Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
“ တူရင်ဟာကျွန်တော့်အိမ်ပါ”လို့ဆိုလိုက်ပြန်တဲ့ပေါလ်ပေါ့ဘာ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိပ်အုပ်စုဒုတိယအကျော့ဖြင့်တွေ့ဆုံရမယ့် အသင်းဟောင်းဂျူဗင်တပ်စ်အသင်းရဲ့အိမ်ကွင်းဆီသွားကစားရဖို့စိတ်လှုပ်ရှားနေပါတယ်။ “ တူရင်ဟာ ကျွန်တော့်အိမ်ပါ”
ပြင်သစ်သားဟာ ၂၀၁၆ မှာ တူရင်ကလပ်ကိုစွန့်ခွာခဲ့ပြီး အိုထရက်ဖို့ဒ်ဆီပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း သူ့ကစားသမားဘ၀ ရင့်ကျက်လာတဲ့အချိန်ထိ ဂျူဗင်မှာကစားခဲ့ရတဲ့အပေါ်ကျေးဇူးတင်နေပါတယ်။
“ ကျွန်တော်ဒါကို မေ ျှာ်မှန်းနေတာပါ။” လို့ပေါ့ဘာက အဆိုပါမဲခွဲတွေ့ဆုံမှုနဲ့ပတ်သတ်ပြီး RMC Sport ကို ပြောကြားခဲ့ပါတယ်။ “ ဒါကတကယ့်ကို ရူးသွပ်စရာပါပဲ။ဒီနွေရာသီတုန်းကတောင်ကျွန်တော့်အကိုကိုပြောပြဖြစ်သေးတယ်။ဂျူဗင်နဲ့တစ်အုပ်စုထဲကျမယ်လို့စဉ်းစားကြည့်စမ်းလို့ပြောခဲ့ပါသေးတယ်။ကျွန်တော့်အတွက် တကယ်ကောင်းခဲ့ပါတယ်။တူရင်ဟာကျွန်တော့်အိမ်ပါပဲ။အဲ့နေရာက ကျွန်တော့်ရဲ့ပရိုကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့တဲ့နေရာပေါ့။ကွာဒရာဒို၊ဒိုင်ဘာလား၊ဘိုနူချီ သူတို့တွေနဲ့အခုထိစကားပြောနေတုန်းပါ။ပေါင်းသင်းဆက်ဆံနေတုန်းပါပဲ။ကျွန်တော်တို့တွေဟာမိသားစုတွေလိုပါပဲ။ဒါကြောင့် ကျွန်တော်တို့အခုထိဆက်ဆံရေးတွေရှိနေတာပေါ့။ခင်ဗျားဟာ ပီယာလို၊ဘူဖွန်၊ချီလီနီလို ကစားသမားတွေနဲ့ဘေးမှအတူရှိခဲ့ရရင် နေ့တိုင်း လေ့ကျင့်ခန်းအစီးအစဉ်မှာသင်ယူနိုင်ပါတယ်။ခင်ဗျားဟာတကယ့်ကစားသမားတစ်ယောက်ဖြစ်နေရင်တောင်မှ သူတို့လို ဘဲကြီးတွေဆီက ခင်ဗျားအမြဲတမ်းသင်ယူနိုင်ပါတယ်။”
Old Lady အသင်းမှာပေါ့ဘာတစ်ယောက်သံယောဇဉ်မပြတ်နိုင်သေးသော်လည်း အဆိုပါပွဲမှာ ၃မှတ်ရဖို့စိတ်အားထက်သန်နေပါတယ်။ “ ချန်ပီယံလိပ်ဟာ ကျွန်တော့်ခေါင်းထဲအမြဲထားထားတဲ့ဖလားပါ။ရည်ရွယ်ချက်က နိုင်ပွဲရယူဖို့ပါ။” လို့ပြောကြားသွားခဲ့ပါတယ်။
Post a Comment