လီဗာပူးလ်စတားတစ်ယောက်ကိုခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့PSG အသင်း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လီဗာပူးလ်စတားတစ်ယောက်ကိုခေါ်ယူဖို့ရှိနေတဲ့PSG အသင်း
သောမတ်တူချယ်ရဲ့PSGအသင်းဟာ လီဂူး1မှာ ထိပ်ဆုံးကဦးဆောင်နေသလို14ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးပါဘူး။ဒါ့အပြင့် ဒုတိယနေရာက လိုင်ယွန်အသင်းကို15မှတ်ဖြတ်ဦးဆောင်နေပါတယ်။ဒီလိုပုံစံကောင်းတွေရနေပေမယ့် တူချယ်ကတော့ ချန်ပီယံလိဂ်မှာပါလွှမ်းမိုးနိုင်ဖို့ ကွင်းလယ်အင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။
သတင်းတွေအရတော ကွင်းလယ်နေရာအတွက် ဖာဘင်ဟိုကို ဇန်နဝါရီအပြောင်းရွေ့ကာလမှာ ခေါ်ယူလိုနေတာဖြစ်ပါတယ်။မိုနာကိုကနေပြောင်းရွေ့လာတဲ့ ဒီဘရာဇီးသားဟာ ဂျာဂျင်ကလော့လက်အောက်မှာ ပုံမှန်နေရာပျောက်ဆုံးနေပါတယ်။
သို့ပေမယ့် ကလော့ကတော့ ဖာဘင်ဟိုကို ရောင်းရန်မဟုတ်လို့ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။ဒါကြောင့်PSGအသင်းက ဆောင်းဈေးကွက်မှာ အငှားနဲ့ခေါ်ယူပြီး ရာသီကုန်မှ ပေါင်၄၄.၃သန်းနဲ့ အပြီးသတ်စာချုပ်ချုပ်နိုင်ဖို့ ဆွေးနွေးလိုနေပါတယ်။ဒီနေ့ညမှာတော့ အုပ်စုတက်ရေးအတွက် PSGနဲ့လီဗာပူးတို့ရဲ့ပြင်းထန်တဲ့အားပြိုင်မှုကိုတွေ့ရမှာပါ။ ဒါကြောင့် ဖာဘင်ဟိုရဲ့အပြောင်းရွေ့သတင်းဟာ PSGတကယ်အလိုရှိနေတာလား။တူချယ်ရဲ့စကားစစ်ထိုးမှုတစ်ရပ်လားဆိုတာစဉ်းစားစရာပါပဲ။
Post a Comment