Header Ads


ေအစီမီလန္အသင္းနဲ ့ျပန္လည္ပူးေပါင္းေတာ့မယ့္နတ္ဘုုရားၾကီးအီဗရာဟီမိုုဗစ္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

Calciomercato ရဲ ့ေဖာ္ျပခ်က္အရ ေအစီမီလန္အသင္းဟာသူတိုု ့အသင္းရဲ ့တိုုက္စစ္မွဴးေဟာင္းၾကီးဇာလာတန္အီဗရာဟီမိုုဗစ္ကိုုလာမယ့္ဇန္န၀ါရီမွာ ေခၚယူဖိုု ့စတင္ေဆြးေႏြးေနၿပီျဖစ္ေၾကာင္းသိရပါတယ္။ Sky Sports နဲ့Gurdian ရဲ ့သတင္းေထာက္ ဖာဘရီဇီယိုရိုုမန္နိုုက အသက္၃၇ ႏွစ္အရြယ္ကစားသမားၾကီးရဲ ့ဆီြဒင္ကိုုယ္စာလွယ္မ်ားဟာ အီတလီကလပ္နဲ ့၂ဦး၂ဖက္ခိုုင္မာတဲ့စိတ္၀င္စားမႈေတြရိွေနၾကၿပီး သေဘာတူညီမႈရဖိုု ့လုုပ္ေဆာင္ေနၾကတယ္လိုု ့ၿပီးခဲ့တဲ့ရက္ပိုုင္းကထုုတ္ေဖာ္ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

Calciomercato သတင္းဌာနကေတာ့ သူတိုု ့ရဲ့ အေျပာင္းအေရႊ ူပိုုင္းဆိုုင္ရာကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ Daniele Longo ရဲ ့သတင္းပိုု ့ခ်က္ေတြကိုုေဖာ္ျပထားတာပဲျဖစ္ပါတယ္။ဆိုုလိုုတာက ေအစီမီလန္အသင္းဟာ အီဗရာဟီမိုုဗစ္ရဲ ့ေအးဂ်င့္ ရိုုင္အိုုလာနဲ ့ေဆြးေႏြးမႈေတြျပဳလုုပ္ေနတယ္လိုု ့ဆိုုထားတာပဲျဖစ္ပါတယ္။


ၿပီးခဲ့တဲ့လကပဲ ဘာစီလိုုနာအသင္းနဲ ့အင္တာမီလန္စတားေဟာင္း ဆန္ဆီယိုကလပ္ဆီျပန္သြားဖိုု ့ေကာလဟာလသတင္းေတြထြက္ေပၚေနခဲ့ပါတယ္။အခုုလက္ရိွမွာေတာ့ LA Galaxy တိုုက္စစ္မွဴးဟာ  MLS လိပ္မွာကစားသမားဘ၀ အျမင့္ပ်ံခရီးစဥ္ကိုုဆက္လက္ပ်ံသန္းေနဆဲျဖစ္ၿပီး ၂၇ပြဲကစားၿပီးခ်ိန္မွာ ၂၂ဂိုုးသြင္းယူထားတာပဲျဖစ္ပါတယ္။ကာလီဖိုုးနီးယားအေျခစိုုက္အသင္းနဲ Playoff မကစားခင္မွာေတာ့ အီဗရာဟီမိုုဗစ္က အသင္းေဟာင္းမန္ခ်က္စတာယူနိုုက္တက္အသင္းဆီျပန္ၿပီးမန္ေနဂ်ာေဟာင္းေမာ္ရင္ဟိုုနဲ ့ျပန္လည္လက္တြဲေတာ့မယ္ဆိုုတဲ့သတင္းေတြအေပၚျပန္လည္တံုုျပန္ေျပာၾကားလိုုက္ပါေသးတယ္။


ကၽြန္ေတာ္ဟာ အလုုပ္နဲ ့အနားယူတဲ့ ၂ခုုၾကား ေကာင္းမြန္မ ွ်တဖိုု ့လိုုအပ္တဲ့ေနရာမွာ ရိွေနတယ္လိုု ့ကၽြန္ေတာ္ထင္ပါတယ္။ဘာလိုု ့လဲဆိုုေတာ့ ကၽြန္ေတာ္ဟာဒဏ္ရာကေနျပန္လည္သက္သာခဲ့ပါတယ္။အသင္အရြယ္ေၾကာင့္ရယ္ ေလ့က်င့္ခန္းအစီအစဥ္မွာ အလုုပ္၀န္အားေတြေၾကာင့္ပါ။ကၽြန္ေတာ္ဒါေတြကိုု ေတြးေတာမေနပါဘူး။ဘာလိုု ့လဲဆိုုေတာ့ကၽြန္ေတာ္တိုု ့အသင္းကစားဖိုု ့၂ပြဲက်န္ေနပါေသးတယ္။PLayoff ကိုု အေကာင္းဆံုုးစြမ္းေဆာင္နိုုင္ဖိုု ့ေမ ွ်ာ္လင့္ပါတယ္။လိုု ့ေျပာၾကားခဲ့ပါတယ္။


ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန ့က အူဒီနီစ္အသင္းကိုုေနာက္က်သြင္းဂိုုးနဲ့အနိုုင္ရခဲ့ၿပီး စီးရီးေအမွာအဆင့္၄အတြင္းရပ္တည္နိုုင္ထားတာပဲျဖစ္ပါတယ္။ဂတ္တူဆိုုရဲ ့အသင္းဟာနာပိုုလီနဲ ့အင္တာမီလန္အသင္းတိုု ့ေနာက္ ၄မွတ္အကြာနဲ ့ရပ္တည္ေနၿပီး လိပ္မွာဦးေဆာင္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းနဲ ့၁၀မွတ္အကြာမွာရပ္တည္ေနတာပဲျဖစ္ပါတယ္။

(Unicode)

အေစီမီလန်အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မယ့်နတ်ဘုရားကြီးအီဗရာဟီမိုဗစ်


Calciomercato ရဲ့ဖော်ပြချက်အရ အေစီမီလန်အသင်းဟာသူတို့အသင်းရဲ့တိုက်စစ်မှူးဟောင်းကြီးဇာလာတန်အီဗရာဟီမိုဗစ်ကိုလာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို့စတင်ဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။ Sky Sports နဲ့Gurdian ရဲ့သတင်းထောက် ဖာဘရီဇီယိုရိုမန်နိုက အသက်၃၇ နှစ်အရွယ်ကစားသမားကြီးရဲ့ဆွီဒင်ကိုယ်စာလှယ်များဟာ အီတလီကလပ်နဲ့၂ဦး၂ဖက်ခိုင်မာတဲ့စိတ်ဝင်စားမှုတွေရှိနေကြပြီး သဘောတူညီမှုရဖို့လုပ်ဆောင်နေကြတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ဖော်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Calciomercato သတင်းဌာနကတော့ သူတို့ရဲ့ အပြောင်းအရွှေ ူပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Daniele Longo ရဲ့သတင်းပို့ချက်တွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ဆိုလိုတာက အေစီမီလန်အသင်းဟာ အီဗရာဟီမိုဗစ်ရဲ့အေးဂျင့် ရိုင်အိုလာနဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ဆိုထားတာပဲဖြစ်ပါတယ်။


ပြီးခဲ့တဲ့လကပဲ ဘာစီလိုနာအသင်းနဲ့အင်တာမီလန်စတားဟောင်း ဆန်ဆီယိုကလပ်ဆီပြန်သွားဖို့ကောလဟာလသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။အခုလက်ရှိမှာတော့ LA Galaxy တိုက်စစ်မှူးဟာ  MLS လိပ်မှာကစားသမားဘ၀ အမြင့်ပျံခရီးစဉ်ကိုဆက်လက်ပျံသန်းနေဆဲဖြစ်ပြီး ၂၇ပွဲကစားပြီးချိန်မှာ ၂၂ဂိုးသွင်းယူထားတာပဲဖြစ်ပါတယ်။ကာလီဖိုးနီးယားအခြေစိုက်အသင်းနဲ့Playoff မကစားခင်မှာတော့ အီဗရာဟီမိုဗစ်က အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းဆီပြန်ပြီးမန်နေဂျာဟောင်းမော်ရင်ဟိုနဲ့ပြန်လည်လက်တွဲတော့မယ်ဆိုတဲ့သတင်းတွေအပေါ်ပြန်လည်တုံပြန်ပြောကြားလိုက်ပါသေးတယ်။


“ ကျွန်တော်ဟာ အလုပ်နဲ့အနားယူတဲ့ ၂ခုကြား ကောင်းမွန်မ ျှတဖို့လိုအပ်တဲ့နေရာမှာ ရှိနေတယ်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်ဟာဒဏ်ရာကနေပြန်လည်သက်သာခဲ့ပါတယ်။အသင်အရွယ်ကြောင့်ရယ် လေ့ကျင့်ခန်းအစီအစဉ်မှာ အလုပ်ဝန်အားတွေကြောင့်ပါ။ကျွန်တော်ဒါတွေကို တွေးတောမနေပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့အသင်းကစားဖို့၂ပွဲကျန်နေပါသေးတယ်။PLayoff ကို အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့မေ ျှာ်လင့်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အူဒီနီစ်အသင်းကိုနောက်ကျသွင်းဂိုးနဲ့အနိုင်ရခဲ့ပြီး စီးရီးအေမှာအဆင့်၄အတွင်းရပ်တည်နိုင်ထားတာပဲဖြစ်ပါတယ်။ဂတ်တူဆိုရဲ့အသင်းဟာနာပိုလီနဲ့အင်တာမီလန်အသင်းတို့နောက် ၄မှတ်အကွာနဲ့ရပ်တည်နေပြီး လိပ်မှာဦးဆောင်နေတဲ့ ဂျူဗင်တပ်စ်အသင်းနဲ့၁၀မှတ်အကွာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။



No comments

Powered by Blogger.