Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ ဈေးကွက်မှာကစားသမားအသစ်တွေအတွက် ထပ်မံလှုပ်ရှားဖို့ လိုအပ်နေသေးတယ်လို့ ပရိတ်သတ်တွေထင်လားဗျ?ပို့ စ်အောက်က ကွန်းမန့် မှာဝင်ရောက်ရေးသားဆွေးနွေးနိုင်ပါတယ်။

(Unicode)


မတ်လနောက်ပိုင်းအိုထရက်ဖို့ဒ်မှာတောင်ဂိုးမသွင်းနိုင်ရှာတဲ့လူကာကူ


ကဲ.. ယူနိုက်တက်တိုက်စစ်မှူးကြီးလူကာကူရဲ့စွမ်းဆောင်ရည်တွေကို ပြောကြရအောင်ဗျာ။

မနေ့ညက ခရစ်စတယ်ပဲလေ့စ်နဲ့ ကစားတဲ့ပွဲမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးကြီးဟာ ပထမပိုင်းကစားပြီးချိန်မှာ စုစုပေါင်း ၁၀ ကြိမ်သာ ဘောလုံးနဲ့ထိခဲ့ပါတယ်။ခရစ်စတယ်ပဲလေ့စ်တိုက်စစ်မှူး ဂလန်းမာရေးတောင် သူ့ထက်ပိုပြီး အကြိမ်အရေအတွက်များစွာဘောလုံးကိုထိနိုင်ခဲ့ပြီး ဂိုးသွင်းဖို့တောင်အားထုတ်ခဲ့သေးပါတယ်။



လူကာကူ ဟာဒုတိယပိုင်းရောက်မှာတော့ ဂိုးသွင်းယူခဲ့သော်လည်းစည်းကြပ်ဒိုင်ကခွင့်ပြုပေးခြင်းမရှိခဲ့ပါဘူး။ဒါကြောင့် သူဟာ အိုထရက်ဖို့ဒ်ကွင်းကြီးမှာ မတ်လ၃၁ရက်နေ့နောက်ပိုင်း ၁၄နာရီကြာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။ဒီ၈လကြာ ဂိုးမိုးခေါင်းနေတာကလတ်တလော ပုံစံကောင်းတွေပျောက်ဆုံးနေတဲ့ အသက်၂၅နှစ်အရွယ်လူကာကူကို နာကျင်စေမှာအမှန်ပါပဲ။ ပုံစံကောင်းတွေမပြသနိုင်ခဲ့လို့လည်းနည်းပြမော်ရင်ဟိုဟာ လူကာကူကို အဲဗာတန် နဲ့ ဘုန်းမောက်အသင်းတို့ပွဲတွေမှာအသင်းလူစာရင်းကနေချန်လှပ်ထားခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညကကစားခဲ့တဲ့ပွဲမှာ ခရစ်စတယ်ပဲလေ့စ်အသင်းကို သရေရလဒ်သာကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အခြေအနေမကောင်းနေဆဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာကစားသမားအသစ်တွေအတွက် ထပ်မံလှုပ်ရှားဖို့လိုအပ်နေသေးတယ်လို့ပရိတ်သတ်တွေထင်လားဗျ?ပို့စ်အောက်က ကွန်းမန့်မှာဝင်ရောက်ရေးသားဆွေးနွေးနိူင်ပါတယ်။


No comments

Powered by Blogger.