Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
နည်းပြမော်ရင်ဟိုက အသင်းဟာ အဆင့်၎အတွင်းမှာရှိနေတာမဟုတ်တဲ့အတွက် ချန်ပီယံအကြောင်းပြောဖို့ ဆိုတာမဖြစ်နိုင်ကြောင်းပြောကြားလိုက်ပါတယ်။
(Unicode)
ယနေ့ညဘုန်းမောက်ပွဲနဲ့မတိုင်ခင်ယူနိုက်တက်အသင်းရဲ့နောက်ဆုံးရသတင်းများ
နည်းပြမော်ရင်ဟိုက အသင်းရဲ့လူငယ်တိုက်စစ်မှူးမာကပ်စ်ရပ်ဖို့ဒ်အပေါ်ဖိအားတွေအများကြီးရှိနေတယ်လို့ပြောကြားလိုက်ပါတယ်။ “ သူ့အပေါ်မှာ လူတွေအားလုံးရဲ့ဖိအားအနည်းငယ်သာရှိမယ်ဆိုရင် သူလုပ်ပြနိုင်တာတွေကိုအစွမ်းကုန်လုပ်ပြနိုင်ပါတယ်။အခုတော့သူ့အပေါ်မှာဖိအားတွေအများကြီးရှိနေပါတယ်။သူဟာတိုးတက်လာတဲ့လူငယ်လေးပါ။”
နည်းပြမော်ရင်ဟိုက အသင်းရဲ့တောင်ပံကစားသမားမာရှယ်ကိုစာချုပ်သစ်ချုပ်ဆိုဖို့ယူနိုက်တက်အသင်းကိုတိုက်တွန်းထားလိုက်ပြီးမာရှယ်ကိုအသင်းမှာဆက်ရှိနေစေလိုကြောင်းဆိုလိုက်ပါတယ်။
နည်းပြမော်ရင်ဟိုက အသင်းဟာ အဆင့်၄အတွင်းမှာရှိနေတာမဟုတ်တဲ့အတွက် ချန်ပီယံအကြောင်းပြောဖို့ဆိုတာမဖြစ်နိုင်ကြောင်းပြောကြားလိုက်ပါတယ်။
ဘုန်းမောက်အသင်းရဲ့ နောက်ခံကစားသမား ဆိုင်မွန်ဖရန်စစ်က ၎င်းတို့အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကြောက်ရွံ့နေစရာဘာမှမရှိဘူးလို့ ယုံကြည်နေပြီး ဘုန်းမောက်အသင်းကတောင် အနိုင်ရရှိဖို့ ပိုမိုရေပန်းစားနေတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂိုးသမားရိုမဲရိုက အသင်းတောင်ပံကစားသမားမာရှယ်ရဲ့ဘောလုံးအထိန်းအသိမ်းဟာ ဘော်လွန်ဒီအော်၅ကြိမ်ဆုရ မက်ဆီလို ပဲလို့ချီးကျုးပြောကြားသွားခဲ့ပါတယ်။
နယူးကာဆယ်အသင်းနဲ့ပွဲအပြီးမှာ ကင်မရာကို ဒေါသတကြီး ကြည့်ပြီးမော်ရင်ဟိုတစ်ယောက်ပြောကြားခဲ့သော်လည်း FA ရဲ့တစ်စုံတစ်ရာအရေးယူကြီးမခံရတော့တဲ့အတွက် မော်ရင်ဟိုက “ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာကို ထိခိုက်အောင်ပြောကြားခဲ့ခြင်းမရှိပါကြောင်း။” ဆိုလိုက်ပါတယ်။
Post a Comment