Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဂျူဗင်တပ်စ်ဆီပြန်လာချင်တယ်လို့ဖွင့်ဟပြောကြားလိုက်ပြီဖြစ်တဲ့နည်းပြဇီဒန်း
ဇီဒန်းဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးကြီးမားတဲ့ အရိပ်အမြွက်တစ်ခုကိုပြောချလိုက်ပြီးနောက်ဂျူဗင်တပ်စ်ပရိတ်သတ်တွေကိုမွှန်ထူစွဲလမ်းသွားအောင်ဖြစ်စေခဲ့ပြီပဲဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီလာဖို့ဒီနှစ်နွေရာသီမှာကြိမ်ဖန်များစွာသတင်းထွက်ပေါ်နေခဲ့တာဖြစ်သော်လည်း အခုချိန်မှာတော့သူဟာ Old Lady အသင်းကို မေ့နိုင်ပုံမရသေးပါဘူး။
CalcioMercato ရဲ့ဖော်ပြချက်အရ အသက် ၄၆နှစ်အရွယ်ပြင်သစ်သားဟာ YouTubr ချန်နယ်ဗီဒီယိုတစ်ခုဖြစ်တဲ့ Zeta 5 မှာ ပါဝင်ခဲ့ပြီး သူဟာ အီတလီရဲ့တူရင်ဆီသွားချင်တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ကြယ်ပွင့်ဟောင်းကြီးကသူဟာကလပ်အသင်းတွေနဲ့ကာလရှည်ကြာဝေးကွာနေမှာမဟုတ်ဘူးလို့အသိပေးစကားပန်ကြားလိုက်ပါတယ်။
“ မက်ဒရစ်ကလူတွေ မင်္ဂလာပါ။ခင်ဗျားတို့အားလုံးဟာအဆင်ပြေပါစေလို့မေ ျှာ်လင့်ဆုတောင်းပေးပါတယ်။ကျွန်တော်မကြာခင်ပြန်လာတော့မှာပါ။ခင်ဗျားတို့နဲ့အတူအချိန်တစ်ချို့ဖြတ်သန်းမှာပါ။ဂျူဗင်ကလူတွေအားလုံးကိုနှုတ်ဆက်ပါတယ်ဗျ။” လို့ပြောကြားခဲ့ပါတယ်။
Juventus Subreddit မှာဝင်ရောက်ရေးသားတဲ့အသုံးပြုသူပရိတ်သတ်တစ်ဦးကတော့ “ဇီဒန်းကဒါရိုက်တာ၊အယ်လီဂရီက မန်နေဂျာ တူရင်မှာတော့တွဲဖက်ညီသွားပြီ။” နောက်ထပ်တစ်ယောက်ကလည်း “ OMG ကျွန်တော်တို့အသင်းရဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာကတော့ အခုချိန်မှာဆွဲဆောင်မှုရှိသွားပြီ။” လို့ဆိုပြီး နောက်ထပ်တစ်ယောက်ကတော့ “ ဟာ ဒီလိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ထားမိဘူးဗျာ။” လို့ဆိုခဲ့ကြပါတယ်။
ချန်ပီယံလိပ်၃ကြိမ်ဆက်ရနည်းပြကြီးကတော့ ဂျူဗင်တပ်စ်အသင်းရဲ့နည်းစနစ်ဒါရိုက်တာရာထူးကို လက်ခံရယူနိုင်တယ်လို့ဆိုနေကြတာပဲဖြစ်ပါတယ်။
Post a Comment