Header Ads


ဗန္ဒိုုက္စ္တစ္ေယာက္တိုုက္စစ္မွဴးအျဖစ္ကစားေသာအခါ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဗန္ဒိုက္ဟာ ၂၀၁၁ခူနွစ္ Groningenအသင္းမွာကစားခဲ့စဥ္က အဆံုးသတ္သမားတစ္ေယာက္ျဖစ္ခဲ့ဖူးပါတယ္။နယ္သာလန္သားဟာ ဒီအစြမ္းအစေတြကို တနလၤာေန႔က ဂ်ာမနီနဲ႕ပြဲမွာ ထုတ္ျပခဲ့ျပီး နယ္သာလန္အတြက္ ပြဲျပီးခါနီးမွာ ေျခပဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ခံစစ္မွဴးတစ္ေယာက္ျဖစ္တဲ့သူ႔အေနနဲ႔  ဂိုးေပါက္ေရွ႕မွာ ဘာေျကာင့္သက္ေသာင့္သက္သာလုပ္ရွားနိုင္ခဲ့သလဲဆိုရင္ေတာ့ ငယ္ဘဝေျကာင့္ပါပဲ။


ဗန္ဒိုက္19နွစ္အရြယ္groningenမွာရွိစဥ္က အသင္းဂိုးလိုအပ္ခ်ိန္ေတြမွာ တိုက္စစ္မွဴးတစ္ေယာက္အျဖစ္ ဖိုက္တာလုပ္ေပးခဲ့ပါတယ္။ဒီဇာတ္လမ္းအစကိုျပန္ေျပာ႐ရင္ ဒတ္ခ်္ျပည္တြင္းလိဂ္Play-Off ပြဲစဥ္တစ္ခုမွာ Groningenအသင္းဟာ Den Haagအသင္းကို ပထမပိုင္းအျပီး5-1 နဲ႕ရံႈးေနခဲ့ပါတယ္။သူတို႕အေနနဲ႕ျပန္လာနိုင္ဖို႕ ေမွာ္ဝင္အေျပာင္းအလဲေတြျပဳလုပ္နိုင္မွသာျဖစ္မွာပါ။နည္းျပကေတာ့ အရပ္ျမင့္မားတဲ့ေနာက္ခံလူ ဗန္ဒိုက္ကိုထည့္လိုက္ပါတယ္။

ဗန္ဒိုက္ဝင္လာခ်ိန္မွာ အေျခအေနေတြက ခ်က္ျခင္းေျပာင္းလဲသြားျပီး ၁၁မိနစ္အျကာမွာ freee-kickကေနတစ္ဂိုးသြင္းခဲ့ပါတယ္။Groningenအသင္းဟာ ပြဲအျပီး6-6ထိျဖစ္ေအာင္စြမ္းေဆာင္နိုင္ခဲ့ျကေပမယ့္ ပင္နယ္တီအဆံုးအျဖတ္မွာေတာ့ရံႈးနိမ့္ခဲ့ပါတယ္။ဒါေပမယ့္ အသင္းနည္းျပ Pieter Huistraကေတာ့ ဗန္ဒိုက္ရဲ႕တိုက္စစ္အရည္အေသြးကို သေဘာေပါက္သြားခဲ့ပါတယ္။

''သူကေျခဦးတည္ရာေျပးေနရင္းကပဲ 2ဂိုးထိသြင္းျပီး ျပိဳင္ဘက္ကို ေျခာက္လွန္႔နိုင္ခဲ့ပါတယ္။ေရွ႕တက္ကစားဖို႕က်ေနာ္သူ႕ကိုမွာျကားေနခ်ိန္မွာ သူက ''ေကာင္းျပီျပသနာမရွိဘူး''လို႔ပဲျပန္ေျပာခဲ့ပါတယ္။သူ႔ရဲ႕ခြန္အားကလည္းအေထာက္အကူျဖစ္ေစပါတယ္။သူဟာဘယ္လိုစိန္ေခၚမႈမ်ိဳးကိုျဖစ္ျဖစ္ အေကာင္းဆံုးတုန္႔ျပန္နိုင္သူပါ''လို႔နည္းျပ Pieterကခ်ီးက်ဴးခဲ့ဖူးပါတယ္။အံ့ျသစရာေကာင္းတာကေတာ့ ေဆာက္သမ္တန္ကေန လီဗာပူးကို 2017 ဇန္နဝါရီထဲကေရာက္ရွိခဲ့ေပမယ့္ တစ္ဂိုးသာသြင္းနိုင္ခဲ့ပါေသးတယ္။


အဲ့ဒီတစ္ဂိုးကလည္း FA cupမွာ အဲဗာတန္ကို ေနာက္က်အနိုင္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ဖူလ္ဟမ္နဲ႕ပြဲမွာ ဗန္ဒိုက္ဖရီးကစ္ကန္ခဲ့ေသးေပမယ့္ လြဲေခ်ာ္ခဲ့ပါတယ္။ ဆာလက္၊အာနိုးတို႕ရွိေနတာေျကာင့္ ဗန္ဒိုက္အေနနဲ႕ ျပစ္ဒဏ္ေဘာ  အမ်ာျကီး ယူကန္ဖို႔အခက္အခဲရွိမွာပါ။လီဗာပူးမွာ ဗန္ဒိုက္ရဲ႕ဒုတိယေျမာက္ဂိုးကို ျမင္ရဖို႕က သိပ္ျကာျကာေတာ့မေစာင့္ရေလာက္ပါဘူး။ဒီဂိုးကိုလည္း ေထာင့္ကန္ေဘာကေနပဲသြင္းမွာလား။ က်ေနာ္တို႕ေစာင့္ျကည့္ရံုပါပဲ။

(Unicode)

ဗန်ဒိုက်စ်တစ်ယောက်တိုက်စစ်မှူးအဖြစ်ကစားသောအခါ

ဗန်ဒိုက်ဟာ ၂၀၁၁ခူနှစ် Groningenအသင်းမှာကစားခဲ့စဉ်က အဆုံးသတ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။နယ်သာလန်သားဟာ ဒီအစွမ်းအစတွေကို တနင်္လာနေ့က ဂျာမနီနဲ့ပွဲမှာ ထုတ်ပြခဲ့ပြီး နယ်သာလန်အတွက် ပွဲပြီးခါနီးမှာ ခြေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့သူ့အနေနဲ့  ဂိုးပေါက်ရှေ့မှာ ဘာကြောင့်သက်သောင့်သက်သာလုပ်ရှားနိုင်ခဲ့သလဲဆိုရင်တော့ ငယ်ဘဝကြောင့်ပါပဲ။

ဗန်ဒိုက်19နှစ်အရွယ်groningenမှာရှိစဉ်က အသင်းဂိုးလိုအပ်ချိန်တွေမှာ တိုက်စစ်မှူးတစ်ယောက်အဖြစ် ဖိုက်တာလုပ်ပေးခဲ့ပါတယ်။ဒီဇာတ်လမ်းအစကိုပြန်ပြောရရင် ဒတ်ချ်ပြည်တွင်းလိဂ်Play-Off ပွဲစဉ်တစ်ခုမှာ Groningenအသင်းဟာ Den Haagအသင်းကို ပထမပိုင်းအပြီး5-1 နဲ့ရှုံးနေခဲ့ပါတယ်။သူတို့အနေနဲ့ပြန်လာနိုင်ဖို့ မှော်ဝင်အပြောင်းအလဲတွေပြုလုပ်နိုင်မှသာဖြစ်မှာပါ။နည်းပြကတော့ အရပ်မြင့်မားတဲ့နောက်ခံလူ ဗန်ဒိုက်ကိုထည့်လိုက်ပါတယ်။

ဗန်ဒိုက်ဝင်လာချိန်မှာ အခြေအနေတွေက ချက်ခြင်းပြောင်းလဲသွားပြီး ၁၁မိနစ်အကြာမှာ freee-kickကနေတစ်ဂိုးသွင်းခဲ့ပါတယ်။Groningenအသင်းဟာ ပွဲအပြီး6-6ထိဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ကြပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမယ့် အသင်းနည်းပြ Pieter Huistraကတော့ ဗန်ဒိုက်ရဲ့တိုက်စစ်အရည်အသွေးကို သဘောပေါက်သွားခဲ့ပါတယ်။

''သူကခြေဦးတည်ရာပြေးနေရင်းကပဲ 2ဂိုးထိသွင်းပြီး ပြိုင်ဘက်ကို ခြောက်လှန့်နိုင်ခဲ့ပါတယ်။ရှေ့တက်ကစားဖို့ကျနော်သူ့ကိုမှာကြားနေချိန်မှာ သူက ''ကောင်းပြီပြသနာမရှိဘူး''လို့ပဲပြန်ပြောခဲ့ပါတယ်။သူ့ရဲ့ခွန်အားကလည်းအထောက်အကူဖြစ်စေပါတယ်။သူဟာဘယ်လိုစိန်ခေါ်မှုမျိုးကိုဖြစ်ဖြစ် အကောင်းဆုံးတုန့်ပြန်နိုင်သူပါ''လို့နည်းပြ Pieterကချီးကျူးခဲ့ဖူးပါတယ်။အံ့သြစရာကောင်းတာကတော့ ဆောက်သမ်တန်ကနေ လီဗာပူးကို 2017 ဇန်နဝါရီထဲကရောက်ရှိခဲ့ပေမယ့် တစ်ဂိုးသာသွင်းနိုင်ခဲ့ပါသေးတယ်။

အဲ့ဒီတစ်ဂိုးကလည်း FA cupမှာ အဲဗာတန်ကို နောက်ကျအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ဖူလ်ဟမ်နဲ့ပွဲမှာ ဗန်ဒိုက်ဖရီးကစ်ကန်ခဲ့သေးပေမယ့် လွဲချော်ခဲ့ပါတယ်။ ဆာလက်၊အာနိုးတို့ရှိနေတာကြောင့် ဗန်ဒိုက်အနေနဲ့ ပြစ်ဒဏ်ဘော  အမျာကြီး ယူကန်ဖို့အခက်အခဲရှိမှာပါ။လီဗာပူးမှာ ဗန်ဒိုက်ရဲ့ဒုတိယမြောက်ဂိုးကို မြင်ရဖို့က သိပ်ကြာကြာတော့မစောင့်ရလောက်ပါဘူး။ဒီဂိုးကိုလည်း ထောင့်ကန်ဘောကနေပဲသွင်းမှာလား။ ကျနော်တို့စောင့်ကြည့်ရုံပါပဲ။

No comments

Powered by Blogger.