Header Ads


၂၀၁၇ ခ်န္ပီယံလိပ္ဖိုုင္နယ္ပြဲအတြက္ေဆးစစ္ရာေဆးက်ခဲ့တယ္လိုု ့စြပ္စြဲခံေနရတဲ့ရာမိုု ့စ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေဘာလံုးေလာကရဲ႕ေနာက္ဆံုးေပၚထြက္လာတဲ့လ်ိဳဝွက္သတင္းမ်ားအရ ရီးရဲလ္အသင္းကစားသမားဆာဂ်္ိယိုရာမို႔စ္ဟာ၂၀၁၇ခုႏွစ္ခ်နိပီယံလိဂ္ဖိုင္နယ္ပြဲစဥ္အတြက္ေဆးစစ္ရာေဆးက်ခဲ့တယ္လို႔စြပ္စြဲခံေနရပါတယ္။ဒီသတင္းနဲ့အတူPSGအသင္းႏွင့္မန္စီးတီးတို႔သတင္းကလည္း အၿပိဳင္စိတ္ဝင္စားေစခဲ့ပါတယ္။


ရီးရဲလ္မက္ဒရစ္အသင္းဟာခ်န္ပီယံလိဂ္၃ႀကိမ္ဆက္တိုက္ရယူႏိုင္ခဲ့ပါတယ္။ထိုေအာင္ျမင္မႈရဲ႕ေနာက္ကြယ္မွာ အဓိကလူ၃ဦးသာ႐ွိေနပါတယ္။သူတို႔ကေတာ့အသင္းရဲနည္းျပေဟာင္းဇီဒန္း ႐ိုနယ္လ္ဒို ႏွင့္အသင္းေခါင္းေဆာင္ရာမို႔စ္တို႔ပဲျဖစ္ပါတယ္။႐ိုနယ္လ္ဒိုႏွင့္ဇီဒန္းတို႔ကေတာ့အသင္းမွထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့၃ရာသီစလံုးမွာရီးရဲလ္အသင္းက အက္သလက္တီကိုအသင္း ဂ်ဴဗင္တပ္အသင္း လီဗာပူးလ္အသင္းတို႔ႏွင့္ေတြ႔ဆံုခဲ့ၿပီးအႏိုင္ပိုင္းကာဖလားသံုးႀကိမ္ဆက္ရယူထားပါတယ္။

ရာမို႔စ္က အက္သလက္တီကိုအသင္း ႏွင့္ေတြဆံုယွဥ္ၿပိဳင္ခဲ့တဲ့၂၀၁၆ခုႏွစ္ဗိုလ္လုပြဲတုန္းကအသင္းအတြက္ဂိုုးသြင္းယူေပးခဲ့ၿပီး ၂၀၁၇ဂ်ဴဗင္တပ္၊၂၀၁၈ လီဗာပူးလ္အသင္းတို႔ႏွငိ့ေတြ႔ဆံုခဲ့တဲ့ ဗိုလ္လုပြဲမွာလည္းအသင္းႏွင့္အတူအႏိုင္ရလဒ္ရယူႏိုင္ခဲ့ကာ ေအာင္ျမင္မႈသရဖူေဆာင္းႏိုင္ခဲ့ပါတယ္။

လီဗာပူးအသင္းႏွင့္ေတြဆံုခဲ့တဲ့အဆုိပါဗို္ိလ္လုပြဲစဥ္မွာ ရာမို႔စ္က လီဗာပူးလ္အသင္းအဓိကကစားသမား ဆာလာကိုတမင္လွဲခ်ိဳးသကဲ့သိုလုပ္ေဆာင္ကာဒဏ္ရာေပးခဲ့တာေၾကာင့္လီဗာပူးလ္အသင္းရဲ႕ပရိသတိေတြရဲ႕အမုန္းတရားကိုအျပည့္အဝရ႐ွိခံစားေနရသူတစ္ဦးလည္းျဖစ္ပါတယ္။အဆိုပါပြဲစဥ္မွာလီဗာပူးလ္အသင္းဂိုးသမားရဲ႕မဟာအမွား၂ခုေေၾကာင့္ရီးရဲလ္အသင္းက၃နွစ္ဆက္ေအာင္ျမင္မႈဆက္တိုက္ရ႐ွိဖို႔ေသခ်ာေစခဲ့ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ရာမို႔စ္က ေတာ့ ဂ်ဴဗင္တပ္စ္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ခ်နိပီယံလိဂ္ဗိုလ္လုပြဲမတိုငိခင္ေဆးစစ္မႈမွာေဆးက်ခဲ့ပါတယ္။ဒီကိစၥဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ကဖုံးကြယ္ထားခဲ့ပါတယ္။အဆုိပါကိစၥကိုဂ်ာမန္သတင္းစာတစ္ခုျဖစ္တဲ့Der Spiegelကေဖာက္သည္ခ်ေဖာ္ထုတ္လိုက္ပါတယ္။
"The Seibersdorfဓာတ္ခြဲခန္းရဲ႕လက္ေထာက္အရာ႐ွိကေဆးစစ္မႈမွတ္တမ္းကို ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕အေျခစိုက္ရာရံုးခန္းကိုေပးပို႔ခဲ့ပါတယ္။အေၾကာင္းကေတာ့UEFAအေနႏွင့္သိသင့္သိထိုက္တယ္ဆိုတဲ့အသိျဖင့္ေပးပို႔ခဲ့ပါတယ္။ေဆးစစ္မႈရဲ႕မွတ္တမ္းအရ dexamethasone ဓာတ္ေပါင္းတစ္မ်ဳိးကိုေတြ႔႐ွိခဲ့ၿပီးအဆိုပါဓာတ္ေပါင္းဟာ အဆစ္အျမစ္ေယာင္ယမ္းျခင္းကိုသက္သာေစကာနာက်င္မႈေပ်ာက္ေစသည့္
ဓာတ္ေပါင္းျဖစ္ပါတယ္။” 


အဆုိပါdexamethasoneကိစၥကိုဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ကခ်ိတ္ပိတ္ပင္ထားပါတယ္။သူတို႔ရဲ႕စည္းမ်ည္းစည္းကမ္းေတြကိုခ်ိဳးေဖာက္ခဲ့ေသာ္လည္းကစားသမားသို့မဟုတ္အသင္းရဲ့ဆရာဝန္အေပၚအေရးယူျခင္းမ႐ွိပါဘူး။ဒီကိစၥကေဘာလံုးေလာကမွာျဖစ္ေနၾကကိစၥတစ္ခုျဖစ္ၿပီးUEFAကမသိက်ိဳးကြၽံလုပ္ကာျပဳလုပ္ထားပါတယ္။ဥေရာပေဘာလံုးေလာကမွာျဖစ္ေပၚေနတဲ့တားျမစ္ေဆးကိစၥတိုက္ပြဲကို ေဘာလံုးအဖြဲခ်ဳပ္အေနႏွင့္အားေပးလိုျခင္းမ႐ွိတဲ့သေဘာကိုေဆာင္ေနပါတယ္။


ေနာက္တစ္ခုကေတာ့UEFAအေနႏွငိ့မန္စီးတီးႏွင့္PSG အသင္းတို႔ရဲ႕အသင္းဘ႑ာေရးစည္းကမ္းခ်ိဳးေဖာကိမႈကိုေရေရရာရာအေရးယူဖို႔မ႐ွိေသးဘူးလို႔သိရပါတယ္။

(Unicode)

၂၀၁၇ ချန်ပီယံလိပ်ဖိုင်နယ်ပွဲအတွက်ဆေးစစ်ရာဆေးကျခဲ့တယ်လို့စွပ်စွဲခံနေရတဲ့ရာမို့စ်


ဘောလုံးလောကရဲ့နောက်ဆုံးပေါ်ထွက်လာတဲ့လျိုဝှက်သတင်းများအရ ရီးရဲလ်အသင်းကစားသမားဆာဂျိယိုရာမို့စ်ဟာ၂၀၁၇ခုနှစ်ချနိပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အတွက်ဆေးစစ်ရာဆေးကျခဲ့တယ်လို့စွပ်စွဲခံနေရပါတယ်။ဒီသတင်းနဲ့အတူPSGအသင်းနှင့်မန်စီးတီးတို့သတင်းကလည်း အပြိုင်စိတ်ဝင်စားစေခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာချန်ပီယံလိဂ်၃ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ထိုအောင်မြင်မှုရဲ့နောက်ကွယ်မှာ အဓိကလူ၃ဦးသာရှိနေပါတယ်။သူတို့ကတော့အသင်းရဲနည်းပြဟောင်းဇီဒန်း ရိုနယ်လ်ဒို နှင့်အသင်းခေါင်းဆောင်ရာမို့စ်တို့ပဲဖြစ်ပါတယ်။ရိုနယ်လ်ဒိုနှင့်ဇီဒန်းတို့ကတော့အသင်းမှထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့၃ရာသီစလုံးမှာရီးရဲလ်အသင်းက အက်သလက်တီကိုအသင်း ဂျူဗင်တပ်အသင်း လီဗာပူးလ်အသင်းတို့နှင့်တွေ့ဆုံခဲ့ပြီးအနိုင်ပိုင်းကာဖလားသုံးကြိမ်ဆက်ရယူထားပါတယ်။

ရာမို့စ်က အက်သလက်တီကိုအသင်း နှင့်တွေဆုံယှဉ်ပြိုင်ခဲ့တဲ့၂၀၁၆ခုနှစ်ဗိုလ်လုပွဲတုန်းကအသင်းအတွက်ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၁၇ဂျူဗင်တပ်၊၂၀၁၈ လီဗာပူးလ်အသင်းတို့နှငိ့တွေ့ဆုံခဲ့တဲ့ ဗိုလ်လုပွဲမှာလည်းအသင်းနှင့်အတူအနိုင်ရလဒ်ရယူနိုင်ခဲ့ကာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းနှင့်တွေဆုံခဲ့တဲ့အဆိုပါဗိိုလ်လုပွဲစဉ်မှာ ရာမို့စ်က လီဗာပူးလ်အသင်းအဓိကကစားသမား ဆာလာကိုတမင်လှဲချိုးသကဲ့သိုလုပ်ဆောင်ကာဒဏ်ရာပေးခဲ့တာကြောင့်လီဗာပူးလ်အသင်းရဲ့ပရိသတိတွေရဲ့အမုန်းတရားကိုအပြည့်အဝရရှိခံစားနေရသူတစ်ဦးလည်းဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာလီဗာပူးလ်အသင်းဂိုးသမားရဲ့မဟာအမှား၂ခုေကြောင့်ရီးရဲလ်အသင်းက၃နှစ်ဆက်အောင်မြင်မှုဆက်တိုက်ရရှိဖို့သေချာစေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရာမို့စ်က တော့ ဂျူဗင်တပ်စ်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ချနိပီယံလိဂ်ဗိုလ်လုပွဲမတိုငိခင်ဆေးစစ်မှုမှာဆေးကျခဲ့ပါတယ်။ဒီကိစ္စဥရောပဘောလုံးအဖွဲ့ချုပ်ကဖုံးကွယ်ထားခဲ့ပါတယ်။အဆိုပါကိစ္စကိုဂျာမန်သတင်းစာတစ်ခုဖြစ်တဲ့Der Spiegelကဖောက်သည်ချဖော်ထုတ်လိုက်ပါတယ်။
"The Seibersdorfဓာတ်ခွဲခန်းရဲ့လက်ထောက်အရာရှိကဆေးစစ်မှုမှတ်တမ်းကို ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အခြေစိုက်ရာရုံးခန်းကိုပေးပို့ခဲ့ပါတယ်။အကြောင်းကတော့UEFAအနေနှင့်သိသင့်သိထိုက်တယ်ဆိုတဲ့အသိဖြင့်ပေးပို့ခဲ့ပါတယ်။ဆေးစစ်မှုရဲ့မှတ်တမ်းအရ dexamethasone ဓာတ်ပေါင်းတစ်မျိုးကိုတွေ့ရှိခဲ့ပြီးအဆိုပါဓာတ်ပေါင်းဟာ အဆစ်အမြစ်ယောင်ယမ်းခြင်းကိုသက်သာစေကာနာကျင်မှုပျောက်စေသည့်
ဓာတ်ပေါင်းဖြစ်ပါတယ်။” 


အဆိုပါdexamethasoneကိစ္စကိုဥရောပဘောလုံးအဖွဲ့ချုပ်ကချိတ်ပိတ်ပင်ထားပါတယ်။သူတို့ရဲ့စည်းမျည်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့သော်လည်းကစားသမားသို့မဟုတ်အသင်းရဲ့ဆရာဝန်အပေါ်အရေးယူခြင်းမရှိပါဘူး။ဒီကိစ္စကဘောလုံးလောကမှာဖြစ်နေကြကိစ္စတစ်ခုဖြစ်ပြီးUEFAကမသိကျိုးကျွံလုပ်ကာပြုလုပ်ထားပါတယ်။ဥရောပဘောလုံးလောကမှာဖြစ်ပေါ်နေတဲ့တားမြစ်ဆေးကိစ္စတိုက်ပွဲကို ဘောလုံးအဖွဲချုပ်အနေနှင့်အားပေးလိုခြင်းမရှိတဲ့သဘောကိုဆောင်နေပါတယ်။

နောက်တစ်ခုကတော့UEFAအနေနှငိ့မန်စီးတီးနှင့်PSG အသင်းတို့ရဲ့အသင်းဘဏ္ဍာရေးစည်းကမ်းချိုးဖောကိမှုကိုရေရေရာရာအရေးယူဖို့မရှိသေးဘူးလို့သိရပါတယ်။

No comments

Powered by Blogger.