စေမယ့် ဂိုးကိုထပ်သွင်းယူခဲ့ပြန်ပါတယ်။အာရှာဗင်အပိုင်ကန်ခဲ့တဲ့အလုံးဟာ ဂိုးသမားပီပီရီနာရဲ့လက်နဲ့ထိခဲ့ပေမယ့် shot power ပြင်းခဲ့တာကြောင့် ဂိုးပိုက်နဲ့မိတ်ဆက်နိုင်လိုက်တာပါ။


လီဗာပူးကိုဟက်ထရစ်သွင်းယူခဲ့စဉ်တုန်းက ဒီရုရှားသားလေးရဲ့အသက်ဟာ ၂၀စွန်းစွန်းသာရှိသေးတာပါ။စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတဲ့ပွဲဟာ ဒီမှာတင်အဆုံးမသတ်သေးပါဘူး။၈၉မိနစ်မှာ counter attackကနေ အာရှာဗင်က သူ့ရဲ့၄ဂိုးမြောက်ဂိုးကိုသွင်းပြီး ၄-၃ဖြစ်သွားလို့ ပွဲပြီးပြီထင်ခဲ့ပါတယ်။ဒါပေမယ့် အချိန်ပို နောက်ဆုံးမိနစ်မှာ အလွန်ဆိုကန်တင်ပေးတဲ့အလုံးကို မာရှေယာနိုက စုပြုံနေတဲ့ ဂိုးရှေ့ခေါင်းတိူက်ချပေးလိုက်ရာမှာ ဘီနာယောင်ကအပိုင်ထိန်းပြီး လူတွေကြားကခဲရာခဲဆစ်ကန်သွားခဲ့တာပါ။လီဗာပူးဟာသရေတစ်မှတ်နဲ့အဆုံးသတ်ခဲ့ရပေမယ် ဇယားထိပ်ဆုံးမှာဆက်လက်ရှိနေခဲ့ပါတယ်။ဒါပေမယ့်ရာသီနောက်ပိုင်းကာလတွေမှာ ခြေချော် ခဲ့တာကြောင့် ရာသီကုန်မှာ အမှတ်ပေးဖလားကို ယူနိုက်တက်ကပဲသိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ အာရှာဗင်အကြောင်းပြန်ဆက်ရရင်ဒီပွဲဟာ ပြောစရာတွေများစွာထင်ကျန်ခဲ့ပါတယ်။

 Googleမှာ Andrey Arshavin vs liverpoolရိုက်နှိပ်လိုက်တာနဲ့ အပေါ်ဆုံးမှာ သူ၄ဂိုးသွင်းခဲ့တဲ့အကြောင်း မြင်ရရင် မအံ့သြပါနဲ့။

No comments

Powered by Blogger.