Header Ads


ဒီတစ္ပတ္ပရီးမီးယားလိပ္ပြဲၾကီးပြဲေကာင္းမ်ားအၿပီးလူေျပာမ်ားစရာအခ်က္မ်ား




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီတစ္ပတ္ပရီးမီးယားလိပ္ပြဲစဥ္မ်ားအၿပီးမွာေတာ့ ပရိတ္သတ္ေတြအတြက္ လူေျပာမ်ားစရာဒရမ္မာဇာတ္လမ္းေတြရိွလိုု ့ေနပါတယ္။မန္ခ်က္စတာစီးတီးအသင္းဟာသူတိုု ့ရဲ့မဟာၿပိဳင္ဘက္ယူနိုုက္တက္ကိုုဒါဘီမွာအနိုုင္ယူခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာအိမ္ကြင္းမွာအဲဗာတန္အသင္းကိုုသေရတစ္မွတ္ခြဲေ၀ေပးခဲ့ရၿပီး လီဗာပူးလ္အသင္းကေတာ့ ဖူလ္ဟမ္ကိုုအနိုုင္ယူနိုုင္ခဲ့ပါတယ္။ဟုုတ္ကဲ့ ဒီတစ္ပတ္ပရီးမီးယားလိပ္ပြဲစဥ္၁၂အၿပီးမွာေတာ့ လူေျပာမ်ားခဲ့တဲ့အခ်က္မ်ားရိွခဲ့ပါတယ္။




အကယ္၍မန္ခ်က္စတာယူနိုုက္တက္အသင္းဟာ ဒါဘီပြဲမွာသာေကာင္းေကာင္းကစားျပနိုုင္ခဲ့ရင္ ဒီရလဒ္ကိုု လက္ခံေပးလိုု ့ရပါတယ္။ဒါပင္မယ့္သူတိုု ့ေတြမစြမ္းေဆာင္နိုုင္ခဲ့ၾကပါဘူး။ရိုုးရိုုးရွင္းရွင္းပဲကစားရံုုသာကစားခဲ့ပါတယ္။သူတိုု ့ဟာပံုုစံေကာင္းျပနိုုင္ဖိုု ့အရည္အေသြးအရမလံုုေလာက္ခဲ့ပါဘူး။ယူႏိုုက္တက္ဟာ ၁၉၉၀-၉၁ခုုႏွစ္ေနာက္ပိုုင္းပရီးမီးယားလိပ္အဖြင့္ပြဲ၁၂ပြဲမွာ ၄ပြဲအထိရံႈးနိမ့္ထားတာဒီတစ္ၾကိမ္ပထမဆံုုးပါပဲ။၁၂ပြဲအၿပီး ဂိုုးျခားနားမႈမွာလည္း အနႈတ္ဘက္ေရာက္ေနတာဟာလည္းသူတိုု ့သမိုုင္းတစ္ေလ ွ်ာက္ပထမဆံုုးအၾကိမ္ျဖစ္လိုု ့ေနျပန္ပါတယ္။ဖူလ္ဟမ္အသင္းကေတာင္ဒီရာသီယူနိုုက္တက္အသင္းထက္ Cleansheet ပြဲပိုုမ်ားေနပါေသးတယ္။


ေဒးဗစ္ဒီဂီယာဟာၿပီးခဲ့တဲ့၂ရာသီအတြင္းတစ္ရာသီသြင္းဂိုုး၂၉ ထက္ပိုုၿပီး ခြင့္ျပဳထားျခင္းမရိွပါဘူး။ဒါပင္မယ့္ဒီနွစ္မွာေတာ့သူဟာ ဂိုုးေပါင္း၂၀အထိခြင့္ျပဳထားၿပီးသားျဖစ္ေနပါတယ္။ေမာ္ရင္ဟိုုနဲ ့ယူႏိုုက္တက္အတြက္ေတာ့ဒီဂီယာဟာနွစ္ခ်ိဳ ့၀ိုုင္ျဖစ္ေနပင္မယ့္အခုုခ်ိန္မွာေတာ့ တကယ္ေဆးခါးၾကီးျဖစ္ေနတာေတာ့အမွန္ပါပဲ။


မန္ေနဂ်ာတစ္ေယာက္ရဲ ့ေအာင္ျမင္ကိုုတိုုင္းတာတဲ့ေနရာမွာဆုုဖလားဘယ္၂လုံးရယူႏိုုင္ခဲ့သလိုုဆိုုတာကလည္း သိသာတဲ့နည္းလမ္းတစ္ခုပါပဲ။ဒါပင္မယ့္ မာယူဆီယိုုပိုုခ်က္တီနိုုကေတာ့ ကြဲျပားျခားနားတဲ့ဦးေဆာင္မႈေတြအေပၚအေကာင္းဆံုုးအလုုပ္လုုပ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။သူ ့ရဲ ့အၾကီးမားဆံုုးစြမ္းေဆာင္ရည္တစ္ခုုကေတာ့ လူငယ္ကစားသမားေလးေတြကိုုေကာင္းေကာင္းျပဳစုုၿပိဳးေထာင္ေပးနိုုင္တာပဲျဖစ္ပါတယ္။ၿပီးခဲ့တဲ့စေနေန ့ကပြဲမွာအသက္၂၀ အရြယ္ေနာက္ခံလူဂ်ဴရန္ဖိုု ့ဒ္က သူ ့ရဲ ့ဒုုတိယေျမာက္ပရီးမီးယားလိပ္ပြဲမွာ ၁ဂိုုးသြင္းယူခဲ့ပါတယ္။


သူ ့ရဲ ့ပထမဆံုုးပြဲျဖစ္တဲ့ ၀ုုလ္ဗ္နဲ ့ပြဲမွာ အမွားေတြနဲ ့လံုုးပန္းခဲ့ရပါတယ္။ဧည့္သည္အသင္းကိုု ပယ္နယ္တီ၂လံုုးအထိသူေပးခဲ့တာပါ။ဒါပင္မယ့္ပိုုခ်က္တီနိုုကေတာ့ သူ ့ကိုယံုုၾကည္မႈဆက္ေပးခဲ့ၿပီးေနာက္ပြဲမွာထပ္ကာ ဖိုု ့ဒ္ကိုုယံုုၾကည္မႈတိုုးသြားေစခဲ့ပါတယ္။ပိုုခ်က္တီနိုုဟာ နိုုင္ငံရဲ ့အေတာ္ဆံုုးလူငယ္ပ်ိဳးေထာင္ေရးနည္းျပတစ္ေယာက္အျဖစ္ခ်ီးက်ဴးသင့္ေနတာၾကာပါၿပီ။


လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိပ္မွာ Red Star Belgrade အသင္းကိုရံႈးနိမ့္ခဲ့ၿပီးေနာက္ေ၀ဖန္မႈမ်ားနွင့္ရင္ဆိုုင္ခဲ့ရပါတယ္။ဒါပင္မယ့္သူတိုု ့အသင္းဟာပရီးမီးယားလိပ္မွာရံႈးပြဲလံုး၀မရိွေသးပါဘူး။ဂ်ာဂန္ကေလာ့ရဲ ့ေရွ ့ဦးဗ်ဴဟာကစားကြက္တစ္ခုုျဖစ္တဲ့ အျပင္းစား ေရာ ့ခ္အထာခပ္ၾကမ္းၾကမ္းခပ္ျမန္ျမန္အင္တိုုက္အားတိုုက္ကစားတတ္တဲ့ ေနရာကေန ေဘာလံုုးပိုုင္ဆိုုင္မႈကိုုအေျခခံတဲ့ကစားကြက္ကိုုပိုုမိုုသံုုးစြဲလာတာေၾကာင့္ဂ်ာဂန္ကေလာ့အတြက္အရင္လိုုနိုုင္ပြဲေတြအလြယ္တကူမရွာေတြ ့နိုုင္ေတာ့အေသအခ်ာပါပဲ။


ဒါပင္မယ့္လည္းသူတိုု ့ရဲ ့လ ွ်ပ္စီးအရည္အေသြးကိုုေတာ့မေပ်ာက္ဆံုုးေသးပါဘူး။သူတိုု ့ဟာအေကာင္းဆံုုးပံုုစံမွာရိွေနဆဲပါပဲ။မီထရိုုဗစ္ရဲ့လူက်ြံေခါင္းတိုုက္ဂိုုးနဲ ့ဆာလာရဲ ့အဖြင့္ဂိုုးဟာ ၁၄စကၠန္ ့သာၾကာခဲ့ပါတယ္။တကယ့္ကိုုအမိုုက္စား Heavy Metal အသင္းၾကီးပါ။

ခ်ဲလ္ဆီးေနာက္ခံလူအက္စပတ္က်ဴတာဟာ အစြန္ေနာက္ခံလူေကာင္းတစ္ေယာက္ျဖစ္ၿပီးသူအရည္အေသြးဟာေမးခြန္းထုုတ္စရာအေၾကာင္းမရိွပါဘူး။သိုု ့ေသာ္လည္း သူဟာၿပီးခဲ့တဲ့ တနဂၤေႏြေန ့ကအဲဗာတန္နဲ ့ပြဲမွာေတာ့ အေရွ ့တက္မကစားရဲပဲအသင္းဘက္ျခမ္းမွာရိွေနလြန္းေနခဲ့ပါတယ္။ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ကစားရမာေက်ာတဲ့ အဲဗာတန္ကိုုျဖိဳခြင္းဖိုု ့အေတာ္ေလးခက္ခဲခဲ့တာပဲျဖစ္ပါတယ္။အသင္းေဖာ္ဘယ္အစြန္ေနာက္ခံလူမာကိုု ့စ္အလြန္ဆိုုေတာင္အေရွ ့ကိုုေကာင္းေကာင္းလိုုက္တက္ကစားနိုုင္ၿပီး ဂိုုးေတြေတာင္သြင္းလုုနီးပါးျဖစ္ခဲ့ပါတယ္။



အက္စပတ္က်ဴတာဟာ အသင္းတိုုက္စစ္ကစားေနတဲ့အခ်ိန္ေၾကာင္ေတာင္ေတာင္ျဖစ္ေနတတ္ပါတယ္။ျဖစ္နိုုင္ေခ်ရိွတာကေတာ့ သူဟာနွစ္အေတာ္ၾကာ ဘယ္အစြန္းေတြ ဗဟိုုေနာက္ခံလူေနရာအတြက္ လွည့္ကစားေနရတာေၾကာင့္လည္းျဖစ္နိုုင္ပါတယ္။သူဟာအေရးပါတဲ့ ေပးပိုု ့မႈေတြမျပဳလုုပ္နိုုင္ခဲ့သလို ဂိုုးေပါက္ကိုုခ်ိန္းေျခာက္နိုုင္ျခင္းလည္းမရိွပါဘူး။


နည္းျပအူနိုုင္းအမ္မရီလက္ေအာက္အာဆင္နယ္အသင္းျပန္လည္သက္၀င္နိုုးၾကားလာတာဟာ တကယ္ကိုုခ်ီးက်ဴးဖိုု ့ေကာင္းပါတယ္။ ၁၆ပြဲဆက္ရံႈးပြဲမရိွစံခ်ိန္ရေအာင္စြမ္းေဆာင္ျပထားတာကလည္းအာဆင္နယ္ပရိတ္သတ္ေတြအတြက္အေတာ္ေလးကိုေမ ွ်ာ္လင့္ခြင့္ေတြရွင္သန္လာေစခဲ့ပါတယ္။


ဒါပင္မယ့္လည္း ေနရာတိုုင္းမွာေတာ့ၿပီးျပည့္စံုုတယ္ဆိုုတာမရိွပဲအနည္းငယ္ေတာ့လြဲေခ်ာ္တတ္တာရိွစၿမဲပါ။၀ုုလ္ဗ္အသင္းကိုုေနာက္က်ေခ်ပဂိုးနဲ ့သေရက်သြားခဲ့တာကလည္း  ၃ပြဲဆက္ၿပိဳင္ပြဲစံုုအိမ္ကြင္းမွာသေရရလဒ္ေတြဆက္တိုုက္ရေနခဲ့တာပဲျဖစ္ပါတယ္။မခ္ခီတာရမ္ကေတာ့ မတ္လေနာက္ပိုုင္း ဂိုုးေပါက္ျပန္ေတြ ့ခဲ့တာပဲျဖစ္ပါတယ္။ဒါဟာျဖစ္သင့္ပါတယ္။အမ္မရီလည္းအဲ့လိုုေမ ွ်ာ္လင့္ေနမွာပါ။သူ ့အတြက္ယံုုၾကည္မႈေတြတိုုးသြားေစတာေပါ့။

(Unicode)

ဒီတစ်ပတ်ပရီးမီးယားလိပ်ပွဲကြီးပွဲကောင်းများအပြီးလူပြောများစရာအချက်များ

ဒီတစ်ပတ်ပရီးမီးယားလိပ်ပွဲစဉ်များအပြီးမှာတော့ ပရိတ်သတ်တွေအတွက် လူပြောများစရာဒရမ်မာဇာတ်လမ်းတွေရှိလို့နေပါတယ်။မန်ချက်စတာစီးတီးအသင်းဟာသူတို့ရဲ့မဟာပြိုင်ဘက်ယူနိုက်တက်ကိုဒါဘီမှာအနိုင်ယူခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာအိမ်ကွင်းမှာအဲဗာတန်အသင်းကိုသရေတစ်မှတ်ခွဲဝေပေးခဲ့ရပြီး လီဗာပူးလ်အသင်းကတော့ ဖူလ်ဟမ်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ ဒီတစ်ပတ်ပရီးမီးယားလိပ်ပွဲစဉ်၁၂အပြီးမှာတော့ လူပြောများခဲ့တဲ့အချက်များရှိခဲ့ပါတယ်။


အကယ်၍မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒါဘီပွဲမှာသာကောင်းကောင်းကစားပြနိုင်ခဲ့ရင် ဒီရလဒ်ကို လက်ခံပေးလို့ရပါတယ်။ဒါပင်မယ့်သူတို့တွေမစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ရိုးရိုးရှင်းရှင်းပဲကစားရုံသာကစားခဲ့ပါတယ်။သူတို့ဟာပုံစံကောင်းပြနိုင်ဖို့အရည်အသွေးအရမလုံလောက်ခဲ့ပါဘူး။ယူနိုက်တက်ဟာ ၁၉၉၀-၉၁ခုနှစ်နောက်ပိုင်းပရီးမီးယားလိပ်အဖွင့်ပွဲ၁၂ပွဲမှာ ၄ပွဲအထိရှုံးနိမ့်ထားတာဒီတစ်ကြိမ်ပထမဆုံးပါပဲ။၁၂ပွဲအပြီး ဂိုးခြားနားမှုမှာလည်း အနှုတ်ဘက်ရောက်နေတာဟာလည်းသူတို့သမိုင်းတစ်လေ ျှာက်ပထမဆုံးအကြိမ်ဖြစ်လို့နေပြန်ပါတယ်။ဖူလ်ဟမ်အသင်းကတောင်ဒီရာသီယူနိုက်တက်အသင်းထက် Cleansheet ပွဲပိုများနေပါသေးတယ်။


ဒေးဗစ်ဒီဂီယာဟာပြီးခဲ့တဲ့၂ရာသီအတွင်းတစ်ရာသီသွင်းဂိုး၂၉ ထက်ပိုပြီး ခွင့်ပြုထားခြင်းမရှိပါဘူး။ဒါပင်မယ့်ဒီနှစ်မှာတော့သူဟာ ဂိုးပေါင်း၂၀အထိခွင့်ပြုထားပြီးသားဖြစ်နေပါတယ်။မော်ရင်ဟိုနဲ့ယူနိုက်တက်အတွက်တော့ဒီဂီယာဟာနှစ်ချို့ဝိုင်ဖြစ်နေပင်မယ့်အခုချိန်မှာတော့ တကယ်ဆေးခါးကြီးဖြစ်နေတာတော့အမှန်ပါပဲ။


မန်နေဂျာတစ်ယောက်ရဲ့အောင်မြင်ကိုတိုင်းတာတဲ့နေရာမှာဆုဖလားဘယ်၂လုံးရယူနိုင်ခဲ့သလိုဆိုတာကလည်း သိသာတဲ့နည်းလမ်းတစ်ခုပါပဲ။ဒါပင်မယ့် မာယူဆီယိုပိုချက်တီနိုကတော့ ကွဲပြားခြားနားတဲ့ဦးဆောင်မှုတွေအပေါ်အကောင်းဆုံးအလုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အကြီးမားဆုံးစွမ်းဆောင်ရည်တစ်ခုကတော့ လူငယ်ကစားသမားလေးတွေကိုကောင်းကောင်းပြုစုပြိုးထောင်ပေးနိုင်တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေနေ့ကပွဲမှာအသက်၂၀ အရွယ်နောက်ခံလူဂျူရန်ဖို့ဒ်က သူ့ရဲ့ဒုတိယမြောက်ပရီးမီးယားလိပ်ပွဲမှာ ၁ဂိုးသွင်းယူခဲ့ပါတယ်။


သူ့ရဲ့ပထမဆုံးပွဲဖြစ်တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ အမှားတွေနဲ့လုံးပန်းခဲ့ရပါတယ်။ဧည့်သည်အသင်းကို ပယ်နယ်တီ၂လုံးအထိသူပေးခဲ့တာပါ။ဒါပင်မယ့်ပိုချက်တီနိုကတော့ သူ့ကိုယုံကြည်မှုဆက်ပေးခဲ့ပြီးနောက်ပွဲမှာထပ်ကာ ဖို့ဒ်ကိုယုံကြည်မှုတိုးသွားစေခဲ့ပါတယ်။ပိုချက်တီနိုဟာ နိုင်ငံရဲ့အတော်ဆုံးလူငယ်ပျိုးထောင်ရေးနည်းပြတစ်ယောက်အဖြစ်ချီးကျူးသင့်နေတာကြာပါပြီ။


လီဗာပူးလ်အသင်းဟာ ချန်ပီယံလိပ်မှာ Red Star Belgrade အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဒါပင်မယ့်သူတို့အသင်းဟာပရီးမီးယားလိပ်မှာရှုံးပွဲလုံးဝမရှိသေးပါဘူး။ဂျာဂန်ကလော့ရဲ့ရှေ့ဦးဗျူဟာကစားကွက်တစ်ခုဖြစ်တဲ့ အပြင်းစား ရော့ခ်အထာခပ်ကြမ်းကြမ်းခပ်မြန်မြန်အင်တိုက်အားတိုက်ကစားတတ်တဲ့ နေရာကနေ ဘောလုံးပိုင်ဆိုင်မှုကိုအခြေခံတဲ့ကစားကွက်ကိုပိုမိုသုံးစွဲလာတာကြောင့်ဂျာဂန်ကလော့အတွက်အရင်လိုနိုင်ပွဲတွေအလွယ်တကူမရှာတွေ့နိုင်တော့အသေအချာပါပဲ။


ဒါပင်မယ့်လည်းသူတို့ရဲ့လ ျှပ်စီးအရည်အသွေးကိုတော့မပျောက်ဆုံးသေးပါဘူး။သူတို့ဟာအကောင်းဆုံးပုံစံမှာရှိနေဆဲပါပဲ။မီထရိုဗစ်ရဲ့လူကျွံခေါင်းတိုက်ဂိုးနဲ့ဆာလာရဲ့အဖွင့်ဂိုးဟာ ၁၄စက္ကန့်သာကြာခဲ့ပါတယ်။တကယ့်ကိုအမိုက်စား Heavy Metal အသင်းကြီးပါ။




ချဲလ်ဆီးနောက်ခံလူအက်စပတ်ကျူတာဟာ အစွန်နောက်ခံလူကောင်းတစ်ယောက်ဖြစ်ပြီးသူအရည်အသွေးဟာမေးခွန်းထုတ်စရာအကြောင်းမရှိပါဘူး။သို့သော်လည်း သူဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကအဲဗာတန်နဲ့ပွဲမှာတော့ အရှေ့တက်မကစားရဲပဲအသင်းဘက်ခြမ်းမှာရှိနေလွန်းနေခဲ့ပါတယ်။ဒါကြောင့် ချဲလ်ဆီးအသင်းဟာ ကစားရမာကျောတဲ့ အဲဗာတန်ကိုဖြိုခွင်းဖို့အတော်လေးခက်ခဲခဲ့တာပဲဖြစ်ပါတယ်။အသင်းဖော်ဘယ်အစွန်နောက်ခံလူမာကို့စ်အလွန်ဆိုတောင်အရှေ့ကိုကောင်းကောင်းလိုက်တက်ကစားနိုင်ပြီး ဂိုးတွေတောင်သွင်းလုနီးပါးဖြစ်ခဲ့ပါတယ်။

အက်စပတ်ကျူတာဟာ အသင်းတိုက်စစ်ကစားနေတဲ့အချိန်ကြောင်တောင်တောင်ဖြစ်နေတတ်ပါတယ်။ဖြစ်နိုင်ချေရှိတာကတော့ သူဟာနှစ်အတော်ကြာ ဘယ်အစွန်းတွေ ဗဟိုနောက်ခံလူနေရာအတွက် လှည့်ကစားနေရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။သူဟာအရေးပါတဲ့ ပေးပို့မှုတွေမပြုလုပ်နိုင်ခဲ့သလို ဂိုးပေါက်ကိုချိန်းခြောက်နိုင်ခြင်းလည်းမရှိပါဘူး။


နည်းပြအူနိုင်းအမ်မရီလက်အောက်အာဆင်နယ်အသင်းပြန်လည်သက်ဝင်နိုးကြားလာတာဟာ တကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။ ၁၆ပွဲဆက်ရှုံးပွဲမရှိစံချိန်ရအောင်စွမ်းဆောင်ပြထားတာကလည်းအာဆင်နယ်ပရိတ်သတ်တွေအတွက်အတော်လေးကိုမေ ျှာ်လင့်ခွင့်တွေရှင်သန်လာစေခဲ့ပါတယ်။


ဒါပင်မယ့်လည်း နေရာတိုင်းမှာတော့ပြီးပြည့်စုံတယ်ဆိုတာမရှိပဲအနည်းငယ်တော့လွဲချော်တတ်တာရှိစမြဲပါ။ဝုလ်ဗ်အသင်းကိုနောက်ကျချေပဂိုးနဲ့သရေကျသွားခဲ့တာကလည်း  ၃ပွဲဆက်ပြိုင်ပွဲစုံအိမ်ကွင်းမှာသရေရလဒ်တွေဆက်တိုက်ရနေခဲ့တာပဲဖြစ်ပါတယ်။မခ်ခီတာရမ်ကတော့ မတ်လနောက်ပိုင်း ဂိုးပေါက်ပြန်တွေ့ခဲ့တာပဲဖြစ်ပါတယ်။ဒါဟာဖြစ်သင့်ပါတယ်။အမ်မရီလည်းအဲ့လိုမေ ျှာ်လင့်နေမှာပါ။သူ့အတွက်ယုံကြည်မှုတွေတိုးသွားစေတာပေါ့။

No comments

Powered by Blogger.