Header Ads


ပရီးမီးယားလိပ္ကေနခြဲထြက္ၿပီးစူပါလိပ္တစ္ခုုေထာင္ဖိုု ့လ ွ်ိဳ ့၀ွက္စြာေဆြးေႏြးေနတဲ့အဂၤလန္ထိပ္သီးကလပ္၅သင္း



အဂၤလန္ထိပ္သီးအသင္းေတြဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲထက္စိတ္ဝင္စားဖို႔ေကာင္းမယ့္ ဥေရာပစူပါလိဂ္တစ္ခုထူေထာင္ရန္ လ်ွိဳ႕ဝက္ေဆြးေႏြးမႈမွာ ပါဝင္ခဲ့ပါတယ္။ဒီစိတ္ကူးကို ဂ်ာမန္သားDer Spiegel ကစတင္ခဲ့တာျဖစ္ျပီး ယူနိုက္တက္, မန္စီးတီး, ခ်ယ္ဆီး, လီဗာပူး ,အာဆင္နယ္အသင္းတို႔ဟာလည္း 2021ေလာက္မွာ အေကာင္အထည္ေဖာ္ဖို႔စိတ္အားထက္သန္ေနပါတယ္။16သင္းပါဝင္မယ့္လိဂ္မွာ ရီးရဲ, ဘာစီ, ဂ်ဴဗင္ ,PSG , ဘိုင္ယန္ ,ေအစီမီလန္တို႔နဲ႕အတူ ကနဦး ၁၁သင္းေလာက္ရွိေနျပီျဖစ္ပါတယ္။



Der Spiegel ဟာ ေအာက္တိုဘာ၂၂ရက္ေန႔က ရီးရဲအသင္းထံ 16သင္းလိဂ္အတြက္ မူျကမ္းေရးဆြဲမႈမွာ လက္မွတ္ေရးထိုးဖို႔ အီးေမးပို႔ခဲ့ပါေသးတယ္။မက္ဒရစ္ဥကၠဌ ပီရက္ကေတာ့ စာမ်က္နွာ၁၃ခုပါတဲ့ ဥေရာပစူပါလိဂ္မူျကမ္းကို သေဘာက်ေနေပမယ့္ တကယ္လို႔ျဖစ္ေျမာက္ခဲ့ရင္ 2021ခုနွစ္ကစျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာပါဝင္ဖို႔အခက္အခဲေတြရွိနိုင္ပါတယ္။ဒီလိဂ္ဟာ ခ်န္ပီယံလိဂ္ထက္အဆင့္မနိမ့္ေစရပဲနွစ္၂၀အတြင္း အက်ိဳးမယုတ္ေစရဘူးလို႔ တည္ေထာင္မယ့္ ၁၁သင္းဟာ အာမခံခဲ့ပါတယ္။




ေနာက္ထပ္အစဦးအဖြဲ႕ဝင္ငါးသင္းကေတာ့ ေအတီကို, ေဒါ့မြန္ ,မာေဆး ,အင္တာမီလန္,ရိုမားတို႔ျဖစ္နိုင္ျပီး စပါးနဲ႕အဲဗာတန္ကိုလည္း ဖိတ္ေခၚဖို႕ရွိေနပါတယ္။စတင္တည္ေထာင္မယ့္ ၁၁သင္းဟာ စပိန္မွာမွတ္ပံုတင္ဖို႔ရွိေနျပီး ရီးရဲက18%,ဘာစီ17% ယူနိုက္တက္12% ဘိုင္ယန္8% အသီးသီး ပိုင္ဆိုင္သြားဖို႔ရွိေနပါတယ္။Spiegelရဲ႕အဆိုအရေတာ့စာခ်ဳပ္ခ်ဳပ္ဆိုမႈေတြမွာ UEFAကို ဖိတ္ေခၚသြားမွာမဟုတ္ပါဘူး။အစီအစဥ္နဲ႕ပတ္သတ္ျပီး ေဒါ့မြန္CEOက''ဒီမွာ ဥေရာပထိပ္တန္းကလပ္ေတြလြတ္လြတ္လပ္လပ္ပါဝင္ကစားနိုင္ပါတယ္။ဒါေပမယ့္ အေျခအေနေတြက ခိုင္မာမႈမရွိေသးပါဘူး''လို႔ဆိုခဲ့ပါတယ္။ဥေရာပစူပါလိဂ္အစီအစဥ္အတြက္ ၂၀၁၆ခုနွစ္က အဂၤလန္ထိပ္သီးကလပ္၅သင္းနဲ႕အတူစတင္ေဆြးေႏြးခဲ့တာျဖစ္ျပီး ဒါဟာသူ႔ရဲ႕ စပယ္ရွယ္စိတ္ကူးျဖစ္တယ္လို႔ Spiegelက ဝင့္ျကြားစြာထုတ္ေဖာ္ခဲ့ပါတယ္။ျပိဳင္ပြဲကို အေမရိက မွာလည္းကစားမွာျဖစ္တာေျကာင့္ ဥေရာပရဲ႕ပါဝါျမင့္အသင္းေတြနဲ႕ ေမဂ်ာလိဂ္ကလပ္ေတြ မိတ္ဖက္ျဖစ္လာဖို႔လည္းရွိေနပါတယ္။ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္ကေတာ့ တကယ္လို႔နိုင္ငံတကာစည္းမ်ဥ္းေတြနဲ႔မညီရင္ခ်န္ပီယံလိဂ္ကေရာဘြန္ဒစ္လီဂါကပါထြက္ရနိုင္တဲ့အေျခအေနေျကာင့္ေဆြးေႏြးမႈေတြကို လ်ွိဳဝွက္သာလုပ္ေဆာင္လိုတာျဖစ္ပါတယ္။



UEFAကေတာ့ ဒါဟာ ခ်မ္းသာတဲ့ကလပ္ေတြကိုပဲပိုမိုျကြယ္ဝလာေစမယ့္အိမ္မက္ျဖစ္တယ္လို႔ယူဆေနပါတယ္။မက္ဒရစ္ကေတာ့စူပါလိဂ္အတြက္စိတ္ဝင္စားမႈအနည္းငယ္သာရွိျပီး ဘိုင္ယန္ကေတာ့ေသာၾကာေန႔ညကေတြ႕ဆံုခဲ့တယ္ဆိုတဲ့အေပၚ ျငင္းဆန္ထားပါတယ္။ပရီးမီးယားလိဂ္ကလပ္ေတြကေတာ့ မွတ္ခ်က္ေပးဖို႔ျငင္းဆန္ခဲ့ေပမယ့္ ေနာက္ကြယ္ကဇာတ္လမ္းေတြကေတာ့ဆက္ရွိေနဆဲပါပဲ။


(Unicode)

ပရီးမီးယားလိပ်ကနေခွဲထွက်ပြီးစူပါလိပ်တစ်ခုထောင်ဖို့လ ျှို့ဝှက်စွာဆွေးနွေးနေတဲ့အင်္ဂလန်ထိပ်သီးကလပ်၅သင်း


အင်္ဂလန်ထိပ်သီးအသင်းတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲထက်စိတ်ဝင်စားဖို့ကောင်းမယ့် ဥရောပစူပါလိဂ်တစ်ခုထူထောင်ရန် လျှို့ဝက်ဆွေးနွေးမှုမှာ ပါဝင်ခဲ့ပါတယ်။ဒီစိတ်ကူးကို ဂျာမန်သားDer Spiegel ကစတင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်, မန်စီးတီး, ချယ်ဆီး, လီဗာပူး ,အာဆင်နယ်အသင်းတို့ဟာလည်း 2021လောက်မှာ အကောင်အထည်ဖော်ဖို့စိတ်အားထက်သန်နေပါတယ်။16သင်းပါဝင်မယ့်လိဂ်မှာ ရီးရဲ, ဘာစီ, ဂျူဗင် ,PSG , ဘိုင်ယန် ,အေစီမီလန်တို့နဲ့အတူ ကနဦး ၁၁သင်းလောက်ရှိနေပြီဖြစ်ပါတယ်။

Der Spiegel ဟာ အောက်တိုဘာ၂၂ရက်နေ့က ရီးရဲအသင်းထံ 16သင်းလိဂ်အတွက် မူကြမ်းရေးဆွဲမှုမှာ လက်မှတ်ရေးထိုးဖို့ အီးမေးပို့ခဲ့ပါသေးတယ်။မက်ဒရစ်ဥက္ကဌ ပီရက်ကတော့ စာမျက်နှာ၁၃ခုပါတဲ့ ဥရောပစူပါလိဂ်မူကြမ်းကို သဘောကျနေပေမယ့် တကယ်လို့ဖြစ်မြောက်ခဲ့ရင် 2021ခုနှစ်ကစပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါဝင်ဖို့အခက်အခဲတွေရှိနိုင်ပါတယ်။ဒီလိဂ်ဟာ ချန်ပီယံလိဂ်ထက်အဆင့်မနိမ့်စေရပဲနှစ်၂၀အတွင်း အကျိုးမယုတ်စေရဘူးလို့ တည်ထောင်မယ့် ၁၁သင်းဟာ အာမခံခဲ့ပါတယ်။

နောက်ထပ်အစဦးအဖွဲ့ဝင်ငါးသင်းကတော့ အေတီကို, ဒေါ့မွန် ,မာဆေး ,အင်တာမီလန်,ရိုမားတို့ဖြစ်နိုင်ပြီး စပါးနဲ့အဲဗာတန်ကိုလည်း ဖိတ်ခေါ်ဖို့ရှိနေပါတယ်။စတင်တည်ထောင်မယ့် ၁၁သင်းဟာ စပိန်မှာမှတ်ပုံတင်ဖို့ရှိနေပြီး ရီးရဲက18%,ဘာစီ17% ယူနိုက်တက်12% ဘိုင်ယန်8% အသီးသီး ပိုင်ဆိုင်သွားဖို့ရှိနေပါတယ်။Spiegelရဲ့အဆိုအရတော့စာချုပ်ချုပ်ဆိုမှုတွေမှာ UEFAကို ဖိတ်ခေါ်သွားမှာမဟုတ်ပါဘူး။အစီအစဉ်နဲ့ပတ်သတ်ပြီး ဒေါ့မွန်CEOက''ဒီမှာ ဥရောပထိပ်တန်းကလပ်တွေလွတ်လွတ်လပ်လပ်ပါဝင်ကစားနိုင်ပါတယ်။ဒါပေမယ့် အခြေအနေတွေက ခိုင်မာမှုမရှိသေးပါဘူး''လို့ဆိုခဲ့ပါတယ်။ဥရောပစူပါလိဂ်အစီအစဉ်အတွက် ၂၀၁၆ခုနှစ်က အင်္ဂလန်ထိပ်သီးကလပ်၅သင်းနဲ့အတူစတင်ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါဟာသူ့ရဲ့ စပယ်ရှယ်စိတ်ကူးဖြစ်တယ်လို့ Spiegelက ဝင့်ကြွားစွာထုတ်ဖော်ခဲ့ပါတယ်။ပြိုင်ပွဲကို အမေရိက မှာလည်းကစားမှာဖြစ်တာကြောင့် ဥရောပရဲ့ပါဝါမြင့်အသင်းတွေနဲ့ မေဂျာလိဂ်ကလပ်တွေ မိတ်ဖက်ဖြစ်လာဖို့လည်းရှိနေပါတယ်။ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ တကယ်လို့နိုင်ငံတကာစည်းမျဉ်းတွေနဲ့မညီရင်ချန်ပီယံလိဂ်ကရောဘွန်ဒစ်လီဂါကပါထွက်ရနိုင်တဲ့အခြေအနေကြောင့်ဆွေးနွေးမှုတွေကို လျှိုဝှက်သာလုပ်ဆောင်လိုတာဖြစ်ပါတယ်။

UEFAကတော့ ဒါဟာ ချမ်းသာတဲ့ကလပ်တွေကိုပဲပိုမိုကြွယ်ဝလာစေမယ့်အိမ်မက်ဖြစ်တယ်လို့ယူဆနေပါတယ်။မက်ဒရစ်ကတော့စူပါလိဂ်အတွက်စိတ်ဝင်စားမှုအနည်းငယ်သာရှိပြီး ဘိုင်ယန်ကတော့သောကြာနေ့ညကတွေ့ဆုံခဲ့တယ်ဆိုတဲ့အပေါ် ငြင်းဆန်ထားပါတယ်။ပရီးမီးယားလိဂ်ကလပ်တွေကတော့ မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပေမယ့် နောက်ကွယ်ကဇာတ်လမ်းတွေကတော့ဆက်ရှိနေဆဲပါပဲ။

No comments

Powered by Blogger.