Header Ads


ဂရစ္ဇမန္းကိုု အရူးလုုပ္ခဲ့တဲ့ လီယြန္နယ္မက္ဆီ




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








(Unicode)

ဂရစ်ဇမန်းကို အရူးလုပ်ခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာဘောလုံးကစားရာမှာအလိမ်အခေါက်အထိန်းအသိမ်းသေသပ်ကာ အရည်အချင်းအပြည့်အဝရှိသူလည်းဖြစ်ပါတယ်။မကြာသေးတဲ့ကာလက အက်သလက်တီကိုအသင်း ကစားသမား ဂရစ်ဇမန်းနှင့်ဘောလုံးကွင်းထဲမှာထိပ်တိုက်တွေ့ခဲ့ပြီးမက်ဆီကသူရဲ့အရည်အချင်းအချို့ကိုပြသခဲ့တာကြောင့်ဂရဇ်မန်းကိုငေးကြောင်ပြီးကျန်ရစ်စေခဲ့ပါတယ်။

ရွှေဘောလုံး၅ဆုရှင်မက်ဆီက ကမ္ဘာဖလားဆုရှင်ပြင်သစ်သားဂရဇ်မန်းပေါင်ကြားမှဘောလုံးထုတ်ယူကာ မထင်မှတ်ထားတဲ့အကွက်တွေပြကာရူးသွပ်စေခဲ့ပါတယ်။အက်သလက်တီကိုအသင်းတိုက်စစ်မှုးကြီးကိုအိမ်မှာပစ္စည်းကျန်ခဲ့တဲသူတစ်ယောက်လို ငေးမောစေလောက်အောင်မက်ဆီကခြေစွမ်းပြသသွားပါတယ်။ခြေစွမ်းပြကစားသွားနိုင်ခဲ့ပါတယ်။

ဒီနှစ်သင်းစလုံးက အဝေးကွင်းရမှတ်တွေကိုမြိုခံအသင်းတွေဆီကသိမ်းပိုက်ထားကြပြီးအဆိုပါပွဲစဉ်မှာ ဒမ်ဘီလီရဲ့ရင်သပ်ရှိုက်မောဖွယ်ဂိုးနှင့်အနိုင်ရရှိထားခဲ့ပါတယ်။ ဒီလိုပုံစံတွေကနှစ်သင်းတွေ့ဆုံမှုမြိုင်ဆိုင်တိုင်းဖြစ်ပျက်ကြုံကြိုက်လေ့ရှိပါတယ်။

ဒါပေမယ့်ဒီအဖြစ်အပျက်မှာမက်ဆီနှင့်ဂရဇ်ဇမန်းကြားမှာဖြစ်ပျက်ခဲ့ပြီး အန်တိုနီယို ဂရဇ်ဇမန်းအနေနှင့်ဘယ်ကိုကြည့်လို့ကြည့်ရမှန်းကိုမသိဖြစ်သွားခဲ့ရပါတယ်။အွန်လိုင်းပေါ်မှာလည်းဂရဇ်ဇမန်းရဲ့အဖြစ်အပျက်ကရယ်စရာနောက်စရာဖြစ်လျက်ရှိနေပါတယ်။

No comments

Powered by Blogger.